ကျောင်းသားဗီဇာ
ကျောင်းသားဗီဇာ ကိစ္စ ခဏ ခဏ Reject ထိတာလေးတွေ ကြားရလို့ ကိုယ်သိသလောက်လေး အကြံပြုချင်ပါတယ်။ ဒီကာလ မှာ အရမ်းခက်ခဲပါတယ်။ ကိုယ့်နိုင်ငံက ပိုဆိုးပါတယ်။ ပုံမှန်အတိုင်း ဆိုရင်တောင် ကိုဗစ်ကာလမှာ နိုင်ငံတော်တော်များ များ ဗီဇာ ကန့်သတ်မှုတွေ, အချိန်ယူတာတွေ ရှိနေကြတာပါ။ နိုင်ငံကြီးလေ ဆိုးလေပါ။ တစ်ခု ပိုဆိုးတာက ကိုယ်ကိုယ်တိုင်က Financial (ဘဏ္ဌာရေး) မတောင့်တင်တာမျိုး, ကျောင်းဝင်ခွင့်ရဖို့ သတ်မှတ်ထားတဲ့ Requirement တွေ ပြည့်မမီတာမျိုးဆို အတော် ခက်ပါတယ်။ ဒီကာလမှာ အကောင်းဆုံးက ကျောင်းတွေ လျှောက်တဲ့ အခါ ငွေကြေး တတ်နိုင်တဲ့သူအတွက် ယူအက်စ် ဖြစ်ဖြစ်, ယူကေ ဖြစ်ဖြစ် နံတ်ပတ် (၁) ဘတ်ဂျက်တောင့်တဲ့ (Ranking) ကောင်းတဲ့ ကျောင်း […]
အစိုးရကျောင်း နဲ့ အင်တာနေရှင်နယ် ဘယ်ကျောင်းရွေးချယ်ရမလဲ
အစိုးရကျောင်း နဲ့ အင်တာနေရှင်နယ် ဘယ်ကျောင်းရွေးချယ်ရမလဲ တဲ့။ တစ်နှစ်ကို အနည်းဆုံး ဆယ်လေးငါးသိန်း, သိန်းနှစ်ဆယ် တတ်နိုင်တဲ့ လူလတ်တန်းစားမိဘတွေ အတွက်က ပြဿနာ မဟုတ်ပေမယ့်၊ ဝန်ထမ်းလိုမျိုး မိဘတွေအတွက်က တော့ အခမဲ့ ရတဲ့ အစိုးရပ့ညာရေးပဲ ဦးစားပေးစေချင်ပါတယ်။ အစိုးရကျောင်း မနေ့က ပြောသလို သင်ရိုးကတော့ အဆင့်မီအောင် ကြိုးစားထားကြတာချည့်ပါပဲ။ Update ဖြစ်အောင်, ပိုကောင်းအောင်ကတော့ သင်ကြားရေးပိုင်းနဲ့ သင်နည်းစနစ်တွေ ပဲ အရေးကြီးတာပါ။ ကလေးတွေအတွက် ဘာသာစကားလေးနဲ့ သင်္ချာ လိုမျိုး အားနည်းရင် အပြင် သင်တန်းလေးတွေ ဖြည့်ပေးနိုင်ရင် အဆင်ပြေပါတယ်။ မြန်မာကျောင်းက ဆယ်တန်းပြီးလည်း အပြင် က skill ပိုင်းလေးတွေ ဖြည့်ပေးလိုက်တာနဲ့ နိုင်ငံတကာ ကောလိပ်ကျောင်းတွေ သွားတက်နိုင်ပါတယ်။ အစိုးရကျောင်းပဲ တက်မယ့်ကလေးတွေအတွက်။ […]
သားစုလိုက်ပြည်ပကို ထွက်တော့မယ်ဆိုရင်
မြန်မာဘဏ်တွေကနေ Visa, Master Card တွေ တပြုံကြီး လုပ်ပြီး ပြည်ပထွက်သွားကြတဲ့ မိဘတချို့ ရဲ့ ဒုက္ခတွေ ကြားပြီး ကိုယ်ချင်းစာမိတယ်။ ကိုယ့်နိုင်ငံက မလုံခြုံဘူးဆိုပြီး မိသားစုလိုက် ရှိတာရောင်းချ ထွက်သွားပြီးမှ နေရာသစ်မှာ ဒီလိုဒုက္ခဆိုတာ တွေ့ရတတ်တာပါပဲ။ မိသားစုလိုက်ပြည်ပကို ထွက်တော့မယ်ဆို ရှုထောင့်မျိုးစုံက စဉ်းစားလေ့လာပြီးမှ ပြင်ဆင်သင့်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ပြည်ပမှာ ပုံမှန်ဝင်ငွေမရခင် လုံလောက်တဲ့ အသုံးစရိတ် ကို ဒေါ်လာ ($Cash) နဲ့ တမျိုး ဟိုဘက်ရောက်တာနဲ့ ရောက်တဲ့နိုင်ငံရဲ့ငွေ လဲလှယ်ထားနိုင်ဖို့ တခါတည်းကြိုချိတ်ပြီး ပြင်ဆင်ထားသင့်ပါတယ်။ မိသားစုအတွက်လိုအပ်တဲ့ စာရွက်စာတမ်း (Required Documents) တွေ ပြင်ဆင်သွားပါ။ Birth Certificate (မွေးစာရင်း), Marriage Certificate(လက်ထပ်စာချုပ်), Properties(ပိုင်ဆိုင်မှု), Bank Statements, […]
US Visa
ဒီလိုကာလမှာ US Visa ဆိုပြီး ဇွတ်အတင်း လျှောက်နေတဲ့ မိတ်ဆွေတွေ တွေ့ဖူးတယ်။ တချို့ကလည်း ကလေးကို ကျောင်း ဗီဇာ လျှောက်ပေးပြီး မိဘက လိုက်ဖို့ ကြိုးစားကြတာလည်း ရှိတယ်။ ဒီနည်းလမ်းဟာ မလိုအပ်ဘဲ ပိုက်ဆံကုန်နိုင်သလို, ကြားပွဲစားတွေရဲ့ အကြိုက်ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဘက်က မပြည့်စုံရင် ဘာမှ မရနိုင်သလို, လိုအပ်တဲ့ Requirement တွေ သိဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့, လိုပါတယ်။ ယူအက်စ်ကို တိုက်ရိုက်မသွားခင်, အကောင်းဆုံးက ပြည်ပသွားဖူးတဲ့ ဟစ်စရီ ရှိရင် ပိုကောင်းသလို, မနေ့က ပြောသလို ကိုယ့်ဘက်က ကိုယ်ပိုင်လုပ်ငန်း (ကုမ္ပဏီ)ပြနိုင်ရပါမယ်။ အနည်းဆုံး ကုမ္ပဏီဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၅၀၀၀၀ (သိန်းတစ်ထောင်ကျပ်) နဲ့ ညီတဲ့ Deposit ရှိထားဖို့လိုသလို, မြန်မာပြည်မှာ ခိုင်မာတဲ့ […]
ဖင်လန်(Finland) နိုင်ငံရဲ့ ပညာရေး
မနေ့ကပြောသလိုပဲ ဖင်လန်(Finland) နိုင်ငံရဲ့ ပညာရေးက တစ်နေ့တာ ရဲ့စာသင်ချိန်တွေကို လျှော့နိုင်သလောက် လျှော့တယ်။ မနက်ပိုင်း(၈)နာရီစတဲ့ ကျောင်းက နေ့ခင်း(၁)နာရိဆိုကျောင်းဆင်းပြီ။ ကလေးတွေက လောကကြီးကို လေ့လာဖို့ လွတ်လွတ်လပ်လပ် အချိန်ပေးနိုင်တယ်။ မြန်မာပြည်က ကလေးတွေကတော့ ည(၈)နာရီအထိတောင် မပြီးချင်သေးဘူး။ သားသမီးကို (၆)နှစ်အသက်ပြည့်တာနဲ့ ကျောင်းထားလိုက်တာ မိဘနဲ့ ညဘက်အိပ်ချိန်လေးပဲ ပြန်တွေ့ရတာ ဘယ်နှစ်နှစ်ကြာတယ်ထင်သလဲ။ သင်တော့လည်း ဘုန်းကြီး ပိဋကတ်နဲ့ မှားနေလား မပြောတတ်။ အာဂုံဆောင်ရင်း ဘွဲ့ရသွားတာ ဘာမှ မသိလိုက်ဘူး။ ပညာရေး ဝန်ကြီးက အသက်(၃၀)ကျော်။ ဝန်ကြီးချုပ်ကလည်း (၃၀)ကျော်။ လူငယ်ဝန်ကြီးတွေမိုလို့လားမသိ။ ဝန်ကြီးချုပ်က တစ်နေ့တာ ရဲ့ အလုပ်ချိန်တွေကို လျှော့မလား၊ ဒါမှ မဟုတ် working days ကို တစ်ပတ်ကို (၄)ရက်ပဲ ထားမလား […]
ဂျင်း
မြန်မာနိုင်ငံမှာ တရားရိပ်သာတွေနဲ့ နာမည်ကြီးတဲ့ဆရာတော်တစ်ပါး ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်း ပြောထားတာ နားထောင်လိုက်ရတယ်။ အတော် စိတ်မကောင်းဖြစ်မိတယ်။ ငယ်ကတည်းက တရားတွေနဲ့ ကြည်ညိုခဲ့ရတဲ့ဆရာတော်ကြီး လည်း အပါအဝင်ပေါ့။ ဒီလိုဆရာတော်ကြီးတွေ ဘယ်လောက်များမလဲ တွေးပြီး၊ စိတ်ထိခိုက်ရတယ်။ လောကီနဲ့ လောကုတ်ရောထွေးနေတဲ့ အမြင်တွေက စိတ်မကောင်းစရာ။ နေပြည်တော်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့တွေ့ဖူးတယ်။ သူကလည်း တရားဟော ဆရာတော်ကြီးကို အသံရော၊ တရားတွေပါ သိပ်အားကျ ကြည်ညိုတဲ့ သူ။ မတွေ့တာကြာတော့ ဆရာတော်က လည်း ဒီဘုရင်ကြီးမှန်တယ်ဖြစ်လာရော။ တိုင်းပြည်တိုးတက်ရင် ဘာသာတရားကျသွားမယ်ဆိုတဲ့ အတွေးအခေါ်က အတော်ဆိုးရွားတဲ့ လောကီဗဟုသုတနည်းပါးလွန်းတယ် ပြောရမယ်။ ဆင်းရဲနေမှ ဘာသာတရားထွန်းကားမယ် ဆိုတဲ့သဘော။ ဒါဆို မင်းကျင့်တရားနဲ့ ညီခဲ့တယ်ဆိုတဲ့ ရှေးဘုရင်တွေက တိုင်းပြည်ကို မွဲအောင်လုပ်ခဲ့ကြသလား ပြန်မေးခွန်းထုတ်ရမယ်။ ပြည်သူတွေ […]
မတူတဲ့ ဉာဏ်ရည်တွေ
လိုက်ဆို … ‘’သဝေထိုးကကြီးယပင့်ကျေ- ဝစ္စံနှစ်လုံးပေါက် ကျေး’’ ‘’သဝေထိုး..ရေးချာ..ကျေး…’’ ရေးချာ မပါဘူးဆိုကွာ.. ယပင့်ကျေးပါဆိုမှပဲ…ပြန်ဆို… ‘’သဝေ… ထိုး …. ယပင့်….ကျေး ….’’ 😀 အသက် ၇ နှစ်ဝန်းကျင်လောက်ရှိမယ်ထင်တဲ့ အရွယ်တူ ကိုရင်လေးနှစ်ပါး အချင်းချင်း စာသင် စာသင်နေတာကြည့်ပြီး အူတက်အောင်ရယ်နေမိတယ်။ တချို့ကလည်း ဘယ်လောက်သင်သင် မျက်ပေတုံး, ဥာဏ်ပေတုံး။ စာသင်ဆရာတိုင်း တွေ့ဖူးကြလိမ့်မယ်။ ဆရာတွေ လက်မြှောက်အရှုံးပေးကြရတဲ့ သူတွေ။ ပုံမှန် အလယ်အလတ် ဥာဏ် ကောင်း တဲ့ကလေးကို တစ်ခေါက်သင်လို့နားလည်ရင် အဲလိုကလေးမျိုးကို လေးငါးကြိမ်လောက်စိတ်ရှည်ရှည်သင်ပေးကြရတယ်။ ဒါတောင် တီးမိခေါက်မိရုံ။ တပည့်တစ်ယောက်တွေ့ဖူးတယ်။ သူများတွေ တစ်နှစ်လောက်ကိုယ့်ဆီမှာနေတာနဲ့ နည်းပညာ ပိုင်းအကုန်လုံးလိုလိုရသွားကြတယ်။ အဲဒီတစ်ယောက်ကတော့ ၄ နှစ်လောက် နေသွားရှာတယ်။ ဒါပေမယ့် သူက နေပါများတော့ […]
ကြိုးစားကြည့်ပါ။ ဇွဲရှိပါ။
ညီမတစ်ယောက်က မပြေတဲ့ အကြောင်း ညည်းတယ်။ မောင်တွေ,ညီမတွေ အသုံးမကျတဲ့အကြောင်း, အလုပ်တွေ ဘာလုပ်ရမှန်းမသိတဲ့ကြောင်း စုံလို့ပေါ့။ ဘာမှ လုပ်မရရင် ကုသိုလ်လေးပဲ လုပ် လို့ပြောတော့ လုပ်တာပဲ, မပြေတာက မပြေတာပဲ တဲ့။ 🙂 တကယ်တော့ သစ်ပင်စိုက်သလိုပါပဲ။ အပင်က ချက်ချင်းမကြီးသလို, အသီးကလည်း ချက်ချင်းမသီး။ စေတနာ နဲ့ လုပ်ဆောင်မှုပေါ်မှာ ပဲ မူတည်တာပါ။ စိတ်ပါလက်ပါနဲ့ ဂရုတစ်စိုက် လုပ်နေရင် တစ်နေ့နေ့တော့ အချိန်တန်ရင် ကိုယ်ပျိုးထားတဲ့ အသီးကိုယ်ပဲ စားရမှာပါ။ တချို့ အားထုတ်မှုတွေက လိုချင်စိတ်အရမ်းများနေရင် ဖြစ်လာတာ ကြာတတ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်း သူဌေးတစ်ယောက်ပြောသလို ဘာမှ မလိုချင်မှ ရတာ သူငယ်ချင်း၊ ကိုယ်က လိုလို့ငွေနောက်ပြေးလိုက်နေရင် မောတာပဲ အဖတ်တင်မယ်, အေး […]
ဒစ်ဂျစ်တယ်ခေတ်
နာမည်ကြီးကျောင်းကထွက်လာတဲ့ မိဘတစ်ယောက်က ကိုယ့်ကျောင်းမှာ စာသိပ်မသင်လို့, စာလည်း မကျက်ရတော့ အားရဘူးတဲ့။ 🙂 စာတွေအလွတ်ရမှ စာတတ်တယ်ထင်တဲ့ မိဘတစ်ချို့ရဲ့ လွဲမှားတဲ့ အမြင်နဲ့ ပုံစံမပြောင်းသေးတဲ့ သင်ကြားရေးတွေနဲ့ တော့ အဆင်ပြေနေအုံးမှာပါ။ ပါးစပ်က အလွဲအမှားမရှိ, ခရားရေလွှတ်, အလွတ် ပြောနိုင်တဲ့ ကလေးတွေကို ချီးကျူးတဲ့ အကျင့်က မပျောက်သေး။ ဒါကြောင့်လည်း မြန်မာပြည်မှာ ကျောင်းပြီးလို့ ဘွဲ့တွေရရင် အများစု က ဘဝမှာ အလွှဲတွေနဲ့ ဘဝရပ်တည် ဝမ်းရေး ရှာကြရတယ်။ အင်ဂျင်နီယာက မုန့်ဖုတ်, ဆေးရောင်းပြီး, ဆရာဝန်က ကန်ထရိုက်လုပ်, သွင်းကုန်ထုတ်ကုန် ကုမ္ပဏီထောင်တဲ့ သူငယ်ချင်းတွေ အများကြီး။ မြန်မာစာနဲ့ ပြီးတဲ့ ဆရာက အင်္ဂလိပ်စာ သင်ပြီး, သမိုင်းနဲ့ ပြီးတဲ့သူက ဓါတုဗေဒ သင်သတဲ့။ […]
သူ့နယ်ပယ်နဲ့သူ
ကား ဝယ်ရင် ကားပွဲစားမေးရတယ်။ နွားဝယ်ရင် နွားပွဲစားမေး ဝယ်ရတယ်။ တခါတခါ မှာ သူ့နယ်ပယ်နဲ့သူ ကျွမ်းကျင်ရာ ကျွမ်းရာတွေ တိုင်ပင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ပိုက်ဆံကုန်ပြီး ကိုယ်နဲ့ အသုံးမတည့်တာမျိုးဆို အချိန်ကုန် ငွေပန်း ဖြစ်ကရော။ ပစ္စည်းဝယ်ရင် (ပိုက်ဆံပေါတဲ့သူကတော့ထားပေါ့) ကောင်းပေ့ညွန့်ပေ့ ဆိုတာမျိုးတွေ ရွေးဝယ်တာ ဝယ်နိုင်ရင်ကောင်းပေမယ့် လူလတ်တန်းစားကြတော့ ဘာမဆို တွက်နေရတယ်။ ကိုယ့်အိပ်ကပ်ထဲ ပြန်ပြန်ကြည့်နေရတယ်။ ဝယ်တိုင်းလည်း ကိုယ်နဲ့ ကိုက်ချင်မှ ကိုက်တာ။ ကိုယ့်အတွေ့အကြုံလေး တစ်ခုပြောပါမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပိုက်ဆံနည်းနည်းပြေလည်တဲ့ မိဘတစ်ယောက်က သူ့သမီးအတွက် ၁၈ သိန်းလောက်ပေးရတဲ့ ကွန်ပျူတာ ကြီး ဝယ်လာပြီး ပြတယ်။ အဲတုန်းက နောက်ဆုံးပေါ်ပေါ့။ ရုတ်တရက်ဆို ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားတယ်။ ကလေးသင်နေတာက ကွန်ပျူတာ […]