early teens အရွယ်၊ အသက် (၁၂) အထက် အတွက် ဖတ်ရမယ့်စာအုပ်တွေ ထပ်ညွှန်းပေးပါ တဲ့။
early teens အရွယ်၊ အသက် (၁၂) အထက် အတွက် ဖတ်ရမယ့်စာအုပ်တွေ ထပ်ညွှန်းပေးပါ တဲ့။ အတန်းကြီးလာလေလေ အပြင်စာအုပ်စာပေ ပိုဖတ်သင့်လေလေပါ။ နည်းပညာတွေ သိပ္ပံတွေ့ရှိချက်တွေ နေ့စဉ်၊ နာရီနဲ့ အမျှ ပြောင်းလဲ တိုးတက်နေတဲ့အချိန်မှာ၊ ဘယ်သင်ရိုးမှ နေ့စဉ် လစဉ် update မလုပ်နိုင်သလို၊ လုပ်ဖို့ လည်း မလွယ်ကူလှပါဘူး။ နောက်တစ်ခု စာရိတ္တ၊ ရသ နဲ့ ဗဟုသုတ စာပေတွေဆိုတာ မနေ့ကပြောသလို မရှိမဖြစ် multivitamin ဖြည့်စွက်စာတွေပါ။ ဒါကြောင့်လည်း သင်ရိုးတွေဟာ တကယ့် စာအုပ်ကြီးတစ်အုပ်ရဲ့ မာတိကာမျှသာ ပဲလို့ ဆိုကြတာပါ။ တကယ့် အရည်ချင်းပြည့်တဲ့ စာသင် ဆရာတွေက စာသင်ကြရတဲ့အခါ သင်ရိုးထဲက သင်ခန်းစာကို မှီငြမ်းရုံ၊ Reference ယူရုံပဲ […]
ကလေးတွေကို ကျောင်းပြင်ပ အပိုချိန်တွေမှာ ဘာတွေ ဖတ်ခိုင်းသင့်သလဲတဲ့။
ကလေးတွေကို ကျောင်းပြင်ပ အပိုချိန်တွေမှာ ဘာတွေ ဖတ်ခိုင်းသင့်သလဲတဲ့။ စာဖတ်တဲ့ အကျင့်ဟာ မရှိမဖြစ် ဖြည့်စွက်စာပါပဲ။ ကျောင်းစာတွေ မတော်ပေမယ့် အပြင်စာပေ၊ ဗဟုသုတတွေ လိုက်စားတဲ့သူတွေ အများစုဟာ ဘဝမှာ အောင်မြင်တဲ့သူတွေ များကြတယ်။ ဘယ်လောက်ကောင်းတဲ့ကျောင်းတွေ မှာ ဘာတွေသင်သင်၊ ဘာတွေပဲတတ်တတ် တကယ့်လက်တွေ့ ဘဝတွေရဲ့ (၄၀)ရာခိုင်းမျှကိုတောင် တတ်သိဖို့ ခဲယဉ်းတယ်တဲ့။ ကျောင်းသင်ရိုးတွေဆိုတာ အပြင်မှာ ရှိနေတဲ့ အတတ်ပညာတွေရဲ့ မာတိကာ လောက်ကိုသာ ချပြနိုင်တာပါ။ ဒါကြောင့် တကယ်စာတတ်ပေတတ်၊ ပညာတတ်ကြီးတွေဖြစ်ဖို့ အပြင်စာအုပ်စာပေတွေဟာ ဂုရု ဆရာပေါင်းများစွာက သူတို့ဘဝနဲ့ယှဉ်ပြီး အသိပညာ၊ အတတ်ပညာတွေကို လက်တွေ့ အတွေ့ကြုံပေါင်းများစွာ နဲ့ ယှဉ်ထိုးပြီး ရေးထားကြလို့ စာအုပ်တစ်အုပ်တိုင်းဟာ သိပ်ကိုတန်ဘိုးကြီးမားလှတယ်။ အနည်းဆုံး တစ်လကို စာအုပ် တစ်အုပ်ကနေ သုံးလေးအုပ်ဖတ်နိုင်လေလေ […]
အင်တာနေရှင်နယ်စကူးလ်တော့ပြောင်းချင်ပါတယ်၊ ဒါပေမယ့် ပြည်ပကျောင်းတွေအထိတော့ သွားမတက်နိုင်ဘူးဆိုရင် ရော တဲ့။
အင်တာနေရှင်နယ်စကူးလ်တော့ပြောင်းချင်ပါတယ်၊ ဒါပေမယ့် ပြည်ပကျောင်းတွေအထိတော့ သွားမတက်နိုင်ဘူးဆိုရင် ရော တဲ့။ IGCSE ပြီးရင် နိုင်ငံတကာ ကျောင်းသွားကို သွားတက်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အနည်းဆုံးတော့ IGCSE ပြီးတာဟာ မြန်မာဆယ်တန်းပြီးသလိုပါပဲ။ ဒါပေမယ့် အင်္ဂလိပ် ဘာသာစကားနဲ့ သင်ရိုး၊ သင်ကြားမှုပညာရေးစနစ်အရ IGCSE ပြီးထားတဲ့ ကျောင်းသားတွေဟာ ဘာသာစကားပိုင်းနဲ့ Critical Thinking ပိုင်းမှာ ပိုသာတာတော့ သေချာပါတယ်။ ဒါ့အပြင် ပြည်တွင်း နိုင်ငံတကာကျောင်းတွေ တက်ပြီး၊ ဒီပလိုမာတွေ၊ ဒီဂရီတွေ ဆက်ယူနိုင်မယ်ဆိုရင်လည်း ပြည်ပအထိ အလုပ်သွားလုပ်နိုင်ကြတဲ့ သူတွေ ခုခေတ်မှာ အများကြီးပါ။ တကယ်တော့ မြန်မာဆယ်တန်းပဲပြီးလို့ဖြစ်ဖြစ်၊ GED, iGCSE ဘာနဲ့ အထက် တန်းပြီးပြီး၊ ပြည်တွင်းက နိုင်ငံတကာ ကောလိပ်လေးတွေပဲ တက်နိုင်၊ တက်နိုင် ၊ […]
ပညာရေးနဲ့ပါတ်သက်လို့ မိဘတွေလာမေးကြတိုင်း ဖြေရခက်တဲ့ မေးခွန်းတွေ ရှိတယ်။
ပညာရေးနဲ့ပါတ်သက်လို့ မိဘတွေလာမေးကြတိုင်း ဖြေရခက်တဲ့ မေးခွန်းတွေ ရှိတယ်။ ဘယ်ကျောင်းတက်ရမလဲ ဆိုတာရယ်၊ ဆရာ့မှာ ကျောင်းရှိလား ဆိုတာရယ်ပဲ ဘယ်ကျောင်းတက်ရမလဲ ဆိုတာကလည်း ဖြေရခက်တယ်။ သူများ ကျောင်းတွေ ညွှန်ပြန်တော့လည်း ကိုယ့်ကျောင်းမကောင်းလို့ထင်ကြအုံးမယ်။ ကိုယ့်မှာ ကျောင်းရှိတယ်၊ လာတက်ကြပါဗျာလို့ ခေါ်ပြန်တော့လည်း လာရင်တော့ တော်သေး၊ မလာရင် စိတ်ဆိုးရခက်။ အောင့်သက်သက်ကြီး။ တချို့မိဘတွေဆို ဆရာ့ကျောင်းမှန်းမသိခဲ့ဘူး။ ဆုပေးပွဲ တက်မှပဲ သိရဆိုပဲ။ ဒါကြောင့် ဘယ်တော့မှ ကိုယ့်မှာ ကျောင်းရှိတယ် ဆိုတာ မပြောဖြစ်သလို၊ ဘယ်ကျောင်းကောင်းပါတယ်လို့လဲ မညွှန်ခဲ့ပါဘူး။ အကောင်းဆုံးက ကျနော့်ကျောင်းရှိလို့ သိလို့ တက်မယ် ပဲ ဖြစ်ဖြစ် တခြား ကျောင်း တက်တာပဲ ဖြစ်ဖြစ်၊ တခြား ကျောင်းသားမိဘတွေရဲ့ Feedback တွေ နားထောင်ပြီးမှ တက်ပါ […]
ကလေးက Grade 6, ဒါပေမယ့် အသက်က ၁၄ ပြည့်တော့မယ်၊ အစိုးရကျောင်းပဲ ဆက်တက်ရမလား iGCSE ပဲ ပြောင်းတက်ရမလား တဲ့။
ခက်တာက iGCSE ကို အတန်းကျော်တက်တဲ့အခါ ပြဿနာရှိနိုင်ပါတယ်။ မြန်မာမိဘတွေ နားလည်လွယ်အောင်ပြောရရင်၊ အရင် (၇)တန်း၊ (၈)တန်းမှာ က Physics, Chemistry, Biology ဆိုပြီး သီးခြားခွဲမသင်ဘဲ သိပ္ပံ(Science) ဆိုပြီး သင်ကြတယ်။ အကယ်၍ ကလေးက (၇)တန်းကနေ အသက်ကြီးလို့ဆိုပြီး (၁၀)တန်းကို ကျော်တက်မယ်ဆိုရင် အဲဒီ Physics တွေ Chemistry တွေ ဘယ်လိုမှ စာ လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီသဘောပါပဲ IGCSE ကိုကျော်တက်မယ်ဆိုရင် ကလေးသင်ယူခဲ့တဲ့ အနည်းဆုံး သင်္ချာ ဘာသာရပ်တစ်ခုမှာတောင် လိုက်နိုင်ဖို့ ခက်ပါတယ်။ ဒီထက် IGCSE ဖြေလို့ အောင်မှတ်ရတယ်ထားအုံး။ တခြား ပြည်ပတက္ကသိုလ် တချို့က အကြောင်းတစ်ခုခုကြောင့် Academic Records အနေနဲ့ နောက်ကြောင်းပြန်တောင်းရင် […]
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
လွန်ခဲ့တဲ့လကပဲ ကိုယ်တွေ့အဖြစ်ပျက်လေး ရှိခဲ့ဖူးတယ်။ new year နှစ်သစ်မှာ ကျောင်းရက်ရှည် (၇)ရက် ပိတ်တာကို ကိုယ်က ဘာလို့ပိတ်ရသလဲ မမေးဘဲနဲ့ စိတ်ဆိုးဆိုးနဲ့ ကျောင်းရက်ရှည်ပိတ်တာကို ပယ်ဖျက်လိုက်တယ်။ ကိုယ်တွေကတော့ ဘာရယ်ဟုတ်ဘူး၊ ပိတ်နေကျ မဟုတ်တဲ့ အင်္ဂလိပ်နှစ်သစ်ကို ပိတ်ရကောင်းလားဆိုပြီး Admin တွေကို ကျိန်းလိုက်တာ။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ။ WORLD WAR 3 (တတိယကမ္ဘာစစ်) ဆိုပြီး ခေါင်းစဉ်နဲ့ သားတွေသမီးတွေက ညီညီညာညာနဲ့ ကျောင်း main hall ထဲ မှာ ဝိုင်းရေးတင်တယ်။ ကိုယ်က မနက်ကနေ ညအထိ သူတို့ Strike (ဆန္ဒ)ပြနေကြတာ မသိလိုက်ဘူး။ ကိုယ်က သတိမထားမိဘူးထင်တော့ ကိုယ့်ကိုယ်ပိုင်ဆိုရှယ်မီဒီယာပေါ်အထိ လာတင်ကြရော။ Year 3 (Grade […]
ကျောင်းတက်ဖို့ ကုန်ကျစရိတ်နဲ့ ရနိုင်တဲ့ လစာဝင်ငွေ
ကျောင်းတက်ဖို့ ကုန်ကျစရိတ်နဲ့ ရနိုင်တဲ့ လစာဝင်ငွေ US ဘက်မှာ အိုင်တီ သို့မဟုတ် Computing Science နဲ့ ကျောင်းတက်မယ်ဆိုရင် .. ပုံမှန် ဈေးသက်သာပြီး၊ နိုင်ငံတကာ ကျောင်းသားတွေ အလျှောက်များကြတဲ့ State Universities (ပြည်နယ်တက္ကသိုလ်) တွေက University of Texas at Austin University of Illinois at Urbana-Champaign University of Washington Georgia Institute of Technology တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် in-state students (ပြည်နယ်ခံကျောင်းသား) ဆိုရင် ဒေါ်လာ ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်ပဲ ရှိပေမယ့် Out-of-State (ပြည်နယ်ခံမဟုတ်သော ကျောင်းသား)နဲ့ နိုင်ငံတကာ […]
ပြည်တွင်းက နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ်တွေတက်ရင် ပြည်ပက အသိမှတ်ပြုလား၊ အလုပ်အကိုင်အခွင့်အလမ်းရော ရပါ့မလား
ပြည်တွင်းက နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ်တွေတက်ရင် ပြည်ပက အသိမှတ်ပြုလား၊ အလုပ်အကိုင်အခွင့်အလမ်းရော ရပါ့မလားတဲ့။ ပြည်တွင်းမဟုတ်ဘူး၊ ပြည်ပ က ဘွဲ့ရလာလည်း ရလာတဲ့ဘွဲ့နဲ့ဘာမှ မလုပ်တတ်ရင် အလုပ်ရဖို့မလွယ်ပါဘူး။ ပြည်တွင်းက မြန်မာအစိုးရကောလိပ်က ပြီးပေမယ့် နိုင်ငံတကာ မှာ အတွေ့ကြုံတွေရှာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာပြည်ဘွဲ့ရတွေ အများကြီးပါ။ နိုင်ငံခြားကျောင်းတွေက ပြီးပေမယ့် အလုပ်ရမယ်လို့ ဘယ်ကျောင်းကမှ အာမခံပြီး မခေါ်ပါဘူး။ အလုပ်ဆိုတာ ကိုယ်နဲ့ဆိုင်တာပါ။ ဘွဲ့တွေရမှ၊ ကျောင်းကြီးတွေကပြီးမှ ရယ်မဟုတ်ဘဲ၊ ဘယ်ကျောင်းတက်တက် တကယ်ကျွမ်းကျင်အောင်သင်ယူနိုင်ဖို့က အရေးကြီးတာပါ။ ကွန်ပျူတာနဲ့ကျောင်းတက်ဘွဲ့ယူပေမယ့်၊ ပရိုဂရမ် မရေးတတ်၊ ဒေတာဘေ့စ် နားမလည်၊ ဘယ် Programming Language နဲ့ ဘာရေးရမယ်ဆိုတာ မသိဘဲ အိုင်တီဘွဲ့ကြီး ကိုင်ပြီး ပြည်ပသွားလည်း ဘွဲ့နဲ့မဆိုင်တဲ့ ကြုံရာ၊ ရရာ […]
မိဘတွေ မေးထားတဲ့ မေးခွန်းတချို့ကို ဒီနေရာကနေပဲ ပေါင်း ဖြေပေးလိုက်ပါတယ်။
မိဘတွေ မေးထားတဲ့ မေးခွန်းတချို့ကို ဒီနေရာကနေပဲ ပေါင်း ဖြေပေးလိုက်ပါတယ်။ မြန်မာဆယ်တန်းပြီးထား (အောင်ထားတဲ့)သူ ဆိုရင် GED သို့မဟုတ် iGCSE ဆက်တက်စရာ လိုသလား? ဆက်တက်စရာမလိုပါဘူး။ တစ်ခုတော့ ရှိတယ် မြန်မာဆယ်တန်းဟာ GCE ”O” Level နဲ့ညီတဲ့အတွက် GCE “A” level သိုမဟုတ် ၁၂ တန်းနဲ့ညီတဲ့ GAC, OSSD လိုမျိုး ဆက်တက်နိုင်က ဆက်တက်နိုင်ပါတယ်။ မြန်မာဆယ်တန်းနဲ့ ပြည်ပကို ကျောင်းသွားတက်ရင် ဘာတွေ ဆက်ပြင်ဖို့လိုသလဲ ပုံမှန်အားဖြင့် ဟိုဘက်မှာ တိုက်ရိုက်တက်လို့ရဖို့ဆိုရင် Foundation (Level 3) လိုမျိုး နဲ့ Language Proficiency test ဖြစ်တဲ့ IELTS လိုမျိုး လိုအပ်ပါတယ်။ ငွေကြေးသိပ်မတတ်နိုင်တဲ့သူအတွက် ဘယ်နိုင်ငံတွေ […]
Emotional skills
emotional skills သို့မဟုတ် စိတ်ခံစားမှုထိန်းနိုင်စွမ်းရည် အားနည်းခြင်း အားသာခြင်းက လူတွေကို ရင့်ကျက်မှု အနိမ့်အမြင့် ခွဲနိုင်သလို၊ အောင်မြင်မှုအတွက် အရေးပါဆုံး စွမ်းရည်လည်း ဖြစ်ပါတယ်။ တချို့က မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အလုပ်ကိစ္စ ကိုယ်ခံစားရတာ လူတကာ လည် ပြောပြလေ့ရှိသလို၊ တခြား လူ မသိသင့်တဲ့ ကိုယ့်အတွင်းရေးကအစ, စိတ်ဆိုး စိတ်တို စိတ်အနှောက်ယှက် ဖြစ်တာမျိုးတွေ လွယ်လွယ် ဖွင့်ဟလေ့ရှိတယ်။ များများပေါက်ကွဲလေ၊ များများပြောမိလေ ဖြစ်တိုင်း၊ ကိုယ့်အားနည်းချက်တွေ လူသိပြီး တစ်ဘက် ရန်သူအတွက်အခွင့်ရေးကောင်းဖြစ်သွားတတ်တာ သတိထားသင့်ပါတယ်။ emotional skill အားနည်းခြင်းရဲ့နောက်ထပ် ဆိုးကျိုးတစ်ခုက ဘဝမှာ ကြီးမားတဲ့ အခွင့်အရေး၊ အပြောင်းအလဲကြီးတွေ ရနိုင်ပါလျက်နဲ့ စိတ်ခံစားမှု မထိန်းနိုင်ခြင်းကြောင့် လက်လွတ်လိုက်ရတဲ့ နစ်နာမှုအထိ ဖြစ်တတ်သလို၊ […]