နိုင်ငံကနေ ဘယ်လို ထွက်ခွါနေကြလဲ, ဘယ်လို နည်းလမ်းရှိလဲ
ဒီလိုကာလမှာ ပြည်ပကလည်းထွက်ချင် ကိုယ့်နိုင်ငံကို ဘယ်နိုင်ငံကြီးတွေကမှ ဗီဇာမပေး။ Passport Rankingမှာ မြန်မာက မြောက်ကိုးရီးယားနဲ့ အာဖဂန်အောက်ရောက်နေတော့ ဘယ်နိုင်ငံက မှ အဖက်မလုပ်ချင်ကြ။ စဉ်းစားကြည့်ရင် ရင်နာဖို့ကောင်သလို, ဆင်းရဲစုတ်ပြတ်နေတဲ့ဘဝတွေလိုပဲ တွေ့တဲ့လူတွေက ရှောင်ထွက်သွားကြသလိုဖြစ်နေတယ်။ ပိုက်ဆံဘယ်လောက်ရှိရှိ မြန်မာလူမျိုးဆိုရင်ကို တချို့က မသိကြသလို, တချို့က အဖက်မလုပ်ကြ။ ပိုက်ပိုက်ပြေတဲ့သူတွေ နိုင်ငံကနေ ဘယ်လို ထွက်ခွါနေကြလဲ, ဘယ်လို နည်းလမ်းရှိလဲ။ နည်းလမ်းတွေက အများကြီးပါ။ ငွေကြေးပြေလည်ပေမယ့် ဘယ်နိုင်ငံကြီးတွေမှ ထွက်မရဘူး, မိသားစုနဲ့ ပြည်ပမှာ အခြေချချင်တယ်ဆိုသူတွေ အတွက် အလွယ်ဆုံးနည်းက Second Citizenship (Second Passport) ပါပဲ။ တချို့နိုင်ငံတွေက ဝယ်သလိုမျိုး လှူဒါန်းလိုက်ရတာမျိုး ရှိသလို, တချို့နိုင်ငံတွေက ရင်းနှီးမြုပ်နှံရပါတယ်။ လောလောဆယ် အလွယ်ဆုံးနိုင်ငံတွေက ၁) ဗင်နဝါတူး(Vanuatu) […]
ပြည်ပ မသွားဘဲ မြန်မာပြည်ကျောင်းဆက်တက်ပြီးယူလို့ရမလား
ဒီကာလမှာ နာမည်ကြီးကိုယ်ပိုင်ကျောင်းကြီးတွေ ရပ်နားထားကြတာများတော့ အထူးသဖြင့်နယ်မှာ ရှိတဲ့ မိဘတွေက IGCSE နဲ့ GED ပိုင်းကို ပိုစိတ်ဝင်တစားမေးလာကြတယ်။ IGCSE သို့မဟုတ် GED ပြီးရင် နိုင်ငံတကာ ကျောင်းတက်နိုင်တဲ့သူ ရှိသလို၊ တစ်နှစ်ကို ဒေါ်လာ တစ်သောင်း (ခုဆို သိန်း ၄၀၀ ဝန်းကျင်) ၊ နှစ်သောင်းကုန်ဖို့ မပြောနဲ့ ပြည်တွင်း တစ်နှစ်ကို ဒေါ်လာ တစ်ထောင် နှစ်ထောင်တောင် မနည်းဖြစ်ညစ် ရုန်းကန်နေရတဲ့ မိဘတွေအတွက် တော့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေကို ထားဖို့ဆိုတာ စိတ်ကူးယဉ် အိပ်မက်တောင် မမက်ဖူးကြတဲ့သူ များပါတယ်။ ဒီတော့ မြန်မာဆယ်တန်း ရွေးချယ်စရာခက်ခဲလာတဲ့အခါ နယ်က မိဘတွေ အစိုးရိမ်ဆုံးနဲ့ အမေးများဆုံးက IGCSE တို့ဘာတို့ တက်ချင်ပေမယ့် ပြည်ပ […]
ဘာသာစကား အခက်အခဲ (Language barrier) ပြဿန
ဘာသာစကား အခက်အခဲ (Language barrier) ပြဿနာ နဲ့ ပါတ်သက်ရင် ကိုယ့်ဆရာမတွေကိုလည်း ခဏခဏ ပြောနေရတယ်။ ဘာသာစကား အားနည်းတာနဲ့ ကျောင်းစာအားနည်းတာ အတူတူဆိုပြီး အမှတ်မှားနေကြတယ်။ ဘာသာစကား အားနည်းတာနဲ့ပဲ ဘာမှ လုပ်မရတော့တဲ့ ပုံဖြစ်နေတယ်။ ခုလောလောဆယ် အွန်လိုင်းပေါ်မှာ ပွနေတဲ့ ပြဿနာက ထက်ထက်မိုးဦးကိစ္စက စတယ်ထင်တယ်။ ဂျပန်ကြီး အီးလို မပြောနိုင်တာနဲ့ စီးပွါးမဖြစ်ဘူးလို့ပြောမှ မရတာ။ ထက်ထက်လည်း သူ့ အလုပ်သူလုပ်နိုင်နေတာပဲ။ သူက မြန်မာလူမျိုးမြန်မာစကားနဲံ သရုပ်ဆောင်ပြီး မြန်မာ ကြော်ငြာတွေ ရိုက်နေတာပဲ။ ဒါက အောင်မြင်နေတဲ့သူ့ရဲ့ Career။ ဘာသာစကား အားနည်းတာဟာ လုပ်ယူလို့ရတယ်။ ရှေ့ကသင်ပေးမယ့်သူရယ်, ပတ်ဝန်းကျင်ကောင်းရယ် ရှိရင် လွယ်တယ်။ ဘာသာစကား ဆိုတာ ကြားခဲံဆက်သွယ်ရတဲ့ အရာမျိုး, အသုံးနှုန်းမှားတာ, […]
IGCSE မတက်ဘဲ၊ မပြီးဘဲ တက္ကသိုလ် တက်လို့ရလား
IGCSE မတက်ဘဲ၊ မပြီးဘဲ တက္ကသိုလ် တက်လို့ရလားတဲ့။ 🙂 အဲဒါနဲ့ ပြောလိုက်တယ်၊ ဘာမှ မပြီးလည်း MBA တက်လို့ရတယ်လို့ 😀 MBA Diploma ဆိုလား အဲဒါမျိုးကိုပြောတာ 😀. တော်ကြာ အမ်ဘီအေ ဆရာတွေက စိတ်ဆိုးနေအုံးမယ်။ တခါတခါ ကျနော်တို့ မိဘတွေလည်း အမြန်ပြီးချင်တယ်ဆိုတာချည့်ပဲ (ကျောင်းပြောတာပါ) ကျနော် ပညာရေး အကြောင်းတွေ အများကြီးရေးခဲ့ပါတယ်။ တချို့အကြောင်းတွေ ဆို ထပ်နေပြီ။ ခုလည်း IGCSE ‘’O’’ Level တက်မယ့် မိဘတစ်ယောက်က သူ့ကလေးကို ကျောင်းမြန်မြန်ပြီးချင်တယ်ဆိုပြီး ရှိသမျှ ကျောင်း အကုန်လိုက်မေးနေပုံရတယ်။ ကိုယ့်ထဲမှာလည်း အဲလိုမိဘများရှိတယ်။ စိတ်က မငြိမ်တော့ တွေ့တဲ့ ကျောင်း ဖေ့သ်ဘွတ်ထဲတောင် အခမဲ့ share ပြီး […]
မာန နဲ့ ဒေါသ
မာန နဲ့ ဒေါသ ဟာ သံချေးနဲ့ဓါး လိုပဲ လူတွေကိုပျက်စီးစေတယ်။ လူဆိုတာ ခက်သားလား။ မရှိရင်လည်း မရှိတဲ့ မာနလေးနဲ့ သုံည လေး ထမ်းပြီး မာနပြတတ်ကြတယ်။ ကိုယ့်ကိုချိုးနှိမ်တာ, ကိုယ့်ကိုကျော တာကို ခါးသည်းစွာ ဒေါသဖြစ်တတ်ကြတယ်။ ဒါကပဲ ကိုယ်သွားနေတဲ့လမ်းကို တွန့်ဆုတ်ရပ်ဆိုင်းစေသလို, တခါတခါ ဒီထက်ပိုဆိုးစွာ မထင်မှတ်တဲ့ အဆိုးတွေ ဆက်တိုက်ဖြစ်လာတတ်တာကို ဆင်ခြင် သတိထားဖို့လိုပါတယ်။ ပညာတွေသင်ယူနေတဲ့ အခါ အတွေ့အကြုံတွေယူနေရတဲ့အခါ မာနကို အပြီးဖျောက်ထားသင့်သလို၊ ဇာတ်ခုံပေါ်က မင်းသားမင်းသမီးတွေလို သရုပ်ဆောင်နေရတာပဲလို့တွေးတတ်ရင် ဘာမှ မာနထားစရာ, ဖြစ်စရာမရှိပါဘူး။ ကိုယ် လိုချင်တဲ့နေရာ, ပန်းတိုင်မရောက်မချင်း သည်းခံသင်ယူရင်း ရတဲ့နေရာ, အခြေအနေ ပေးတဲ့ပေါမှာ မူတည်ပြီး၊ မာန နဲ့ ဒေါသကို သုံည အထိ […]
လက်တွဲဖေါ်ရွေးတယ်ဆိုတာ
တပည့်မ တစ်ယောက် သူ့ရည်းစားနဲ့ပုံတွဲတင်နေလို့ သတိပေးဖူးတယ်။ ဆိုရှယ်မီဒီယာဆိုတာ ကောင်းကျိုးဆိုးကျိုးရှိတယ်။ ချစ်တာတော့ ချစ်တာပေါ့။ ချစ်သူဆိုတာ ဇနီးမှ မဟုတ်တာ။ ချစ်သူဟာ ဇနီးမဟုတ်သလို ဇနီးဖြစ်လာမယ်လို့လည်း ဘယ်သူမှ တတ်အပ် မပြောနိုင်။ သေချာတာကတော့ ဘဝ လက်တွဲဖေါ်ရွေးတယ်ဆိုတာ မိတ်ဆွေရင်းသာသာပဲ သင့်တော်သလို, ချစ်သူချင်း ဆက်ဆံတဲ့ အဆင့်ထက် မပိုတာပဲ ပိုကောင်းပါတယ်။ အကယ်၍ ဆိုတာ တွေ ထည့်စဉ်းစားသင့်တယ်။ ဖူးစာမဆုံခဲ့ရင် အကြောင်းမတိုက်ဆိုင်ခဲ့ရင် အရင်ဆုံးနစ်နာရမှာက ကိုယ်။ အချစ်ဆိုတာ ဆယ်ကျော်သက်အရွယ်မှာတွေ့ခဲ့တဲ့ ချစ်သူက တစ်ဘဝလုံးအတွက်လို့ ထင်ရပေမယ့် တခါတခါ အသက်ရွယ်တွေ ပြောင်းသွားတဲ့အခါ အိပ်မက်တွေလို မဖြစ်နိုင်တာတွေ လည်း ဖြစ်တတ်ပါတယ်။ ချစ်သူဖြစ်တယ်ဆိုတာကို အကြင်လင်မယားတွေဖြစ်အောင်လုပ်သလို လူသိရှင်းကြား ပွဲလုပ်ပြီးကြေညာစရာမှ မလိုတာ။ တကယ်ပြန်စဉ်းစားရင် ရည်းစားထားတယ်ဆိုတာ အိမ်ထောင်ဖက် […]
စကားစကား ပြောပါများတော့ စကားထဲက, ဇာတိပြ
စကားစကား ပြောပါများတော့ စကားထဲက, ဇာတိပြ တဲ့။ စေတနာ, အတွေ့ကြုံ, နဲ့ ပညာ ဆိုတာတွေဟာ စကားတွေ အများကြီးပြောကြည့်ရင် သိနိုင်သလို, ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် ဖုံးကွယ်ထားလို့မရပါဘူး။ သိပ်ချော, သိပ်ခန့် တဲ့ ယောက်ျား သို့မဟုတ် မိန်းမ ဖြစ်နေရင်လည်း စကားလက်ဆုံပြောကြည့်တာနဲ့ သူ့စေတနာ, သူ့ပညာ, နဲ့ သူ့ အတွင်းစိတ်ကို သိနိုင်ပါတယ်။ ဒါကြောင့် ညီငယ်ညီမငယ်တွေနဲ့တွေ့တိုင်း ပြောဖြစ်တာက ကိုယ်နဲ့အိမ်ထောင်ပြုမယ့်, ရေရှည်လက်တွဲမယ့်သူဆိုရင် ချစ်ကြောင်း ကြိုက်ကြောင်းဆိုတာထက်, အတွေးအခေါ်, အတွေ့အကြုံနဲ့ လောက အကြောင်းအရာတွေ မိတ်တွေ တစ်ယောက်လို အမြင်ချင်းဖလှယ်ဖို့ ဆွေးနွေးဖို့ ခဏခဏတိုက်တွန်းဖူးတယ်။ ချစ်လို့ ကြိုက်လို့ ဆိုတာထက်, အချင်းချင်း မြတ်နိုးတန်ဘိုးထားလို့ ကြည်ညိုချစ်ခင်လို့ ဆိုတာက ပိုမြဲပါတယ်။ တချို့အိမ်ထောင်တွေ, […]
ပညာရေးဆိုတာ
ပညာရေးဆိုတာ ကျောင်းကိုသွားတာ တစ်ခုတည်းမဟုတ်သလို၊ ကျောင်းကနေ ပြီးတာနဲ့ လည်း ပြည့်စုံတဲ့ ပညာရေး လို့ မပြောနိုင်ပါဘူး။ တွေ့တဲ့ ကျူရှင်အကုန်တက်ပြီး၊ မနားရအောင် သင်တန်းတွေ တက်နေတိုင်းလည်း ထူးချွန်သွားတာမဟုတ်ပါဘူး။ ကျောင်းကောင်းကြီးတွေတက်ရမှ ဘဝမှာ အောင်မြင်နိုင်တယ်လို့ လည်း တစ်ထစ်ချ ပြောမရသလို၊ အဆင့်မရှိဘူးလို့ အများသတ်မှတ်ထားတဲ့ ကျောင်းက ထွက်လာလို့လည်း ဘဝဟာ နိမ့်ကျသွားမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။ ဘယ်က ပြီးပြီး ဘာဘွဲ့ဖြစ်ဖြစ်၊ အပြင်စာတွေ မဖတ်ရင်, အပြင်လောကကြီးကို မလေ့လာရင်, အတွေ့အကြုံတွေ မယူ၊ မပေါင်းစပ်နိုင်ရင်, ကိုယ့်ဘာသာ အိမ်အကြီးအကြီးတော့ဆောက်ထားပြီး အိမ်ထဲမှာပဲ တခါးပိတ်သော့ခတ်ထားပြီး နေတဲ့သူလိုဖြစ်နေမှာပါ။ ဘာလို့စာဖတ်သင့်လဲ မေးရင်၊ စာအုပ်တစ်အုပ်ဖြစ်ဖို့ စာရေးသူတွေ, သုတေသီတွေ, ပညာရှင်တွေ ဟာ များစွာသော သက်ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ်လေ့လာ […]
မနာလိုဝန်တိုခြင်းဆိုတာ
လူအများစုက အဆင်မပြေတဲ့သူတွေကိုတွေ့ရင် သနားတတ်ကြသလိုမျိုး၊ ကူညီမယ့် ပုံစံမျိုးနဲ့ ပြောကြ နှုတ်ဆက်တတ်ကြတယ်။ အဆင်မပြေတာကနေ ပြေသွားတာတွေ့ရင် သို့မဟုတ် ကိုယ့်ထက်သာတယ်ထင်သွားရင် မျက်စောင်းထိုး နှာခေါင်းရွှံ့ပြီး မနာလိုခြင်း စိတ်က စကားအရာ၊ မျက်နှာ အမူအရာ မှာ သိသိသာသာပြောင်းသွား ကြတယ်။ မနာလိုဝန်တိုခြင်းဆိုတာကိုယ့်ထက် သိသိသာသာကြီးကွာဟလွန်းနေရင် မဖြစ်ပေမယ့်၊ ကိုယ်နဲ့တန်းတူတယ်ထင်ရင် သို့မဟုတ် level တူတယ်လို့ထင်နေရင် ဖြစ်တတ်ကြတယ်။ တကယ်တော့ မနာလိုတယ်ဆိုတာ ယင်ကောင်လိုပဲတဲ့။ ခန္ဓာကိုယ်ရဲ့အကောင်ဆုံးနေရာတွေကို မနားဘဲ၊ အနာ(အညီ) နဲ့မှ ပဲ ရပ်ကြ၊ ကြိုက်ကြသတဲ့။ ဒီလိုစိတ်မျိုးဟာ အဆင်မပြေရာကနေ ပြေလည်သွားတဲ့သူတွေကိုတွေ့ရင် အပြင်က ဝမ်းသာနေပြပေမယ့် တခါတခါ မသိစိတ်ထဲမှာ ”မဟုတ်တာလုပ်နေတာမှန်းမှမသိ၊ ဒီလောက်ချမ်းသာသွားတာ ဟုတ်မှ ဟုတ်ရဲ့လား” ဆိုပြီး မကောင်းစိတ်က မကောင်းမြင်စိတ်ကို တွန်းပို့ပြီး စိတ်အညစ်အကြေးတွေကို […]
Personal Branding
အလုပ်တွေလုပ်တဲ့ အခါ နောက်တစ်ခု အရေးကြီးတာက Personal Branding တည်ဆောက်ခြင်းပါပဲ။ ကိုယ့်လုပ်ငန်းအတွက် အထောက်အကူပြုသလို၊ ကိုယ့်ဝန်းကျင်ကို လည်း ဩဇာ လွှမ်းမိုးပြီးသားဖြစ်စေတယ်။ တချို့က ကိုယ့် ဆိုရှယ်မီဒီယာကို တွေ့ကရာတွေ တင်တယ်။ ဓါတ်ပုံလေးတင်တာက အစ သတိထားရမယ်။ အလင်းအမှောင်, နဲ့ နောက်ခံ ရှင်းလင်းသပ်ရပ်ဖို့လိုသလို၊ တချို့ မလိုအပ်တဲ့ ဖေါ်ပြ မှုမျိုး နဲ့ ကိုယ့်ကို အထင်သေးစေမယ့် အတွင်းရေးမျိုး ထည့်သွင်း ရေးသားတာ, ပုံတင်တာမျိုးက ကိုယ့်ရဲ့ တကိုယ်ရည် အရည်အချင်းနဲ့ သိက္ခါကို အထင်မြင်သေးစေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာဟာ ဒီနေ့ခေတ်မှာ လူတွေရဲ့ ပြင်ပ စရိုက်တွေကို လွယ်လွယ်မြင်တွေ့စေတယ်။ လူတစ်ယောက်ရဲ့ စိတ်နေ စိတ်ထား၊ ဟန်ပန်အမူအယာ၊ အလုပ်အကိုင် နဲ့ ပညာအတွေ့အကြုံတွေ ခန့်မှန်းလို့ရနိုင်လာတယ်။ […]