ကလေးတွေ မှာ ဉာဏ်ရည်မတူတာတွေ ရှိတဲ့ အကြောင်:
ကလေးတွေ မှာ ဉာဏ်ရည်မတူတာတွေ ရှိတဲ့ အကြောင်း ပြောတော့ မိဘတစ်ယောက်က သူ့ကလေးက ဟိုစပ်ဒီစပ်စပ် နဲ့ ဘာဝါသနာ ပါမှန်းမသိတဲ့ အကြောင်း ပြောပြတယ်။ တကယ်တော့ ကလေးတိုင်းမှာ သူ့ ပါရမီ နဲ့သူ ရှိကြပြီးသား။ တခါတခါ မြုပ်နေတတ်တယ်။ ဒီ ဇ လေးတွေပေါ်လာဖို့ ဆိုရင် မိဘဖြစ်သူက အဓိကပဲ။ တချို့က လည်း ကိုယ့်ကလေးကို အတင်း ပုံစံသွင်းယူတယ်။ ကလေးဆိုတာ သူ့ဝန်းကျင်ကို ကြည့်ပြီး စိတ်ပြောင်းတတ်ကြတယ်။ အားကျအတုယူ တတ်ကြတယ်။ ဒါကို ဝါသနာ လို့လည်း တစ်ထစ်ချ ပြောမရပြန်ဘူး။ မြင်နေကျ၊ ကြားနေကျ မို့ စိတ်စွဲလမ်းနေတာလည်း ဖြစ်နိုင်တယ်။ တကယ့်ပါရမီ ဆိုတာကတော့ သူ့ကိုယ်တိုင် ဝါသနာပါပြီး အဲဒီ သူဝါသနာကြီးတဲ့ […]
စာများများဖတ်ဖို့
သားတွေ သမီးတွေကို တွေ့တိုင်း စာများများဖတ်ဖို့ တိုက်တွန်းရတယ်။ စာအုပ်စာပေတွေဆိုတာ အဲဒီစာအုပ်ရေးသူတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဗဟုသုတတွေ။အတွေ့အကြုံကောင်း, ပညာကောင်း, အတွေးအကြံကောင်းသူတွေရဲ့ ရသ, ဗဟုသုတ ရောနှောထားလို့ ဟင်းကောင်းတစ်ပွဲကြောင့် ခန္ဓာကိုယ်အတွက် အားအင်ဖြစ်သလို, အဲဒီစာအုပ်စာပေကြောင့် ဦးနှောက်ကို ဖွံ့ဖြိုးရင့်ကျက်စေပါတယ်။စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူ သိသိသာသာကွာပါတယ်။ လောကီ, လောကုတ် အစုံဖတ်နိုင်လေ ကောင်းလေပါပဲ။စာအုပ်စာပေတွေ နေ့စဉ်ဖတ်ခြင်းဟာ ပညာရှိသူတော်ကောင်းတွေရဲ့ တရားစကားတွေကို နေ့တိုင်းနာကြားနေတဲ့သူတွေနဲ့လည်းတူပါတယ်။ အမြင်ကျယ်တယ်။ အတွေးခေါ်ကောင်းတယ်။ ဗဟုသုတပြည့်ဝတယ်။ ကြောင်းကျိုးဆက်စပ်ပြီး ဆင်ခြင်တုံတရားနဲ့ ဘဝကို လျှောက်လှမ်းနိုင်ကြတယ်။စာတွေ အများကြီးဖတ်နိုင်လာလေလေ, ပညာရှိတွေလို ရင့်ကျက်တည်ငြိမ်လာလေလေပါပဲ။ သူများပြောသမျှ မယုံသလို, သူများစည်းရုံးတိုင်း ယောင်တောင်တောင် ပါသွားလေ့မရှိတဲ့သူတွေ။ အမှားနဲ့ အမှန်, အကောင်းနဲ့အဆိုး ခွဲတတ်ရုံသက်သက်မကဘဲ, လမ်းပြနိုင်တဲ့သူတွေဖြစ်လာတယ်။ ပြဿနာတိုင်းရဲ့ အစကို ဆွဲထုတ်နိုင်သလို, […]
ဆန္ဒမစောပါနဲ့
ဒီလိုသာ ကျောင်းတွေ မနေရဘဲဖြစ်နေရင် ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာစိုးတယ်ဆရာတဲ့။ စိတ်သိပ်မပူပါနဲ့။ သားငယ်သမီးငယ်တို့အတွက် ပညာရေးတွေရပ်တန့်နေချိန်မှာ အကောင်းဆုံးပြင်ဆင်ထားသင့်တာကတော့ မရှိမဖြစ် core subjects တွေဖြစ်တဲ့ အင်္ဂလိပ်စာ နဲ့ သင်္ချာ၊ ဒီနှစ်ဘာသာ ကို သေချာသင်ထားပါ။ ကျန်တာတွေအတွက် ဗဟုသုတဖြစ်စရာတွေပဲ စာဖတ်ခိုင်းပါ။အင်တာနက် မရှိရင်လည်း နီးစပ်ရာ ဆရာ၊ ဆရာမတွေ စုငှါးပြီး လေးငါးယောက်စုပြီးသင်ထားစေချင်တယ်။ အချိန်သိပ်မရွေးပါနဲ့။ အချိန်သိပ်မစောင့်ပါနဲ့။ အတန်းပညာတက်ရဖို့ထက်၊ ကလေးတွေ အတွက် စဉ်ဆက်မပြတ်သင်ယူလေ့လာနိုင်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ခုက အရည်အချင်းပါ။ အရည်အချင်းကို ဉီးစားပေးပါ။ ဆန္ဒမစောပါနဲ့။ သင်္ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။ စဉ်းစားဉာဏ်ကို ဉီးစားပေးပါ။ ဖြန့်ထွက်တွေးတတ်အောင် သင်ယူခိုင်းပါ။အရွယ်နဲ့ လေ့လာမှုက မျှတဖို့လိုပါတယ်။ ဥပမာ အသက် ၁၀ နှစ်ကလေးဆိုရင် […]
လူတွေဆိုတာ ယုံကြည်ရာ၊ တူရာ စုကြတယ်
လူတွေဆိုတာ ယုံကြည်ရာ၊ တူရာ စုကြတယ်။ ကိုယ့်ထဲက မိဘတွေက တော့ ကိုယ့် ကို ခင်ကြ၊ ချစ်ကြ၊ ယုံကြည်ကြတယ်။ ဒါကြောင့် ကျောင်းလေး လုပ်ဖို့ အားဖြစ်ခဲ့တယ်။ အထူးသဖြင့် ကိုယ်ရစေချင်တာကနယ်က မိဘတွေ ရဲ့ကလေးတွေ။ရန်ကုန်လို ခေါင်းခေါက်ရွေးစရာ မရှိ။ ကျောင်းကောင်းမရှိ။ မိဘက တတ်နိုင်လည်း ထားစရာ၊ ပို့စရာ သင်တန်း ကောင်းကောင်း မရှိ။ ဆရာရှား၊ အဆက်သွယ်ရှား နဲ့။ပြီးတော့ ဝန်ထမ်းတွေ ရဲ့သားသမီးတွေ။ ကောင်းမွန်တဲ့ ပညာရေးကို မတတ်နိုင်။ ပညာရေး ပညာရေး နဲ့ မြန်မာမိဘတွေ ရဲ့ အပင်ပန်းဆုံး ကုန်ကျစရိတ်။သမာရိုးကျတွေ ကို မကြိုက်ပေမယ့် သမာရိုးကျတွေ နေသားကျအောင်နေရင်း အညွန့်တုံးနေကြရတဲ့ မျိုးဆက်တွေ အများကြီး။ကိုယ့်သင်ပေးလိုက်ရတဲ့ သားသမီးတိုင်းကို ကိုယ့်သားသမီးလေးတွေလိုပဲ သားအရင်း […]
ကလေးကိုကိုယ့်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ဇွတ်အတင်းမထည့်ပေးပါနဲ့
နိုင်ငံတကာ တက္ကသိုလ် တွေကို သွားနိုင်ဖို့ ခုကတည်းက ဘာပြင်ထားရမလဲ တဲ့။ဘယ်သူတက်မှာလဲ လို့မေးတော့ ကျွန်မကလေးအတွက်ပါ တဲ့။ ကလေး က ဘယ်အတန်း တက်နေတာလဲ ဆိုတော့ “ခုမှ ကျောင်းစအပ်မှာ လေးနှစ်ခွဲ” တဲ့ 🙂အတော်နောက်တယ် 😀 လောလောဆယ် ကိုယ်အရင်ကျောင်းတက်လိုက်ပါ လို့ စလိုက်တယ်။ 😀တို့မိဘတွေလည်း ပညာရေးကို အားပါလွန်းတယ်။ တော်သေးတာပေါ့ ဗိုက်ထဲရှိနေတဲ့ ကလေးအတွက် မမေးတာဘဲ။နိုင်ငံတကာ ကျောင်းတွေ သွားတက်ဖို့ ဆိုတာထက် ကလေးရောက်နေတဲ့ အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းလေးတွေသာ ရအောင်ဖြည့်ထားပေးပါ။ ကျောင်းစာတွေ ထက် အပြင်စာတွေပါ ဖတ်ခိုင်းလေ့လာခိုင်းပါ။ အားရင် ကလေးကို စာဖတ်ကူပေးပါ။ မဟုတ်ရင်လည်း ကလေး ဖတ်နိုင်တဲ့ စာအုပ်လေးတွေ သူ့အနီးနာ ချပေးပါ။ မြန်မာပြည်မှာ စာကြည့်တိုက်တွေ […]
ဆဲတယ် ဆိုတာ ဘာလဲ တဲ့။ ဘယ်လို စကားမျိုးလဲ တဲ့
၆ နှစ် အရွယ် သမီးငယ်က ဆဲတယ် ဆိုတာ ဘာလဲ တဲ့။ ဘယ်လို စကားမျိုးလဲ တဲ့။ ဘာအဓိပ္ပါယ်လဲတဲ့။ကိုယ်ငယ်ကတည်းက အဘိုးတွေ အဘွားတွေက အဆဲမသင်ပေးသလို, ကြမ်းတမ်းစကားမျိုးကို လူကြားထဲ အဝတ်ဗလာ နဲ့သွားရမှာမျိုး ကြောက်သလို ရှက်ခဲ့တယ်။ နှုတ်က တခါမှ မထွက်ဘူးသလို, တခါတခါ စိတ်တိုရင် တောင် “ ခွီးမှ ပဲ, မင့်အမေ ကြီးလာ ကွ “ တောက် ခေါက်ရုံလောက်ပဲ ဆိုတော့ အိမ်က သားတို့သမီးတို့က အဆဲဆိုတဲ့ စကား မသိ။ တကယ်တော့ မိဘက အခရာပါ။ ကိုယ်ကလေးကို ကိုယ်ကိုယ်တိုင်က ကြမ်းတမ်းတဲ့ စကားမျိုးပြောတတ်ရင် သူတို့က အနားက မိဘ အကြီးအကဲတွေရဲ့ ဟန်အမူအရာကို ကြည့်နေတတ်, […]
starter, mover တွေ တက်ထားဖို့လိုသလား
အင်တာနေရှင်နယ်စကူးလ်တက်နေတဲ့ မိဘတစ်ယောက်က starter, mover တွေ တက်ထားဖို့လိုသလား လို့ မေးတယ်။ဘာလုပ်ဖို့လဲ လို့မေးတော့ မသိဘူး သူများတွေ တက်နေတော့ လိုအပ်မလားလို့ မေးကြည့်တာတဲ့။ 🙂International School တွေမှာ သင်တာလည်း Cambridge ပါပဲ။ Starter, Mover, Flyer(YLE) ဆိုတာ လည်း Cambridge ပဲ။ YLE (Young Learner English) က အသက် ၇ နှစ်ကနေ ၁၂ နှစ်၊ KET က အသက် (၁၂-၁၃)၊ PET က (အသက် ၁၃-၁၄) စသဖြင့် Cambridge စာမေးပွဲတွေ ရှိကြတယ်။ ကျန်သေးတယ် အသက်အလိုက်၊ CAE တို့ CPE တို့။ […]
A level, IGCSE နဲ့ မြန်မာဆယ်တန်း က ဘာတွေကွာလဲ
A level, IGCSE နဲ့ မြန်မာဆယ်တန်း က ဘာတွေကွာလဲ တဲ့။နားလည်လွယ်အောင် ပြောရရင် GCE “A” Level ဆိုတာက Junior College ပြီးဆုံးတယ်လို့ အသိမှတ်ပြုတဲ့ လက်မှတ်။ မြန်မာပြည်မှာ ခုမှ စမယ့် Grade 12 နဲ့ ညီမယ်။ GCE ဆိုတာ General Certificate of Education ရဲ့ အတိုချုပ်ပါ။iGCSE က “O” Level နဲ့ညီပါတယ်။ ခုနောက်ပိုင်း Cambridge က ပေးတဲ့ IGCSE ကို ကိုယ်စားပြုပြီး ခေါ်ကြတယ်။ Pearson Edexcel ကလည်း Internation GCSE ဆိုပြီးသုံးနှုန်းပါတယ်။ အတူတူပါပဲ။ IGCSE ရဲ့ အရှည်ကောက်ကတော့ […]
အများကြီး မလုပ်ပေးနိုင်သေးရင်တောင် ကိုယ့်ကြောင့် သူတို့ အားနည်းမသွားစေနဲ့
သားတစ်ယောက် က သူ့ကို သူ့သူငယ်ချင်းတစ်ယောက်က ဆဲရေးတိုင်းထွာတဲ့ အကြောင်း တိုင်တယ်။ ဟိုဟာလည်း သား ဒီဟာလည်း သားဆိုတော့ ကြားထဲက ကိုယ်က ခေါ်ငေါက်မချင်။တိုင်တဲ့သားကိုပဲ ခေါ်ပြီး ဆုံးမရတယ်။“_သားက ပိုလိမ္မာတယ်။ အဲဒီတော့ သားက ပိုပြီး သည်းခံနိုင်ရမယ်။ ပိုလိမ္မာ တဲ့ သားတွေဟာ ရှေ့ဆက်လျှောက်ရမယ့် လောကမှာ ဘယ်တော့မှ ဒုက္ခမရောက်ဘူးသား။ ဆဲတတ်တဲ့သူငယ်ချင်းတွေ ကလည်း သူက တကယ် ဆဲချင်လို့ ဟုတ်ချင်မှ ဟုတ်မှာ။ အကျင့်ပါတာလည်း ဖြစ်နိုင်တယ်။ တချို့က ကြတော့ သူ့နေတဲ့ ပတ်ဝန်းကျင်ကနေ တတ်တာ။ မြင်ပါများ ကြားပါများတော့ အကျင့် ဆိုးလေးတွေ စွဲကပ်လာတာမျိုးပေါ့၊ သားက သူတို့လို လူမျိုးကို မပေါင်းချင်ဘူးမိုလား, အဲဒါမှားတယ်သား။ ပတ်ဝန်းကျင်ဆိုတာ မျိုးစုံ။ သစ်ပင်တွေကိုကြည့်လေ။တချို့က […]
early teens အရွယ်၊ အသက် (၁၂) အထက် အတွက် ဖတ်ရမယ့်စာအုပ်တွေ ထပ်ညွှန်းပေးပါ တဲ့။
early teens အရွယ်၊ အသက် (၁၂) အထက် အတွက် ဖတ်ရမယ့်စာအုပ်တွေ ထပ်ညွှန်းပေးပါ တဲ့။အတန်းကြီးလာလေလေ အပြင်စာအုပ်စာပေ ပိုဖတ်သင့်လေလေပါ။ နည်းပညာတွေ သိပ္ပံတွေ့ရှိချက်တွေ နေ့စဉ်၊ နာရီနဲ့ အမျှ ပြောင်းလဲ တိုးတက်နေတဲ့အချိန်မှာ၊ ဘယ်သင်ရိုးမှ နေ့စဉ် လစဉ် update မလုပ်နိုင်သလို၊ လုပ်ဖို့ လည်း မလွယ်ကူလှပါဘူး။ နောက်တစ်ခု စာရိတ္တ၊ ရသ နဲ့ ဗဟုသုတ စာပေတွေဆိုတာ မနေ့ကပြောသလို မရှိမဖြစ် multivitamin ဖြည့်စွက်စာတွေပါ။ဒါကြောင့်လည်း သင်ရိုးတွေဟာ တကယ့် စာအုပ်ကြီးတစ်အုပ်ရဲ့ မာတိကာမျှသာ ပဲလို့ ဆိုကြတာပါ။ တကယ့် အရည်ချင်းပြည့်တဲ့ စာသင် ဆရာတွေက စာသင်ကြရတဲ့အခါ သင်ရိုးထဲက သင်ခန်းစာကို မှီငြမ်းရုံ၊ Reference ယူရုံပဲ ယူကြပြီး ကိုယ်ပိုင်ဟန်နဲ့ […]