GCSE နဲ့ GED ဘာကွာတာလဲ
GCSE နဲ့ GED ဘာကွာတာလဲ ခဏခဏ မေးတဲ့ မိဘတွေ အတွက် ရှင်းအောင် ပြောပြချင်ပါတယ်။ GCSE ဆိုတာ ယူကေ (England, Wales, Northern Ireland) Education Systemပါ။ General Certificate of Secondary Education ဆိုပြီး Secondary School ပြီးဆုံးကြောင်း အသိမှတ်ပြုတဲ့ စာမေးပွဲ။ GCSE O level ပြီးရင် တချို့ကောလိပ်ကျောင်းတွေက လက်ခံပေမယ့် တချို့က GCSE A Level ဆိုပြီးထပ်တက်ရပါသေးတယ်။ တချို့ကြတော့လည်း University Foundation ဆိုပြီးတက်ရလေ့ရှိပါတယ်။ GED က ယူအက်စ် ရဲ့ ပညာရေးစနစ်။အရှည်ကောက်က General Education Development, GED ပြီးရင် […]
ကံကောင်းတဲ့သူတွေဟာ
ကံကောင်းတဲ့သူတွေဟာ ကံကောင်းဖို့ကို အလိုလိုဖန်တီးပေးလာတတ်ကြတယ်။ ကံဆိုးမယ့်သူများ ကြတော့လည်း အဖေါ်လေးတွေနဲ့တဲ့။ အတိတ်ကံဆိုတာ မမြင်ရ မမှန်းဆနိုင်တော့ ပစ္စုပ္ပန်တည့်တည့်မှာပဲ ရပ်တည်ချက် ယုံကြည်ချက် နဲ့ ရှေ့ကို ဆက်သွားကြရမှာပါ။ တချို့က ကံမကောင်းဘူးဆိုပြီး ကောင်းတဲ့ကံတွေ တည်ဆောက်ဖို့ ကုသိုလ် ကောင်းမှုလုပ်တာမျိုးတွေ မေ့လျော့နေတတ်ကြတယ်။ ကုသိုလ်စိတ်က ကောင်းကျိုးကို တွန်းအားပေးတယ်။ အကုသိုလ်စိတ်က အကုသိုလ်ကို တွန်းပို့တယ်။ ပုတီးစိတ်စိတ် ဂါထာရွတ်ရွတ် နားမလည်ရင်တောင် ဘုရားကို ကြည်ညိုစိတ်နဲ့ ရွတ်နေရင် အနည်းဆုံးစိတ်က အကုသိုလ်စိတ်ဖြစ်ဖို့နည်းသွားတယ်။ အကုသိုလ်စိတ်နည်းလာရင် စိတ်ကြည်လာမယ်။ စိတ်ကြည်လာရင် လုပ်သင့်တဲ့အလုပ်မလုပ်သင့်တဲ့အလုပ် မြင်လာမယ်။ စိတ်ကြည်တော့ မျက်နှာကြည်လင်လာမယ်။ မျက်နှာကြည်လင်လာတော့ ချစ်ခင်တဲ့မိတ်ဆွေတွေ တိုးလာမယ်။ ဒါကပဲ ကုသိုလ် အကျိုးပေးဖို့ လမ်းကြောင်းပွင့်လာတဲ့သဘောပဲ။ ကောင်းတဲ့စိတ်ဆိုတာ ဘယ် ဘာသာတရားဖြစ်မှ ရယ်လို့ မဆိုင်ပါဘူး။ […]
ဆယ်တန်းမပြီးဘဲ ဒီပလိုမာသင်တန်းတွေက တက်လို့ရတာလား
မိဘ(၁) အမေး−၂ ။ ။ ဆယ်တန်းမပြီးဘဲ ဒီပလိုမာသင်တန်းတွေက တက်လို့ရတာလား၊ အဖြေ ။ ။ ရပါတယ်။ ဒီပလိုမာဆိုတာ အသက်မွေးပညာတစ်ခုဖြစ်တဲ့အတွက် ဆယ်တန်းမပြီးထားတဲ့သူတွေအနေနဲ့ ဘွဲ့ယူလို့မရတာကလွဲရင် တက်လို့ရပါတယ်။ ဘယ်လိုဟာမျိုးတွေလည်းဆိုတော့ ဥပမာ ICM က ပေးတဲ့ Single Subject Diploma (Accounting, Business, Management) လိုမျိုးတွေ ယူလို့ရပါတယ်။ ဘွဲ့အထိ ယူချင်ရင်တော့ အစောကပြောတဲ့ GED သို့မဟုတ် ဆယ်တန်းပြီးမှ ရပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် ဒီပလိုတွေကတော့ အိုင်တီပဲဖြစ်ဖြစ်၊ ဘိစနက် ပဲဖြစ်ဖြစ် လုပ်ငန်းခွင်အတွက် တကယ့် skilled (အရည်အချင်းပြည့်) ဖြစ်နေရင် ဘွဲ့ရမှ မဟုတ်ပါဘူး အလုပ်ကပေါပါတယ်။ ဒါပေမယ့် ဆယ်တန်းပြီး(အထက်တန်းပြီးထား)ကြောင်းပြနိုင်တဲ့သူ နဲ့ မပြနိုင်တဲ့သူ ဘာကွာလဲဆိုရင် အထက်တန်းပြီးတဲ့သူက […]
စာစုံဖတ်ဖို့
ကလေးတွေနဲ့တွေ့တိုင်း စာစုံဖတ်ဖို့ ခဏခဏ တိုက်တွန်းဖြစ်တယ်။ ဘယ်လောက်ဘွဲ့တွေရရ, အပြင်စာမဖတ်ဘူးဆိုရင် တကယ့်ဘဝတွေထဲမှာ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့ အခါ လိုချင်တဲ့ ခရီးမရောက်ဘဲ ရပ်တန့်သွားတတ်တယ်။ မိုက်ခရိုဆော့ဖ် ဂုရုကြီး ဘီလ်ဂိတ် က တစ်လကို စာအုပ် အနည်းဆုံး ၅ အုပ်လောက်ဖတ်သတဲ့။ Tesla ကုမ္ပဏီ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မာစ်ခ် ကလည်း သူ့ဘဝကို ပြောင်းလဲ စေခဲ့တာ စာအုပ်တွေကြောင့်ပါတဲ့။ စာမဖတ်တဲ့သူဟာ ဘာပဲ လုပ်လုပ်, သူ့ အမြင် သူ့အတွေးခေါ်တွေဟာ အပျက်သဘော (negative) ပဲ ဆောင်နေတတ်တယ်။ စာအုပ်တွေဟာ စာရေးသူတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေ, အတွေးအခေါ် တွေကို ပေါင်းစု စီဖွဲ့ထားသလို, သူတို့ဆီက မတူတဲ့ အမြင်တွေ, မတူတဲ့ စဉ်းစားတွေးခေါ်မှုတွေကို […]
ပြည်ပ မသွားဘဲ မြန်မာပြည်ကျောင်းဆက်တက်ပြီးယူလို့ရမလား
ဒီကာလမှာ နာမည်ကြီးကိုယ်ပိုင်ကျောင်းကြီးတွေ ရပ်နားထားကြတာများတော့ အထူးသဖြင့်နယ်မှာ ရှိတဲ့ မိဘတွေက IGCSE နဲ့ GED ပိုင်းကို ပိုစိတ်ဝင်တစားမေးလာကြတယ်။ IGCSE သို့မဟုတ် GED ပြီးရင် နိုင်ငံတကာ ကျောင်းတက်နိုင်တဲ့သူ ရှိသလို၊ တစ်နှစ်ကို ဒေါ်လာ တစ်သောင်း (ခုဆို သိန်း ၄၀၀ ဝန်းကျင်) ၊ နှစ်သောင်းကုန်ဖို့ မပြောနဲ့ ပြည်တွင်း တစ်နှစ်ကို ဒေါ်လာ တစ်ထောင် နှစ်ထောင်တောင် မနည်းဖြစ်ညစ် ရုန်းကန်နေရတဲ့ မိဘတွေအတွက် တော့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေကို ထားဖို့ဆိုတာ စိတ်ကူးယဉ် အိပ်မက်တောင် မမက်ဖူးကြတဲ့သူ များပါတယ်။ ဒီတော့ မြန်မာဆယ်တန်း ရွေးချယ်စရာခက်ခဲလာတဲ့အခါ နယ်က မိဘတွေ အစိုးရိမ်ဆုံးနဲ့ အမေးများဆုံးက IGCSE တို့ဘာတို့ တက်ချင်ပေမယ့် ပြည်ပ […]
ဘာသာစကား အခက်အခဲ (Language barrier) ပြဿန
ဘာသာစကား အခက်အခဲ (Language barrier) ပြဿနာ နဲ့ ပါတ်သက်ရင် ကိုယ့်ဆရာမတွေကိုလည်း ခဏခဏ ပြောနေရတယ်။ ဘာသာစကား အားနည်းတာနဲ့ ကျောင်းစာအားနည်းတာ အတူတူဆိုပြီး အမှတ်မှားနေကြတယ်။ ဘာသာစကား အားနည်းတာနဲ့ပဲ ဘာမှ လုပ်မရတော့တဲ့ ပုံဖြစ်နေတယ်။ ခုလောလောဆယ် အွန်လိုင်းပေါ်မှာ ပွနေတဲ့ ပြဿနာက ထက်ထက်မိုးဦးကိစ္စက စတယ်ထင်တယ်။ ဂျပန်ကြီး အီးလို မပြောနိုင်တာနဲ့ စီးပွါးမဖြစ်ဘူးလို့ပြောမှ မရတာ။ ထက်ထက်လည်း သူ့ အလုပ်သူလုပ်နိုင်နေတာပဲ။ သူက မြန်မာလူမျိုးမြန်မာစကားနဲံ သရုပ်ဆောင်ပြီး မြန်မာ ကြော်ငြာတွေ ရိုက်နေတာပဲ။ ဒါက အောင်မြင်နေတဲ့သူ့ရဲ့ Career။ ဘာသာစကား အားနည်းတာဟာ လုပ်ယူလို့ရတယ်။ ရှေ့ကသင်ပေးမယ့်သူရယ်, ပတ်ဝန်းကျင်ကောင်းရယ် ရှိရင် လွယ်တယ်။ ဘာသာစကား ဆိုတာ ကြားခဲံဆက်သွယ်ရတဲ့ အရာမျိုး, အသုံးနှုန်းမှားတာ, […]
IGCSE မတက်ဘဲ၊ မပြီးဘဲ တက္ကသိုလ် တက်လို့ရလား
IGCSE မတက်ဘဲ၊ မပြီးဘဲ တက္ကသိုလ် တက်လို့ရလားတဲ့။ 🙂 အဲဒါနဲ့ ပြောလိုက်တယ်၊ ဘာမှ မပြီးလည်း MBA တက်လို့ရတယ်လို့ 😀 MBA Diploma ဆိုလား အဲဒါမျိုးကိုပြောတာ 😀. တော်ကြာ အမ်ဘီအေ ဆရာတွေက စိတ်ဆိုးနေအုံးမယ်။ တခါတခါ ကျနော်တို့ မိဘတွေလည်း အမြန်ပြီးချင်တယ်ဆိုတာချည့်ပဲ (ကျောင်းပြောတာပါ) ကျနော် ပညာရေး အကြောင်းတွေ အများကြီးရေးခဲ့ပါတယ်။ တချို့အကြောင်းတွေ ဆို ထပ်နေပြီ။ ခုလည်း IGCSE ‘’O’’ Level တက်မယ့် မိဘတစ်ယောက်က သူ့ကလေးကို ကျောင်းမြန်မြန်ပြီးချင်တယ်ဆိုပြီး ရှိသမျှ ကျောင်း အကုန်လိုက်မေးနေပုံရတယ်။ ကိုယ့်ထဲမှာလည်း အဲလိုမိဘများရှိတယ်။ စိတ်က မငြိမ်တော့ တွေ့တဲ့ ကျောင်း ဖေ့သ်ဘွတ်ထဲတောင် အခမဲ့ share ပြီး […]
မာန နဲ့ ဒေါသ
မာန နဲ့ ဒေါသ ဟာ သံချေးနဲ့ဓါး လိုပဲ လူတွေကိုပျက်စီးစေတယ်။ လူဆိုတာ ခက်သားလား။ မရှိရင်လည်း မရှိတဲ့ မာနလေးနဲ့ သုံည လေး ထမ်းပြီး မာနပြတတ်ကြတယ်။ ကိုယ့်ကိုချိုးနှိမ်တာ, ကိုယ့်ကိုကျော တာကို ခါးသည်းစွာ ဒေါသဖြစ်တတ်ကြတယ်။ ဒါကပဲ ကိုယ်သွားနေတဲ့လမ်းကို တွန့်ဆုတ်ရပ်ဆိုင်းစေသလို, တခါတခါ ဒီထက်ပိုဆိုးစွာ မထင်မှတ်တဲ့ အဆိုးတွေ ဆက်တိုက်ဖြစ်လာတတ်တာကို ဆင်ခြင် သတိထားဖို့လိုပါတယ်။ ပညာတွေသင်ယူနေတဲ့ အခါ အတွေ့အကြုံတွေယူနေရတဲ့အခါ မာနကို အပြီးဖျောက်ထားသင့်သလို၊ ဇာတ်ခုံပေါ်က မင်းသားမင်းသမီးတွေလို သရုပ်ဆောင်နေရတာပဲလို့တွေးတတ်ရင် ဘာမှ မာနထားစရာ, ဖြစ်စရာမရှိပါဘူး။ ကိုယ် လိုချင်တဲ့နေရာ, ပန်းတိုင်မရောက်မချင်း သည်းခံသင်ယူရင်း ရတဲ့နေရာ, အခြေအနေ ပေးတဲ့ပေါမှာ မူတည်ပြီး၊ မာန နဲ့ ဒေါသကို သုံည အထိ […]
ပညာရေးဆိုတာ
ပညာရေးဆိုတာ ကျောင်းကိုသွားတာ တစ်ခုတည်းမဟုတ်သလို၊ ကျောင်းကနေ ပြီးတာနဲ့ လည်း ပြည့်စုံတဲ့ ပညာရေး လို့ မပြောနိုင်ပါဘူး။ တွေ့တဲ့ ကျူရှင်အကုန်တက်ပြီး၊ မနားရအောင် သင်တန်းတွေ တက်နေတိုင်းလည်း ထူးချွန်သွားတာမဟုတ်ပါဘူး။ ကျောင်းကောင်းကြီးတွေတက်ရမှ ဘဝမှာ အောင်မြင်နိုင်တယ်လို့ လည်း တစ်ထစ်ချ ပြောမရသလို၊ အဆင့်မရှိဘူးလို့ အများသတ်မှတ်ထားတဲ့ ကျောင်းက ထွက်လာလို့လည်း ဘဝဟာ နိမ့်ကျသွားမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။ ဘယ်က ပြီးပြီး ဘာဘွဲ့ဖြစ်ဖြစ်၊ အပြင်စာတွေ မဖတ်ရင်, အပြင်လောကကြီးကို မလေ့လာရင်, အတွေ့အကြုံတွေ မယူ၊ မပေါင်းစပ်နိုင်ရင်, ကိုယ့်ဘာသာ အိမ်အကြီးအကြီးတော့ဆောက်ထားပြီး အိမ်ထဲမှာပဲ တခါးပိတ်သော့ခတ်ထားပြီး နေတဲ့သူလိုဖြစ်နေမှာပါ။ ဘာလို့စာဖတ်သင့်လဲ မေးရင်၊ စာအုပ်တစ်အုပ်ဖြစ်ဖို့ စာရေးသူတွေ, သုတေသီတွေ, ပညာရှင်တွေ ဟာ များစွာသော သက်ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ်လေ့လာ […]
မနာလိုဝန်တိုခြင်းဆိုတာ
လူအများစုက အဆင်မပြေတဲ့သူတွေကိုတွေ့ရင် သနားတတ်ကြသလိုမျိုး၊ ကူညီမယ့် ပုံစံမျိုးနဲ့ ပြောကြ နှုတ်ဆက်တတ်ကြတယ်။ အဆင်မပြေတာကနေ ပြေသွားတာတွေ့ရင် သို့မဟုတ် ကိုယ့်ထက်သာတယ်ထင်သွားရင် မျက်စောင်းထိုး နှာခေါင်းရွှံ့ပြီး မနာလိုခြင်း စိတ်က စကားအရာ၊ မျက်နှာ အမူအရာ မှာ သိသိသာသာပြောင်းသွား ကြတယ်။ မနာလိုဝန်တိုခြင်းဆိုတာကိုယ့်ထက် သိသိသာသာကြီးကွာဟလွန်းနေရင် မဖြစ်ပေမယ့်၊ ကိုယ်နဲ့တန်းတူတယ်ထင်ရင် သို့မဟုတ် level တူတယ်လို့ထင်နေရင် ဖြစ်တတ်ကြတယ်။ တကယ်တော့ မနာလိုတယ်ဆိုတာ ယင်ကောင်လိုပဲတဲ့။ ခန္ဓာကိုယ်ရဲ့အကောင်ဆုံးနေရာတွေကို မနားဘဲ၊ အနာ(အညီ) နဲ့မှ ပဲ ရပ်ကြ၊ ကြိုက်ကြသတဲ့။ ဒီလိုစိတ်မျိုးဟာ အဆင်မပြေရာကနေ ပြေလည်သွားတဲ့သူတွေကိုတွေ့ရင် အပြင်က ဝမ်းသာနေပြပေမယ့် တခါတခါ မသိစိတ်ထဲမှာ ”မဟုတ်တာလုပ်နေတာမှန်းမှမသိ၊ ဒီလောက်ချမ်းသာသွားတာ ဟုတ်မှ ဟုတ်ရဲ့လား” ဆိုပြီး မကောင်းစိတ်က မကောင်းမြင်စိတ်ကို တွန်းပို့ပြီး စိတ်အညစ်အကြေးတွေကို […]