ပညာသင်တယ်ဆိုတာ
မိဘတိုင်း သားသမီးတွေကို အရွယ်ရောက်တာနဲ့ ကျောင်း တွေ ပို့ကြတယ်။ ကျောင်းတွေ ပို့တိုင်း ကိုယ့်ကလေးကို ဘာအတွက် စာသင်စေတာလဲ သတိပြုဖို့ အရေးကြီးပါတယ်။ ပညာသင်တယ်ဆိုတာ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ် သို့မဟုတ် ကိုယ် အသက်မွေးနိုင်မယ့် အလုပ်တစ်ခုကို ကျွမ်းကျင်ကျင်နဲ့ ဘဝ ရပ်တည်နိုင်ဖို့ ရည်ရွယ်ကြတာချည့်ပါ။ တကယ့်စာသင်ကျောင်းတွေ ဆိုတာ စာသင်ရုံသက်သက် မဟုတ်ဘဲ၊ ၁) အချင်းချင်း ဘယ်လိုပူးပေါင်းမလဲ (Cooperative learning) ၂) ဘယ်လို တွေးခေါ်မလဲ (Critical Thinking) ၃) ဖန်တီးမှု အသစ်တွေ ဘယ်လိုလုပ်မလဲ (Creativity & Productivity) ၄) ဈေးကွက်ဝင်အောင် စနစ်တကျ ဘယ်လို တည်ဆောက်မလဲ (Market Segmentation) ၅) အခက်အခဲတွေ ကို […]
(Project based learning)
သမာရိုးကျအတိုင်း သွားနေတဲ့ ပညာရေးကနေ ဖေါက်ထွက်ရတဲ့ အခါ နည်းနည်းတော့ သည်းခံရတယ်။ စာမေးပွဲတွေပေါ်မှာ အားပြုကြီးပြင်းလာခဲ့ရတဲ့ အကျင့်က ရုတ်တရက် ဆို ဖြစ်မှဖြစ်ပါ့မလား သံသယဝင်ကြတယ်။ အတန်းတင်ဖို့ စာမေးပွဲ စစ်တာကို လျှော့ပြီး(exam 40%)၊ Assignments, PBL (Project based learning) နဲ့သွားမယ်လို့ မိဘတွေကို ပြောတော့ တချို့က တကယ်တတ်ပါ့မလား၊ စာမေးပွဲမပါဘဲ ကလေးတကယ်တတ်မတတ်ကို ဘယ်လိုမှ မိသိနိုင်ဘူးတို့ ဘာတို့ ငြင်းခုန်ကြတယ်။ အစွဲတွေကို ခြေဖျက်နိုင်ဖို့ နားလည်သဘောပေါက်အောင် အရင်ရှင်းပြရတယ်။ တစ်နှစ်လုံးသင်ယူလေ့လာထားတဲ့ စာတွေကို Exam စာမေးပွဲ တစ်ခုတည်းပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာဟာ ကြီးမားတဲ့ ပညာရေး လွဲလျှော်မှုကြီးလို့တောင် ပညာရှင် အများစုက ဆုံးဖြတ်လာကြတယ်။ ဒါကြောင့် တိုးတက်ပါတယ်ဆိုတဲ့ အနောက် […]
ကလေးတွေ YouTube ကြည့်သင့်လား
ကလေးတွေ YouTube ကြည့်သင့်လားဆရာတဲ့။ 🙂 ခေတ်က သူတို့ခေတ်။ ကိုယ်တွေလို တီဗီကြီးရှေ့ထိုင်းပြီး အသံလွင့်တဲ့သူတွေက သူတို့ ပြောချင်ရာ ပြချင်ရာ ထိုင်စောင့်ကြည့်ရတဲ့ ခေတ်မှ မဟုတ်တာ။ ကလေးမပြောနဲ့ လူကြီးပါ ကြည့်သင့်တယ်။ တချိန်လုံး ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်တာထက် စာရင် YouTube ထဲက စိတ်ဝင်စားစရာတွေ ဝင်ရှာပြီး လေ့လာသင့်တယ်။ ဘာသာစကားပြော, ဟင်းချက်နည်း, မုန့်လုပ်နည်း, စက်ပြင်နည်းကအစ နိုင်ငံတွေအကြောင်း, ကမ္ဘာ့မြို့ကြီးတွေအကြောင်း, နိုင်ငံရေး, စီးပွါးရေး စုံလို့။ သိပ်စိတ်ဝင်စားစရာတွေ အများကြီး။ ကလေးတွေကို ကြည့်ခိုင်းတဲ့ အခါ ကလေးနဲ့ဆိုင်တဲ့ င်္အဂလိပ်သီးချင်းလေးတွေ, တချို့ YouTuber လေးတွေက အိမ်ထဲမှာ အရုပ်ဆော့ရင်း စကားပြောတာလေးတွေက ကလေးတွေကို ဘာသာစကား အတွက် အလွန်အထောက်ပံ့ဖြစ်စေသလို သူတို့နေ့စဉ်ဘဝတွေလေးအတွက်လည်း အတုယူစရာလေးတွေ […]
အစာလည်း ဆေး, ဆေးလည်း အစာ
အသက်(၅၀)ကျော်ရုံလေး ရှိတဲ့ အမတစ်ယောက်က အမက သွေးတိုး ရှိတယ်, တခါတခါ ဖျုစ် ပြတ်မတတ် ငါ့မောင်ရေ တဲ့။ ပြောသေးတယ်, အမက အစားအသောက်ကြိုက်တယ်။ အားရင် အစားအသောက်ပဲ လုပ်စားနေတာ။ အိမ်က ငြီးလာရင် အပြင်ထွက်စားပလိုက်တယ် တဲ့။ အဲဒါနဲ့ပဲ ဝတုတ်ပြီး လမ်းသိပ်မလျှောက်နိုင်တော့ဘူးကွယ့်တဲ့။ မြန်မာတွေက ဆီ စားများသလို အငံ တွေလည်း သိပ်စားကြတယ်။ အချိုမှုန့်မပါရင် အရသာ မရှိဘူးလို့ထင်တာက ပိုဆိုးတယ်။ ကျန်းမာရေး နဲ့ ပါတ်သက်တဲာ သိပ်မသိပေမယ့် အငံ, အစပ် နဲ့ ဆီ တွေ လျှော့မစားရင် ကျန်းမာရေးအတွက်ရေရှည်မှာ သိပ်မကောင်း။ ခုခေတ်တော်တော်များများ အနီးနားဝန်းကျင်က မိတ်ဆွေတွေကြည့်ရင် အသက် ငါးဆယ်ကျော်လာတာနဲ့ တစ်ဝက်ကျော်က သွေးတိုး, ဆီးချို တွေ […]
ဂိမ်းဆော့တာတို့ YouTube ကြည့်တာတို့ က ကလေးတွေ အတွက် ပညာရေး ထိခိုက်နိုင်သလား
ဂိမ်းဆော့တာတို့ YouTube ကြည့်တာတို့ က ကလေးတွေ အတွက် ပညာရေး ထိခိုက်နိုင်သလားတဲ့။ ဒီစကားဘာလို့မေးတာလဲ လို့မေးတော့ သူများတွေ ရေးထားတာတွေ့လို့ပါတဲ့။ ထူးဆန်းပါ့။ အရင်ဆုံး ပြောချင်တာက အက်ဂျူကေးရှင်း ပညာရေးဆိုတာဘာလဲ။ စာရွက်၊စာအုပ်နဲ့ရေးထားမှ ပညာရေးလား။ ရှေးတုန်းက ပေစာ၊ ပရပိုက်စာ၊ ကျောက်စာ၊ အုတ်ခွက်စာတွေနဲ့ ပညာရေးသွားခဲ့ကြတယ်။ အဲဒီအရင် ရှေးခေတ်က ဘာမှ ရေးစရာမရှိလို့ နှုတ်တိုက် စာပို့ချခဲ့ကြတယ်။ ခေတ်တွေက မတူတော့ ပညာရေးသင်ယူပုံတွေ ကွဲပြားလာတယ်။ ခု Zoom တို့လို အွန်လိုင်းပလက်ဖောင်းတွေနဲ့ အိမ်ကနေ သင်ယူလို့ရလာတယ်။ ဆရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Khan Academy တို့ လို ပညာသင်ယူလေ့လာလို့ရတဲ့ ပလက်ဖောင်းတွေ အများကြီး။ အရင်ကိုယ်တွေခေတ်တုန်းက ကိုယ်မသိတာလေးရှိရင် ဆရာတွေဆီကို သွားပြီး ခက်ခက်ခဲခဲ […]
တကယ့်မိတ်ဆွေကောင်းသူငယ်ချင်းကောင်းဆိုတာ
တကယ့်မိတ်ဆွေကောင်းသူငယ်ချင်းကောင်းဆိုတာ တကယ်လိုအပ်တဲ့ အခါတိုင်း အတူရှိနေပေးတဲ့သူတွေပါ။ သူတို့ဟာ အောင်မြင်ချမ်းသာတာ, ဆင်းရဲတာကို ခွဲခြားမပေါင်း။ သူတို့ကိုယ်တိုင်ကလည်း ချမ်းသာလို့ အထင်မကြီးတတ်သလို, ဆင်းရဲလို့ အထင်မသေးတတ်တဲ့သူတွေ။ တကယ်တော့ ပစ္စည်းဥစ္စာဆင်းရဲ ချမ်းသာထက်, စိတ်ချမ်းသာပြီး စိတ်ထားလေးမြင့်မြတ်နေဖို့က ပိုအရေးကြီးတာပါ။ မြင့်မြတ်တဲ့စိတ်လေး နဲ့ လောကမှာ အသက်ရှင်သန်ရခြင်းက ပိုပြီးတန်ဘိုးရှိပါတယ်။ တကယ်လိုအပ်နေတဲ့သူတွေကို လိုအပ်တဲ့ ဥစ္စာပစ္စည်းဖြစ်ဖြစ်, ဥာဏအကူညီလေးဖြစ်ဖြစ် ကူညီနိုင်ခြင်းဟာ အလွန်မွန်မြတ်လှသလို, အားနည်းနေတဲ့သူကို အားပေးတွဲခေါ်တာ, ချို့တဲ့နေတဲ့သူကို ပေးကမ်းစွန့်ကြဲတာဟာ သူတော်ကောင်းတို့ရဲ့ အကျင့်ပါပဲ။ မိတ်ဆွေကောင်း, သူငယ်ချင်းကောင်းကို ရှာနေတာထက် ကိုယ်ကိုယ်တိုင်လည်း အဲလို ဖြစ်အောင် ကြိုးစားအားထုတ်ကြရပါလိမ့်မယ်။ ကိုယ့်က မြင့်လာရင် ကိုယ့်ဝန်းကျင်လည်း မြင့်လာမှာပါ။ တောင်ပေါ်တက်လို့ရတဲ့ လှေကားထစ် တွေလိုပါပဲ။ အမြင့်ဆုံးကို ရောက်လာရင် အမြင့်ဆုံးကလူတွေနဲ့ တွေ့ရပါလိမ့်မယ်။ မေတ္တာဖြင့် […]
ကျောင်းတွေ ဘယ်လိုရွေးရမလဲ
ကျောင်းတွေ ဘယ်လိုရွေးရမလဲ ဆိုတဲ့ မေးခွန်းမျိုး ခဏခဏ မေးလေ့ရှိကြတယ်။ အကြိမ်ကြိမ်လည်း ရေးခဲ့ဖူးပါတယ်။ ခုလည်း ပြည့်ပြည့်စုံစုံလေး ထပ်ဖြေပေးပါမယ်။ ကျောင်းတွေ မရွေးခင် ကိုယ်ကိုယ်တိုင် သိထားဖို့လိုတာက ပညာရေးမှာ ဘယ်က ဘယ်လို အသိမှတ်ပြုတာလည်းဆိုတာထက် ဘာတွေ ဘယ်လိုသင်လဲ ဆိုတာကလည်း အရေးကြီးတယ်။ နောက်တစ်ခု က ကြော်ငြာချည့်မကြည့်ပါနဲ့၊ တကယ်တက်နေတဲ့ မိဘတွေရဲ့ Feedback တွေလည်း နားထောင်ဖို့လိုပါတယ်။ ပညာရေးကို နှစ်မျိုး ပိုင်းကြည့်မယ်။ ၁) နိုင်ငံတကာ ပညာရေး ၂) ပြည်တွင်းပညာရေး (အစိုးရ) ၁) နိုင်ငံတကာ ပညာရေးကို တချို့က ကုန်ကျစရိတ်များတယ်ဆိုပြီး မစဉ်းစားတာလည်း ရှိတယ်။ တချို့က ပြည်တွင်းတက္ကသိုလ်က အသိမှတ်မပြုမှာ စိုးတာလည်းပါတယ်။ အမှန်တော့ နှစ်ချက်လုံးက ဒီခေတ်မှာ မှားနေတဲ့ […]
ဘာမှ မလုပ်နိုင်တော့ရင် ကုသိုလ်ပဲလုပ်ပါ
ဘာမှ မလုပ်နိုင်တော့ရင် ကုသိုလ်ပဲလုပ်ပါ။ ဝတ္ထုမတတ်နိုင်တဲ့ အခါ ကိုယ်ကာယအားနဲ့လှူပါ, ကိုယ်ကာယ အားနဲ့ မလှူနိုင်သေးရင်လည်း နှုတ်လေးနဲ့ ဖေးမ လှူပါ, နှုတ်နဲ့ ပြောမအားသေးရင်လည်း စိတ်လေးနဲ့ မေတ္တာပို့ပါတဲ့။ ကုသိုလ်ဆိုတာ ယူတတ်ရင် ယူစရာတွေချည့်ပါ။ အကြားအလပ် မရှိအောင် အကျိုးပေးချင်တယ် ဆိုရင် အကြားအလပ် မရှိအောင် ကုသိုလ် စိတ်လေးနဲ့ နေပါတဲ့။ ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒနဲ့ အမြဲနှလုံးသွင်းရင်းပဲ ဘာလေးလုပ်လုပ် သတိလေး နဲ့ ကုသိုလ်စိတ် ရသလောက်ပွါးနေမိတယ်။ ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ, ကိုယ်ဘယ်လောက် မေတ္တာပို့ပို့ အတိုက်အခံ ဆိုတာ ရှိနေမှာပဲလေ။ သုံးလောက ထွဋ်ထား မြတ်စွာဘုရားရှင်တောင် လောကဓံက နေ လွတ်တာမှ မဟုတ်တာလို့ ဖြေဆည်ရင် လောကကြီးက သိပ်တန်ဘိုးရှိပါတယ်။ ကုသိုလ် ပြုနိုင်တာဆိုလို့ လူ့လောက […]
ကလေးတွေ မှာ ဉာဏ်ရည်မတူတာတွေ ရှိတဲ့ အကြောင်:
ကလေးတွေ မှာ ဉာဏ်ရည်မတူတာတွေ ရှိတဲ့ အကြောင်း ပြောတော့ မိဘတစ်ယောက်က သူ့ကလေးက ဟိုစပ်ဒီစပ်စပ် နဲ့ ဘာဝါသနာ ပါမှန်းမသိတဲ့ အကြောင်း ပြောပြတယ်။ တကယ်တော့ ကလေးတိုင်းမှာ သူ့ ပါရမီ နဲ့သူ ရှိကြပြီးသား။ တခါတခါ မြုပ်နေတတ်တယ်။ ဒီ ဇ လေးတွေပေါ်လာဖို့ ဆိုရင် မိဘဖြစ်သူက အဓိကပဲ။ တချို့က လည်း ကိုယ့်ကလေးကို အတင်း ပုံစံသွင်းယူတယ်။ ကလေးဆိုတာ သူ့ဝန်းကျင်ကို ကြည့်ပြီး စိတ်ပြောင်းတတ်ကြတယ်။ အားကျအတုယူ တတ်ကြတယ်။ ဒါကို ဝါသနာ လို့လည်း တစ်ထစ်ချ ပြောမရပြန်ဘူး။ မြင်နေကျ၊ ကြားနေကျ မို့ စိတ်စွဲလမ်းနေတာလည်း ဖြစ်နိုင်တယ်။ တကယ့်ပါရမီ ဆိုတာကတော့ သူ့ကိုယ်တိုင် ဝါသနာပါပြီး အဲဒီ သူဝါသနာကြီးတဲ့ […]
စာများများဖတ်ဖို့
သားတွေ သမီးတွေကို တွေ့တိုင်း စာများများဖတ်ဖို့ တိုက်တွန်းရတယ်။ စာအုပ်စာပေတွေဆိုတာ အဲဒီစာအုပ်ရေးသူတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဗဟုသုတတွေ။အတွေ့အကြုံကောင်း, ပညာကောင်း, အတွေးအကြံကောင်းသူတွေရဲ့ ရသ, ဗဟုသုတ ရောနှောထားလို့ ဟင်းကောင်းတစ်ပွဲကြောင့် ခန္ဓာကိုယ်အတွက် အားအင်ဖြစ်သလို, အဲဒီစာအုပ်စာပေကြောင့် ဦးနှောက်ကို ဖွံ့ဖြိုးရင့်ကျက်စေပါတယ်။စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူ သိသိသာသာကွာပါတယ်။ လောကီ, လောကုတ် အစုံဖတ်နိုင်လေ ကောင်းလေပါပဲ။စာအုပ်စာပေတွေ နေ့စဉ်ဖတ်ခြင်းဟာ ပညာရှိသူတော်ကောင်းတွေရဲ့ တရားစကားတွေကို နေ့တိုင်းနာကြားနေတဲ့သူတွေနဲ့လည်းတူပါတယ်။ အမြင်ကျယ်တယ်။ အတွေးခေါ်ကောင်းတယ်။ ဗဟုသုတပြည့်ဝတယ်။ ကြောင်းကျိုးဆက်စပ်ပြီး ဆင်ခြင်တုံတရားနဲ့ ဘဝကို လျှောက်လှမ်းနိုင်ကြတယ်။စာတွေ အများကြီးဖတ်နိုင်လာလေလေ, ပညာရှိတွေလို ရင့်ကျက်တည်ငြိမ်လာလေလေပါပဲ။ သူများပြောသမျှ မယုံသလို, သူများစည်းရုံးတိုင်း ယောင်တောင်တောင် ပါသွားလေ့မရှိတဲ့သူတွေ။ အမှားနဲ့ အမှန်, အကောင်းနဲ့အဆိုး ခွဲတတ်ရုံသက်သက်မကဘဲ, လမ်းပြနိုင်တဲ့သူတွေဖြစ်လာတယ်။ ပြဿနာတိုင်းရဲ့ အစကို ဆွဲထုတ်နိုင်သလို, […]