ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (၃)
ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (၃) တပည့်တော်တို့ ယဉ်ကျေးမှုက လှူတယ်ဆိုရင် စနစ် အားနည်းပါတယ်၊ တချို့ဆိုသံဃာတော်တွေကို တိုက်တွေ ခေတ်ပေါ်ကားတွေ ဝယ်လှူကြတယ်ဘုရား။ တချို့က အဆင်လေးနည်းနည်းပြေတာနဲ့ လေးငါးနှစ်လောက်စုဆောင်းပြီး ပိုလျှံတွေ ငွေ အကုန်လုံးလိုလို အလှူကြိးလုပ်၊ တစ်ပွဲတည်း ပုံအောပြိးလှူကြတယ်ဘုရား။ ဥပမာ သိန်းတစ်ရာ လှူတယ်ဆိုပါစို့ဘုရား၊ အလှူမှာ ကြွေးတာမွေးတာ၊ ပျော်ပွဲရွှင်ပွဲ လုပ်တာတွေ နဲ့တင် တစ်ဝက်ကျော်ကုန်တာပဲ မဟုတ်လားဘုရား။ တကယ်တော့ တပည့်တော်တို့ရဲ့ အမှားက မလိုအပ်ဘဲ ကုန်နေတဲ့ အလှူတွေ အများကြီးကို ပြောချင်တာပါဘုရား။ အစောက ပြောတဲ့ ရွှေကျောင်းပြောင်ပြောင်, ဝမ်းခေါင်ခေါင် ဖြစ်နေကြတာမျိုးပေါ့။ တို့တက်တဲ့သူတို့နိုင်ငံတွေဆီမှာက လှူတဲ့ပုံစံမတူပါဘူး၊ သိန်းတစ်ရာ ကို စက်ရုံ, လုပ်ငန်းတွေထဲ မှာပဲ ထားပြီး ရလာတဲ့ အမြတ်ငွေကို […]
GCSE နဲ့ GED ဘာကွာတာလဲ
GCSE နဲ့ GED ဘာကွာတာလဲ ခဏခဏ မေးတဲ့ မိဘတွေ အတွက် ရှင်းအောင် ပြောပြချင်ပါတယ်။ GCSE ဆိုတာ ယူကေ (England, Wales, Northern Ireland) Education Systemပါ။ General Certificate of Secondary Education ဆိုပြီး Secondary School ပြီးဆုံးကြောင်း အသိမှတ်ပြုတဲ့ စာမေးပွဲ။ GCSE O level ပြီးရင် တချို့ကောလိပ်ကျောင်းတွေက လက်ခံပေမယ့် တချို့က GCSE A Level ဆိုပြီးထပ်တက်ရပါသေးတယ်။ တချို့ကြတော့လည်း University Foundation ဆိုပြီးတက်ရလေ့ရှိပါတယ်။ GED က ယူအက်စ် ရဲ့ ပညာရေးစနစ်။အရှည်ကောက်က General Education Development, GED ပြီးရင် […]
ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (4)
ဒီနေ့ အပိုင်း ၄ နဲ့ ပဲ ဖြတ်လိုက်ပါမယ်။ တော်ကြာ ဘုန်းဘုန်းတွေကို တရားပြန်ဟောနေတာ ထင်မှာစိုးရတယ်။ ခက်တာက ဆရာစိတ်က ရင့်သွားတော့ ဆရာဦးအောင်သင်းပြောသလို တွေ့သမျှ ကိုယ့်တပည့်ချည့်မှတ်နေတဲ့ စိတ်က စာရေးရင်တောင် လေသံက လျှော့မရ 😀 ဆရာတော်တွေနဲ့ကလည်း စကားပြောနေကြ။ အသက်ရွယ် ၃၀ ကျော် ဆရာတော် ပေါက်စတွေဆိုလည်း ကိုယ်က စာသင်ပေးခဲ့ရတာ များတယ်လေ။ ဒီတော့ လေသံ လေး သည်းခံပေးပါ။ တချို့ ဆရာတော်တွေက တော်ပါတယ်။ သာသနာရေး နိုင်ငံတကာရေး တွေမှာ ပါးနပ်ကြတယ်။ ပါချုပ်ဆရာတော်ကြီးလိုပေါ့ မြန်မာ့သမိုင်း၊ ကမ္ဘာသမိုင်း နှံ့စပ်သလို ဟောတဲ့ အခါလည်း နှစ်ဘက် အစွန်းမထွက်အောင် ဟောနိုင်တယ်။ သိပ်ကြည်ညိုဖို့ကောင်းပါတယ်။ ဘာသာရေး နဲ့ နိုင်ငံရေး […]
ကံကောင်းတဲ့သူတွေဟာ
ကံကောင်းတဲ့သူတွေဟာ ကံကောင်းဖို့ကို အလိုလိုဖန်တီးပေးလာတတ်ကြတယ်။ ကံဆိုးမယ့်သူများ ကြတော့လည်း အဖေါ်လေးတွေနဲ့တဲ့။ အတိတ်ကံဆိုတာ မမြင်ရ မမှန်းဆနိုင်တော့ ပစ္စုပ္ပန်တည့်တည့်မှာပဲ ရပ်တည်ချက် ယုံကြည်ချက် နဲ့ ရှေ့ကို ဆက်သွားကြရမှာပါ။ တချို့က ကံမကောင်းဘူးဆိုပြီး ကောင်းတဲ့ကံတွေ တည်ဆောက်ဖို့ ကုသိုလ် ကောင်းမှုလုပ်တာမျိုးတွေ မေ့လျော့နေတတ်ကြတယ်။ ကုသိုလ်စိတ်က ကောင်းကျိုးကို တွန်းအားပေးတယ်။ အကုသိုလ်စိတ်က အကုသိုလ်ကို တွန်းပို့တယ်။ ပုတီးစိတ်စိတ် ဂါထာရွတ်ရွတ် နားမလည်ရင်တောင် ဘုရားကို ကြည်ညိုစိတ်နဲ့ ရွတ်နေရင် အနည်းဆုံးစိတ်က အကုသိုလ်စိတ်ဖြစ်ဖို့နည်းသွားတယ်။ အကုသိုလ်စိတ်နည်းလာရင် စိတ်ကြည်လာမယ်။ စိတ်ကြည်လာရင် လုပ်သင့်တဲ့အလုပ်မလုပ်သင့်တဲ့အလုပ် မြင်လာမယ်။ စိတ်ကြည်တော့ မျက်နှာကြည်လင်လာမယ်။ မျက်နှာကြည်လင်လာတော့ ချစ်ခင်တဲ့မိတ်ဆွေတွေ တိုးလာမယ်။ ဒါကပဲ ကုသိုလ် အကျိုးပေးဖို့ လမ်းကြောင်းပွင့်လာတဲ့သဘောပဲ။ ကောင်းတဲ့စိတ်ဆိုတာ ဘယ် ဘာသာတရားဖြစ်မှ ရယ်လို့ မဆိုင်ပါဘူး။ […]
ဆယ်တန်းမပြီးဘဲ ဒီပလိုမာသင်တန်းတွေက တက်လို့ရတာလား
မိဘ(၁) အမေး−၂ ။ ။ ဆယ်တန်းမပြီးဘဲ ဒီပလိုမာသင်တန်းတွေက တက်လို့ရတာလား၊ အဖြေ ။ ။ ရပါတယ်။ ဒီပလိုမာဆိုတာ အသက်မွေးပညာတစ်ခုဖြစ်တဲ့အတွက် ဆယ်တန်းမပြီးထားတဲ့သူတွေအနေနဲ့ ဘွဲ့ယူလို့မရတာကလွဲရင် တက်လို့ရပါတယ်။ ဘယ်လိုဟာမျိုးတွေလည်းဆိုတော့ ဥပမာ ICM က ပေးတဲ့ Single Subject Diploma (Accounting, Business, Management) လိုမျိုးတွေ ယူလို့ရပါတယ်။ ဘွဲ့အထိ ယူချင်ရင်တော့ အစောကပြောတဲ့ GED သို့မဟုတ် ဆယ်တန်းပြီးမှ ရပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် ဒီပလိုတွေကတော့ အိုင်တီပဲဖြစ်ဖြစ်၊ ဘိစနက် ပဲဖြစ်ဖြစ် လုပ်ငန်းခွင်အတွက် တကယ့် skilled (အရည်အချင်းပြည့်) ဖြစ်နေရင် ဘွဲ့ရမှ မဟုတ်ပါဘူး အလုပ်ကပေါပါတယ်။ ဒါပေမယ့် ဆယ်တန်းပြီး(အထက်တန်းပြီးထား)ကြောင်းပြနိုင်တဲ့သူ နဲ့ မပြနိုင်တဲ့သူ ဘာကွာလဲဆိုရင် အထက်တန်းပြီးတဲ့သူက […]
ပြည်ပနိုင်ငံကြီးတွေကို လည်ပတ်ချင်တာ, အခြေချ နေထိုင်ချင်တာ
ပြည်ပနိုင်ငံကြီးတွေကို မိသားစုနဲ့ ဖြစ်ဖြစ်, တစ်ဦးတစ်ယောက်တည်းဖြစ်ဖြစ် လည်ပတ်ချင်တာ, အခြေချ နေထိုင်ချင်တာမျိုးဆိုရင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့ အဆင်ပြေတဲ့ မိတ်ဆွေတွေကို အကြံပေးချင်ပါတယ်။ US, Europe, နဲ့ တခြား နိုင်ငံကြီးတွေကို အလည်ပတ်ပဲ သွားသွား, သားသမီးပညာရေးအတွက် အပြီးနေချင်တာဖြစ်ဖြစ် အဆင့် ၁) ဘာတွေ ပြင်ဆင်ထားရမလဲ ကိုယ့်နိုင်ငံမှာ ကုမ္ပဏီထောင်ခြင်းနဲ့ ကုမ္ပဏီ ဘဏ်အကောင့် (Corporate Bank Account) ဖွင့်ထားဖို့ နံပါတ်တစ် အရေးကြီးပါတယ်။ ဖွင့်ပြီး အနည်းဆုံး ၃ နှစ်ကနေ ၆ နှစ်ကျော်ရှိရင် ပိုအဆင်ပြေပါတယ်။ —- အဆင့် ၂) Residence လျှောက်ဖို့ ကြိုးစားပါ Residence Visa ဆိုတာ နိုင်ငံတစ်ခုမှာ အမြဲနေထိုင်ခွင့်အတွက် ပထမအဆင့်ပါ။ အနည်းဆုံး နိုင်ငံပေါ်မူတည်ပြီး […]
စာစုံဖတ်ဖို့
ကလေးတွေနဲ့တွေ့တိုင်း စာစုံဖတ်ဖို့ ခဏခဏ တိုက်တွန်းဖြစ်တယ်။ ဘယ်လောက်ဘွဲ့တွေရရ, အပြင်စာမဖတ်ဘူးဆိုရင် တကယ့်ဘဝတွေထဲမှာ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့ အခါ လိုချင်တဲ့ ခရီးမရောက်ဘဲ ရပ်တန့်သွားတတ်တယ်။ မိုက်ခရိုဆော့ဖ် ဂုရုကြီး ဘီလ်ဂိတ် က တစ်လကို စာအုပ် အနည်းဆုံး ၅ အုပ်လောက်ဖတ်သတဲ့။ Tesla ကုမ္ပဏီ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မာစ်ခ် ကလည်း သူ့ဘဝကို ပြောင်းလဲ စေခဲ့တာ စာအုပ်တွေကြောင့်ပါတဲ့။ စာမဖတ်တဲ့သူဟာ ဘာပဲ လုပ်လုပ်, သူ့ အမြင် သူ့အတွေးခေါ်တွေဟာ အပျက်သဘော (negative) ပဲ ဆောင်နေတတ်တယ်။ စာအုပ်တွေဟာ စာရေးသူတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေ, အတွေးအခေါ် တွေကို ပေါင်းစု စီဖွဲ့ထားသလို, သူတို့ဆီက မတူတဲ့ အမြင်တွေ, မတူတဲ့ စဉ်းစားတွေးခေါ်မှုတွေကို […]
ငွေကြေးစီးဆင်းမှု
ဒေါ်လာဈေးတွေ အပြင်ပေါက်ဈေးက ကြောက်စရာကောင်းလောက်အောင် ထိုးတက်နေတယ်။ နောက်ထပ် စိတ်မကောင်းစရာသတင်းက ဈေးကွက်ထဲမှာ ငွေတုတွေ ပါ အရောင်းအဝယ်ဖြစ်နေကြတယ်တဲ့။ ဒေါ်လာ လှယ်ဖို့ အပြင်မှာ Cash ပဲ လက်ခံကြတော့ Cash ကိုကြံဖန် ဖန်တီးလာကြပုံရတယ်။ ကြားနေရတဲ့သတင်းတွေက တကယ်အဟုတ် ဆိုရင်၊ နိုင်ငံတကာ သုံးသပ်ချက်တွေ မှန်လာတော့မယ့်ထင်ပါရဲ့။ ငွေကြေးစီးဆင်းမှု ဟာ နိုင်ငံတစ်ခုအတွက် နှခေါင်းကနေ အောက်ဆီဂျင် အသွင်းအထုတ်လုပ်သလို သေရေးရှင်ရေးတမျ အရေးကြီးပါတယ်။ ခုအခြေအနေက တလောက ကိုဗစ်ရောဂါသည်တွေလို အောက်ဆီဂျင် ကူရမယ့်အနေအထားဖြစ်နေပြီ။ အောက်ဆီဂျင်ဗူး မရလို့ အသက်ပြင်းပြင်း ရှုနေတဲ့ မိဘကို ထိုင်ကြည့်နေရသလို ခံစားမိတယ်။ တကယ်တော့ ငွေးကြေးဖေါင်းပွတာဟာ တနည်းပြောရရင် နိုင်ငံ့အတွင်းလည်ပတ်နေတဲ့ စီးပွါးရေးကြီးတွေ ကျဆုံး ပျက်စီးနေခြင်းလက္ခဏာ ပါပဲ။ တစ်ဒေါ်လာ ၁၃၀၀ […]
အညံ့အဆိုးတွေ, အခက်အခဲတွေ
အညံ့အဆိုးတွေ, အခက်အခဲတွေက တခါတခါ ကျနော်တို့ကို ကုသိုလ်ပိုလုပ်ဖြစ်အောင် တိုက်တွန်းနေတယ်လို့ပဲမှတ်ပါ။ ဘာလုပ်လုပ်မပြေတာ၊ ဘာမှ ဖြစ်မလာတာတွေဟာ စိတ်ဓါတ်ကျဖို့မဟုတ်ဘဲ, ရင့်ကျက်ပြီး ခံနိုင်ရည်ရှိအောင်လေ့ကျင့်နေရတယ်လို့ သဘောထားရပါမယ်။ ဒုက္ခတွေဆိုတာ မမြင်ကွယ်ရာ, မထင်မှတ်တာတွေကနေ လာတတ်ကြသလို, လာရင်လည်း အဖေါ်လေးတွေနဲ့ ဖြစ်နေတတ်ပါတယ်။ ဒါကိုပဲ လောကဓံလို့ ပြောကြတာပါ။ ပျော်နေရတဲ့နေ့တွေကလည်း မမြဲသလို, အဆင်မပြေမှုတွေကလည်း ခဏပါပဲ။ အမြဲတမ်းနေပူနေတာမှ မဟုတ်တာ။ နေပူနေတဲ့လမ်းကို ဖြတ်နေရရင်တောင် တခါတခါ တိမ်ရိပ်လေးနဲ့ အေးသွားတတ်သလို, တခါတခါ သစ်ရိပ်လေး တွေ့ရတတ်ပါတယ်။ ဘဝဆိုတာ နတ်ပြည်လို လိုတိုင်း, တတိုင်း ရတဲ့ နေရာမှ မဟုတ်တာ။ ကုသိုလ်, အကုသိုလ် နဲ့ ပါရမီတွေ ဖြည့်နိုင်ဖို့ လူ့ပြည်ကို လာကြရတာ။ ငယ်ကတည်းက လဲမကျဖူးတဲ့သူမရှိသလို, လဲတိုင်းပြမထတဲ့သူမှ မရှိတာ။ […]
ပြည်ပထွက်ဖို့ နောက်များကျနေပြီလား
ဒေါ်လာဈေးက ၃၃၀၀ ကျော်သွားတဲ့အချိန်မှာ မိတ်ဆွေတစ်ယောက်က ပြည်ပထွက်ဖို့ နောက်များကျနေပြီလားတဲ့။ ဒီထက်နောက်ကျရင် ဒီထက်ဆုံးရှုံးဖို့ပဲ ရှိတော့တယ်လို့ ပြောလိုက်တယ်။ ငွေကြေးတန်ဘိုးကျနေတယ်ဆိုတာ ပြဿနာ အရဲ့ အဖြေက တစ်ခုတည်းမဟုတ်။ ကိုဗစ်၊ ပြည်တွင်းရှင်းဖို့ခက်လာတဲ့ နိုင်ငံရေးပြဿနာ နဲ့ ရုရှား-ယူကရိန်း ပြဿနာတွေရဲ့ နောက်ဆက်တွဲတွေ။ ထိန်းနိုင်ဖို့နည်းလမ်းထက်၊ ဒီထက်မဆိုးသွားအောင် သီရိလင်ကာ လိုမဖြစ်ပါစေနဲ့ပဲ ဆုတောင်းရတော့မယ်ထင်တယ်။ သူရို့ကတော့ ရွှေဈေး၊ ဒေါ်လာဈေးတွေထိန်းနိုင်ဖို့ စီးပွါးရေးသမားတွေနဲ့ တွေ့ပြီး လက်ချာ ရိုက် အမိန့်တွေနဲ့ ကြပ်လို့ရမယ်ထင်နေတုန်း။ 🙂 တကယ့်အပြင်လက်တွေ့မှာ စီးပွါးရေးသမားကြီးတွေကိုယ်တိုင် ခေါင်းမီးတောက်နေကြပြီ။ ကျောင်းက ဆရာမက အလုံးကြီးအော်နေပေမယ့် အိမ်မှာက ပြားနေတုန်း 😀 ဆီဈေးက တစ်ပိဿာ ၁၂၀၀၀ ဆိုတော့ တို့ပြည်သူတွေလည်း ဂျပန်တွေလို ရေလုံ ပြုပ်စားကြရတော့မယ်။ ဆန်ဈေး၊ […]