မြန်မာ ကျောင်းတက်သင့်သလား သို့မဟုတ် GED, IGCSE ဘက်ပဲ ကူးပြောင်းသင့်သလားတဲ့။
မြန်မာ ကျောင်းတက်သင့်သလား သို့မဟုတ် GED, IGCSE ဘက်ပဲ ကူးပြောင်းသင့်သလားတဲ့။ ကိုဗစ်ပြီးတော့ နိုင်ငံရေးအကြပ်တည်းကာလ ဖြစ်နေတာ့ ဖြစ်နိုင်ရင် (တတ်နိုင်ရင်) ခုလိုကာလမှာ GED, IGCSE ကသာ အကောင်းဆုံးအခွင့်အလမ်းလို့ပြောချင်ပါတယ်။ ဒီနေရာမှာ နည်းနည်းတတ်နိုင်တဲ့သူတွေက တော့ ငြီးကြလိမ့်မယ်။ အကယ်၍ GED သို့မဟုတ် IGCSE ကို တတ်နိုင်လို့ တက်လိုက်ပြီပဲထားပါတော့ ပြီးရင် ပြည်ပတက္ကသိိုလ်မတက်နိုင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာမျိုး။ ဒါကလည်းလွယ်ပါတယ်။ (၂)မျိုးစဉ်းစားနိုင်တယ်။ ၁) ပြည်တွင်းမှာ အများအပြားဖွင့်ထားတဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ ကောလိပ်၊ တက္ကသိုလ်တွေ အများကြီးထဲက ကိုယ်နဲ့သင့်ရာ တတ်နိုင်တဲ့ ငွေပမာဏနဲ့ ရွေးတက်နိုင်ပါတယ်။ ၂) နောက်တစ်နည်းက IELTS (Band Score) အမှတ်ကောင်း အောင်ပြင်ဆင်ပြီး၊ Fully-funded scholarship တွေ လိုက်တိုးတာမျိုးပါ။ […]
ဒီနေ့ခေတ်ကမ္ဘာကြီး က
ဒီနေ့ခေတ်ကမ္ဘာကြီး က တကယ့်ရွာကြီး။ ရွာတောင်ဘက်ပိုင်းကနေ မြောက်ဘက်ပိုင်းကို လှမ်း အော်ပြီး ကိုယ့်အိမ်ကို ရေနွေးကြမ်းသောက်ဖို့ ခေါ်လို့ရသလို, အရှေ့အနောက် ဘယ်ကနေ ဖြစ်ဖြစ် ဟဲလို လို့ ခေါ်လိုက်တာနဲ့ ချိတ်ဆက်သွားတယ်။ ကိုဗစ်ဖြစ်တော့ လည်း ကူးသွား, ချိတ်သွားလိုက်တာ မြန်သလားမမေးနဲ့ အင်တာနက်ကြနေတာပဲ, တစ်ကမ္ဘာလုံး 😀 ဟောကြည့် ! ရုရှားကြီးက ယူကရိန်းလေးကို အနိုင်ကျင့်တော့လည်း Breaking news တွေ အပြင် သူတို့ပြည်သူတွေ တင်နေတဲ့ ရပ်ကွက်ထဲက ပုံတွေက တောင် ပို ပြီး သတင်းတိကျနေ သလို မြန်လိုက်တဲ့သတင်းတွေ တိုက်ရိုက်ကြည့်နေရတဲ့ ခေတ်။ အာရှာထဲကမြန်မာ ဘာဖြစ်ပြီဟေ့ဆိုလည်း သူတို့ ချက်ချင်းသိ။ သိရက်နဲ့ ဘာမှ မလုပ်ပေးနိုင်တာက ယူအန် 😢 […]
ပညာရေးတစ်ပိုင်းတစ်စ
ပညာရေးတစ်ပိုင်းတစ်စနဲ့ တောမရောက်တောင်မရောက်ဖြစ်နေတဲ့သားအတွက် ဘာလုပ်ပေးရရင် ကောင်းမလဲဆရာတဲ့။ အကောင်းဆုံးကတော ဘာသာစကားတစ်ခု သေချာသင်။ ဥပမာ အ င်္ဂလိပ်စကားပြောဖြစ်ဖြစ်, ဂျပန် ဘာသာစကားပြော ဖြစ်ဖြစ်ပေါ့။ ဒုတိယ အချက်က ပြည်တွင်းမှာ, KFC လိုမျိုး, Giodeno, Levis, Nike, Adidas, Samsung, Novotel လိုမျိုး ကမ္ဘာနိုင်ငံတိုင်းမှာရှိတဲ့ လုပ်ငန်းမျိုးတွေမှာ ရတဲ့နေရာဝင်လုပ်ပါ။ အနည်းဆုံး ၂ နှစ် ၃ နှစ် ဘာသာစကားနဲ့ နိုင်ငံတကာ တန်းဝင်တဲ့ကုမ္ပဏီမျိုးတွေမှာ ရတဲ့နေရာဝင်လုပ်ရင်း အလေ့ကျင့်နဲ့ လုပ်သက်ယူပါ။ ဘာသာစကားလည်း အတော်အတန် ပြောနိုင်ပြီ, အစောက ပြောတဲ့ နိုင်ငံတကာ နာမည်ရှိတဲ့ တံဆိပ်တွေ ရှိတဲ့ လုပ်ငန်းမျိုးတွေမှာ ဝင်လုပ်တာ လုပ်သက်လည်း အနည်းဆုံး ၂ နှစ်လောက်ရှိပြီဆိုရင် .ဥပမာ […]
အကောင်းနဲ့အဆိုး
လောကမှာ အဖြူနဲ့ အမဲ၊ အလင်းနဲ့ အမှောင်ဆိုတာရှိနေသလို၊ အကောင်းနဲ့အဆိုးကလည်း ဘယ်လိုမှ ရှောင်ဖယ်လို့မရတဲ့ လောကဓံတွေပါ။ ကိုယ်ကြိုက်ကြိုက်, မကြိုက်ကြိုက်, ဖြစ်ချင်ချင် မဖြစ်ချင်ချင် လောကဓံတရားရှစ်ပါးက မဖိတ်ခေါ်, မမျှော်လင့်ထားပဲ ရောက်လာတတ်တာချည့်ပါ။ အကောင်းတွေလာရင် ပြုံးပြုံးလေး နေပြီး လက်ခံနိုင်ဖို့လိုသလို၊ အဆိုးတွေရောက်လာရင်လည်း အန်တု ရင်ဆိုင်ရဲဖို့လိုပါတယ်။ လူ့ဘဝဆိုတာ ဘယ်တော့မှ ပုံသေနည်းနဲ့ တွက်လို့ရတဲ့ င်္သချာပုစ္ဆာမှ မဟုတ်တာ။ တကယ့် ပန်းတိုင်, အမြင့်ဆုံးကို ရောက်သွားတဲ့သူတိုင်းဟာ အဲဒီ မလိုချင်, မဖြစ်ချင်တဲ့ လောကဓံတွေ ကို ရဲရဲကြီး သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်သွားကြတဲ့သူတွေပါ။ အမြင့်ဆုံးဆိုတာထက် အမြင့်မြတ်ဆုံးပန်းတိုင်းကို ရောက်တဲ့သူတိုင်းဟာ စိတ်ဓါတ်ခိုင်မာသလို၊ လူတိုင်းလေးစားရတဲ့ စိတ်စေတနာကောင်းသူတွေ ချည့်ပါ။ အဆိုးတွေ ဘယ်လောက်လာလာ တကယ် ပါရမီရှိတဲ့သူတွေဟာ သူတို့လုပ်စရာရှိတာ လုပ်ရင်း […]
ပိုက်ပိုက်ပဲလိုတာပါ
LV ကိစ္စနဲ့ပါတ်သက်ပြီး မိတ်ဆွေတစ်ယောက် က အမေရိကားရောက်နေတဲ့ ဟိုမင်းသမီး ဘာလို့ ဒီလောက်ချမ်းသာနေတယ်ထင်လဲဆရာတဲ့။ လာပြန်ပြီ ဒီပြဿနာ 🙂 သူများအကြောင်းဘာလို့ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲလို့ပြန်မေးတော့ ရီ(ရယ်)တယ်။ တကယ်တော့ LV လိုမျိုး တခြား အတန်းစားတူ တံဆိပ်တွေက အင်္ကျီတစ်ထည် ဒေါ်လာ ၁၀၀၀ (မြန်မာငွေ သိန်း ၃၀) လောက်ကနေ ဒေါ်လာ သောင်းကျော်(သိန်း သုံးလေးရာ)ကျော်တွေအထိအစားစားရှိကြပါတယ်။ မြန်မာပြည်မှာလည်း ဝယ်ဝတ်နိုင်တဲ့သူတွေ သူ့အလွှာနဲ့သူရှိနေကြတာပါ။ သူတို့ဝတ်တာ၊ သူတို့စားတာတွေကိုယ်မမြင်နိုင် မတွေ့နိုင်တာရယ်၊ ကိုယ်တိုင်က LV(LOUIS VUITTON) လောက်ပဲ သိနေတာလည်းဖြစ်နိုင်တယ်။ ပြောရရင် အီလစ် အလွှာ ဆိုတာ သူတို့အတွက် အင်္ကျီဝယ်တာလောက်တော့ ဘာမှ မပြောပလောက်ပါဘူး။ လစဥ်ကုန်နေတဲ့ အိမ်သုံးစရိတ်တွေထဲက တစ်ခုပါပဲ။ ကိုယ်တွေလိုမျိုး အင်္ကျီဝယ်၊ မီးဖိုချောင်ပစ္စည်းဝယ်၊ […]
ကျောင်းတွေ လျှောက်ရင်
ပြည်ပကျောင်းလျှောက်မယ့်သားတွေသမီးတွေ သေချာလေး လေ့လာပြင်ဆင်ပြီးမှ လျှောက်ကြပါ။ ရန်ကုန် အမေရိကန် သံရုံးဖွင့်ပြီဆိုပြီး အတင်း တိုးကြိတ်, အလောတကြီး မလုပ်စေချင်ပါဘူး။ ကိုယ်ကိုယ်တိုင်က အမှန်အကန် တက်ချင်ဖို့ လိုသလို, အမှန်တကယ်ပဲ မိဘဘက်က ကိုယ်ထားမယ့်ကျောင်း ကို တတ်နိုင်မယ့် ဘတ်ဂျက် ပိုင်း ငွေဝင်ပြ လမ်းကြောင်း (Source of Funds)တွေ မှန်မှန်ကန်ကန်ပြနိုင်ဖို့ လိုပါတယ်။ ကျောင်းတွေ လျှောက်ရင် ကိုယ်တက်မယ့်ကျောင်းရဲ့ အနေအထား နဲ့ အဆင့် သေချာ စုံစမ်း လေ့လာပြီးမှ လျှောက်သင့်သလို ခုလို အချိန်မှာ ဈေးပေါပြီး အဆင့်သိပ်မရှိတဲ့ Community College လိုမျိုးက Form i-20 လေးရတာနဲ့ သေချာပြီဆိုပြီး မဝင်သင့်ပါဘူး။ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး လိုအပ်ချက် Requirements […]
ပညာတစ်ခုကို သင်ယူတဲ့အခါ
ပညာတစ်ခုကို သင်ယူတဲ့အခါ ရေစက်တစ်စက်ချင်း စဉ့်အိုးကြီးထဲ ထည့်ရသလိုပါပဲ၊ ဖြစ်ချင်တာ ကြီးလေ၊ လွယ်လွယ်နဲ့မပြည့်လေ ဖြစ်တတ်ပါတယ်။ စဉ့်အိုးကြီးကို မကြည့်ဘဲ ကိုယ့်ထည့်နေတဲ့ ရေစက်ကိုပဲ တစ်နေ့တစ်စက် မှန်မှန် (ဖြည့်)ထည့်ဖြစ်သလား၊ စဉ့်အိုးထဲကို သေချာ ဝင်ရဲ့လား နဲ့ ရောက်သွားတဲ့ရေစက်တိုင်း ကိုယ်လိုချင်တဲ့ ရေ သို့မဟုတ် ကြည်လင်သန့်ရှင်းရဲ့လား ဆန်းစစ်ရပါမယ်။ စိတ်ပါလို့ဖြစ်ဖြစ်၊ သူများလုပ်လို့ဖြစ်ဖြစ် လူတိုင်းကတော့ လေ့လာသင်ယူနေကြတာပါပဲ။ ဒါပေမယ့် ရောက်နေတဲ့နေရာ၊ ရလာတဲ့အတိုင်း မဖြစ်မနေ ရွေးကြရတဲ့အခါ သတိထားရမှာက အချိန်ကုန်သွားမယ့်အတူတူ လက်ရှိဖြစ်သင့်တာကိုပဲ အာရုံစိုက်ပြီး လုပ်နေတဲ့သူဟာ အလကားဖြစ်သွားတဲ့ပညာရယ်လို့ မရှိပါဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိတာမှာ ဘယ်နှစ်ရက် အဖတ်တင်လဲ၊ ကိုယ့်အတွက် ဘယ်လောက် အကျိုးရှိသွားလဲ ပြန်ဆန်းစစ်ရပါမယ်။ တခါတခါ အရွေ့အဖြစ်နဲ့ သွားနေရပေမယ့် […]
ပညာမတတ်ရင်
ခေတ်ကာလက မကောင်းတော့ ခုတလော ပညာတတ်ဖို့ပဲ အရေးမကြီးသလို စကားမျိုးတွေ နဲ့ ပညာတတ်တချို့ ကပါ လူငယ်တွေကို Brainwashed လုပ်ပြီး လမ်းမှားတွေကို တွန်းပို့နေကြတယ်။ စာမတတ်လည်း ပြည်ပထွက် အလုပ်လုပ်ရတာပဲ တဲ့။ မှန်တာပေါ့၊ အလုပ်ကစာမတတ်လည်းရတာမှန်တယ်။ အလုပ်ရတဲ့နေရာပဲကွာတာ။ သူများမလုပ်ချင်တဲ့ သန့်ရှင်းရေး၊ အမှိုက်သိမ်းလိုမျိုးပဲရတာ။ ပြည်ပမှာ အောက်ခြေသိမ်း အခြေခံလစာ ဆိုတာ သူ့နိုင်ငံသူ့စရိတ်နဲ့တော့ လှောက်ငှရုံပဲရှိကြတာ။ ပညာမတတ်ရင် ကျွမ်းကျင်မှုအားနည်းရင် ဝင်ငွေနည်းတော့ ပြည်ပမှာ အခန်းကျဥ်းကျဥ်း (ကျောတခင်းစာ သာသာ)၊ မီးဖိုချောင် မျှသုံး၊ ရေချိုးခန်းအိမ်သာမျှ သုံး ကြရသလို၊ အလုပ်ကိုသွားဖို့ ဈေးအချိုဆုံး ရထားပဲ တိုးကြိတ်စီးကြရတာ။ ပိတ်ရက်လေး ရှိုးစမိုးနဲ့ ဝတ်ပြပြီး လည်ပတ် ဆယ်လ်ဖီဆွဲပြတာ အဟုတ်မထင်နဲ့။ (ဒီလိုပြောလို့ အလုပ်သမားလူတန်းစား မစာမနာ […]
မြင့်သောမြတ်သောစိတ်
ကိုးရီးယားက Halloween Day ည မှာ လူတွေကျိတ်ကျိတ်တိုးလို့ လူပေါင်း ၁၀၀ ကျော်သေကြတယ်။ တခါ ရက်သိပ်မခြားဘဲ အိန္ဒိယမှာ ကြိုးတံတား ပြတ်ကျလို့ လူပေါင်း ၁၀၀ ကျော် သေပြန်တယ်တဲ့။ သဘာဝဘေးကြောင့် သေရသလို၊ စစ်မက်လိုမျိုး လူကြောင့်လည်း သေနေကြရတာတွေ အွန်လိုင်းမီဒီယာ ခေတ်ဆိုတော့ တစ်နေ့တစ်မျိုး ကြားနေကြရတယ် စိတ်မချမ်းသာစရာတွေ အများကြီး။ ဒါတောင် သတင်းမီဒီယာတွေ လက်လမ်းမမီတဲ့ တနေ့တနေ ပျောက်ဆုံး၊ သေဆုံးနေတဲ့သူတွေ ဘယ်လောက်များမလဲမှ မသိတာ။ အားလုံးကတော့ သေမျိုးတွေချည့်ဆိုတော့ တမျိုးမျိုးနဲ့တော့ ဒီလမ်းက ကြုံကြရမှာပါ။ ဒီသတင်းတွေ မကြားချင်ရင် Facebook ဖွင့်မကြည့်ရုံပဲ ရှိတာပေါ့။ ဒါပေမယ့် ဒီလိုကြတော့လည်း ငါ့အိမ်ရှေ့ အနိဌာရုံတွေ မဖြတ်ရဘူးလို့မှ တားမရတာ။ သ င်္ခါ […]
ထိုင်း ဘက်မှာ မြန်မာပြည်သူတွေ တိုက်ခန်း၊ အိမ်လုံးချင်းတွေ ဝယ်နေကြလို့ သွားဝယ်သင့်လား
ထိုင်း ဘက်မှာ မြန်မာပြည်သူတွေ တိုက်ခန်း၊ အိမ်လုံးချင်းတွေ ဝယ်နေကြလို့ ကျွန်မတို့ရော သွားဝယ်သင့်လားတဲ့။ 🙂 ကိုယ့်ကို အိမ်ခြံမြေ အကျိုးတော်ဆောင် အကြံပေးများ ထင်ပုံရတယ် 😀 ပိုက်ဆံရှိရင် ဥရောပ အမေရိကားထိ သွားဝယ်၊ ဘာမှ မှားစရာမရှိဘူးလို့ မြှောက်ပေးလိုက်တယ် 😀 တကယ်ပြောတာ ဒေါ်လာ ၂၅၀,၀၀၀ လောက်တတ်နိုင်ရင် ပေါ်ကျူဂယ် (ပေါ်တူဂီ) တို့၊ တာရကီ (တူရကီ) တို့ကိုသွားဝယ်။ အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံလိုက်တာနဲ့ မိသားစုလိုက် Residence ပါ ရတယ်။ သိပ်ချမ်းသာတဲ့သူတွေကို ပြောတာ။ ထိုင်းဆိုလည်း တိုက်ခန်းတွေ သိန်း ၁၅၀၀ လောက်သုံးလိုက်တာနဲ့ တိုက်ခန်းကောင်းကောင်းရပြီ။ ပွဲစားတော့ သေချာစစ်ပြီးမှ ဝယ်ပေါ့။ ကိုယ်တိုင်သွား ၁၄ ရက်နဲ့ ဗီဇာ ဖရီးသွားလည်၊ […]