အများအတွက်ဖြစ်ဖြစ်၊ ကိုယ့်အတွက်ဖြစ်ဖြစ် ဘဝတစ်ခု ရှင်သန်ဖို့က အရေးကြီးသလို၊ ဘယ်နေရာရောက်ရောက် လူစိတ်ရှိဖို့အရေးကြီးတယ်။
အများအတွက်ဖြစ်ဖြစ်၊ ကိုယ့်အတွက်ဖြစ်ဖြစ် ဘဝတစ်ခု ရှင်သန်ဖို့က အရေးကြီးသလို၊ ဘယ်နေရာရောက်ရောက် လူစိတ်ရှိဖို့အရေးကြီးတယ်။ ခုခေတ်က ကမ္ဘာသူကမ္ဘာသား ဖြစ်သွားပြီ။ အရှေ့တွေ အနောက်တွေ၊ ဘာလူမျိုး၊ ညာလူမျိုး ရယ် ခွဲခြားမရတော့ဘူး။ ဒီမြေကမ္ဘာကြီး ဘယ်လောက်ကျယ်ကျယ် လူသားတွေကပဲ နည်းပညာအထူးဆန်းတွေနဲ့ ချုံ့ ပစ်နိုင်ခဲ့ကြသလို၊ ပညာအမြော်အမြင်ရှိတဲ့သူတွေက သူ့တို့လုပ်ငန်းတွေကို အရှေ့အနောက်၊ တောင်မြောက် အစွမ်းရှိသလောက် ခြေဆန့်လာကြတယ်။ ဥပမာ စတားဘတ်ခ် ကော်ဖီ ၊ ကေအက်ဖ်စီ ကြက်ကြော်၊ မက်ခ်ဒါနော် ဘာဂါ၊ အိပ်ချ်အန်အမ် ဖက်ရှင်စတိုး တို့ကို ကြည့်လိုက် နိုင်ငံ အများကြီး, နေရာ အများကြီးမှာ ရှိကြတယ်။ အရှေ့ဂျပန်က တိုယိုတာ ကားတွေကို အနောက်ဥရောပသားတွေက ဝယ်စီးကြသလို၊ အနောက် က မာစီဒီး, ဘီအမ်ဒဗလျူတို့ကို အရှေ့အာရှသားတွက […]
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
လွန်ခဲ့တဲ့လကပဲ ကိုယ်တွေ့အဖြစ်ပျက်လေး ရှိခဲ့ဖူးတယ်။ new year နှစ်သစ်မှာ ကျောင်းရက်ရှည် (၇)ရက် ပိတ်တာကို ကိုယ်က ဘာလို့ပိတ်ရသလဲ မမေးဘဲနဲ့ စိတ်ဆိုးဆိုးနဲ့ ကျောင်းရက်ရှည်ပိတ်တာကို ပယ်ဖျက်လိုက်တယ်။ ကိုယ်တွေကတော့ ဘာရယ်ဟုတ်ဘူး၊ ပိတ်နေကျ မဟုတ်တဲ့ အင်္ဂလိပ်နှစ်သစ်ကို ပိတ်ရကောင်းလားဆိုပြီး Admin တွေကို ကျိန်းလိုက်တာ။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ။ WORLD WAR 3 (တတိယကမ္ဘာစစ်) ဆိုပြီး ခေါင်းစဉ်နဲ့ သားတွေသမီးတွေက ညီညီညာညာနဲ့ ကျောင်း main hall ထဲ မှာ ဝိုင်းရေးတင်တယ်။ ကိုယ်က မနက်ကနေ ညအထိ သူတို့ Strike (ဆန္ဒ)ပြနေကြတာ မသိလိုက်ဘူး။ ကိုယ်က သတိမထားမိဘူးထင်တော့ ကိုယ့်ကိုယ်ပိုင်ဆိုရှယ်မီဒီယာပေါ်အထိ လာတင်ကြရော။ Year 3 (Grade […]
Emotional skills
emotional skills သို့မဟုတ် စိတ်ခံစားမှုထိန်းနိုင်စွမ်းရည် အားနည်းခြင်း အားသာခြင်းက လူတွေကို ရင့်ကျက်မှု အနိမ့်အမြင့် ခွဲနိုင်သလို၊ အောင်မြင်မှုအတွက် အရေးပါဆုံး စွမ်းရည်လည်း ဖြစ်ပါတယ်။ တချို့က မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အလုပ်ကိစ္စ ကိုယ်ခံစားရတာ လူတကာ လည် ပြောပြလေ့ရှိသလို၊ တခြား လူ မသိသင့်တဲ့ ကိုယ့်အတွင်းရေးကအစ, စိတ်ဆိုး စိတ်တို စိတ်အနှောက်ယှက် ဖြစ်တာမျိုးတွေ လွယ်လွယ် ဖွင့်ဟလေ့ရှိတယ်။ များများပေါက်ကွဲလေ၊ များများပြောမိလေ ဖြစ်တိုင်း၊ ကိုယ့်အားနည်းချက်တွေ လူသိပြီး တစ်ဘက် ရန်သူအတွက်အခွင့်ရေးကောင်းဖြစ်သွားတတ်တာ သတိထားသင့်ပါတယ်။ emotional skill အားနည်းခြင်းရဲ့နောက်ထပ် ဆိုးကျိုးတစ်ခုက ဘဝမှာ ကြီးမားတဲ့ အခွင့်အရေး၊ အပြောင်းအလဲကြီးတွေ ရနိုင်ပါလျက်နဲ့ စိတ်ခံစားမှု မထိန်းနိုင်ခြင်းကြောင့် လက်လွတ်လိုက်ရတဲ့ နစ်နာမှုအထိ ဖြစ်တတ်သလို၊ […]
ဒီနေ့ခေတ်ကမ္ဘာကြီး က
ဒီနေ့ခေတ်ကမ္ဘာကြီး က တကယ့်ရွာကြီး။ ရွာတောင်ဘက်ပိုင်းကနေ မြောက်ဘက်ပိုင်းကို လှမ်း အော်ပြီး ကိုယ့်အိမ်ကို ရေနွေးကြမ်းသောက်ဖို့ ခေါ်လို့ရသလို, အရှေ့အနောက် ဘယ်ကနေ ဖြစ်ဖြစ် ဟဲလို လို့ ခေါ်လိုက်တာနဲ့ ချိတ်ဆက်သွားတယ်။ ကိုဗစ်ဖြစ်တော့ လည်း ကူးသွား, ချိတ်သွားလိုက်တာ မြန်သလားမမေးနဲ့ အင်တာနက်ကြနေတာပဲ, တစ်ကမ္ဘာလုံး 😀 ဟောကြည့် ! ရုရှားကြီးက ယူကရိန်းလေးကို အနိုင်ကျင့်တော့လည်း Breaking news တွေ အပြင် သူတို့ပြည်သူတွေ တင်နေတဲ့ ရပ်ကွက်ထဲက ပုံတွေက တောင် ပို ပြီး သတင်းတိကျနေ သလို မြန်လိုက်တဲ့သတင်းတွေ တိုက်ရိုက်ကြည့်နေရတဲ့ ခေတ်။ အာရှာထဲကမြန်မာ ဘာဖြစ်ပြီဟေ့ဆိုလည်း သူတို့ ချက်ချင်းသိ။ သိရက်နဲ့ ဘာမှ မလုပ်ပေးနိုင်တာက ယူအန် 😢 […]
အကောင်းနဲ့အဆိုး
လောကမှာ အဖြူနဲ့ အမဲ၊ အလင်းနဲ့ အမှောင်ဆိုတာရှိနေသလို၊ အကောင်းနဲ့အဆိုးကလည်း ဘယ်လိုမှ ရှောင်ဖယ်လို့မရတဲ့ လောကဓံတွေပါ။ ကိုယ်ကြိုက်ကြိုက်, မကြိုက်ကြိုက်, ဖြစ်ချင်ချင် မဖြစ်ချင်ချင် လောကဓံတရားရှစ်ပါးက မဖိတ်ခေါ်, မမျှော်လင့်ထားပဲ ရောက်လာတတ်တာချည့်ပါ။ အကောင်းတွေလာရင် ပြုံးပြုံးလေး နေပြီး လက်ခံနိုင်ဖို့လိုသလို၊ အဆိုးတွေရောက်လာရင်လည်း အန်တု ရင်ဆိုင်ရဲဖို့လိုပါတယ်။ လူ့ဘဝဆိုတာ ဘယ်တော့မှ ပုံသေနည်းနဲ့ တွက်လို့ရတဲ့ င်္သချာပုစ္ဆာမှ မဟုတ်တာ။ တကယ့် ပန်းတိုင်, အမြင့်ဆုံးကို ရောက်သွားတဲ့သူတိုင်းဟာ အဲဒီ မလိုချင်, မဖြစ်ချင်တဲ့ လောကဓံတွေ ကို ရဲရဲကြီး သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်သွားကြတဲ့သူတွေပါ။ အမြင့်ဆုံးဆိုတာထက် အမြင့်မြတ်ဆုံးပန်းတိုင်းကို ရောက်တဲ့သူတိုင်းဟာ စိတ်ဓါတ်ခိုင်မာသလို၊ လူတိုင်းလေးစားရတဲ့ စိတ်စေတနာကောင်းသူတွေ ချည့်ပါ။ အဆိုးတွေ ဘယ်လောက်လာလာ တကယ် ပါရမီရှိတဲ့သူတွေဟာ သူတို့လုပ်စရာရှိတာ လုပ်ရင်း […]
ပိုက်ပိုက်ပဲလိုတာပါ
LV ကိစ္စနဲ့ပါတ်သက်ပြီး မိတ်ဆွေတစ်ယောက် က အမေရိကားရောက်နေတဲ့ ဟိုမင်းသမီး ဘာလို့ ဒီလောက်ချမ်းသာနေတယ်ထင်လဲဆရာတဲ့။ လာပြန်ပြီ ဒီပြဿနာ 🙂 သူများအကြောင်းဘာလို့ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲလို့ပြန်မေးတော့ ရီ(ရယ်)တယ်။ တကယ်တော့ LV လိုမျိုး တခြား အတန်းစားတူ တံဆိပ်တွေက အင်္ကျီတစ်ထည် ဒေါ်လာ ၁၀၀၀ (မြန်မာငွေ သိန်း ၃၀) လောက်ကနေ ဒေါ်လာ သောင်းကျော်(သိန်း သုံးလေးရာ)ကျော်တွေအထိအစားစားရှိကြပါတယ်။ မြန်မာပြည်မှာလည်း ဝယ်ဝတ်နိုင်တဲ့သူတွေ သူ့အလွှာနဲ့သူရှိနေကြတာပါ။ သူတို့ဝတ်တာ၊ သူတို့စားတာတွေကိုယ်မမြင်နိုင် မတွေ့နိုင်တာရယ်၊ ကိုယ်တိုင်က LV(LOUIS VUITTON) လောက်ပဲ သိနေတာလည်းဖြစ်နိုင်တယ်။ ပြောရရင် အီလစ် အလွှာ ဆိုတာ သူတို့အတွက် အင်္ကျီဝယ်တာလောက်တော့ ဘာမှ မပြောပလောက်ပါဘူး။ လစဥ်ကုန်နေတဲ့ အိမ်သုံးစရိတ်တွေထဲက တစ်ခုပါပဲ။ ကိုယ်တွေလိုမျိုး အင်္ကျီဝယ်၊ မီးဖိုချောင်ပစ္စည်းဝယ်၊ […]
ပညာတစ်ခုကို သင်ယူတဲ့အခါ
ပညာတစ်ခုကို သင်ယူတဲ့အခါ ရေစက်တစ်စက်ချင်း စဉ့်အိုးကြီးထဲ ထည့်ရသလိုပါပဲ၊ ဖြစ်ချင်တာ ကြီးလေ၊ လွယ်လွယ်နဲ့မပြည့်လေ ဖြစ်တတ်ပါတယ်။ စဉ့်အိုးကြီးကို မကြည့်ဘဲ ကိုယ့်ထည့်နေတဲ့ ရေစက်ကိုပဲ တစ်နေ့တစ်စက် မှန်မှန် (ဖြည့်)ထည့်ဖြစ်သလား၊ စဉ့်အိုးထဲကို သေချာ ဝင်ရဲ့လား နဲ့ ရောက်သွားတဲ့ရေစက်တိုင်း ကိုယ်လိုချင်တဲ့ ရေ သို့မဟုတ် ကြည်လင်သန့်ရှင်းရဲ့လား ဆန်းစစ်ရပါမယ်။ စိတ်ပါလို့ဖြစ်ဖြစ်၊ သူများလုပ်လို့ဖြစ်ဖြစ် လူတိုင်းကတော့ လေ့လာသင်ယူနေကြတာပါပဲ။ ဒါပေမယ့် ရောက်နေတဲ့နေရာ၊ ရလာတဲ့အတိုင်း မဖြစ်မနေ ရွေးကြရတဲ့အခါ သတိထားရမှာက အချိန်ကုန်သွားမယ့်အတူတူ လက်ရှိဖြစ်သင့်တာကိုပဲ အာရုံစိုက်ပြီး လုပ်နေတဲ့သူဟာ အလကားဖြစ်သွားတဲ့ပညာရယ်လို့ မရှိပါဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိတာမှာ ဘယ်နှစ်ရက် အဖတ်တင်လဲ၊ ကိုယ့်အတွက် ဘယ်လောက် အကျိုးရှိသွားလဲ ပြန်ဆန်းစစ်ရပါမယ်။ တခါတခါ အရွေ့အဖြစ်နဲ့ သွားနေရပေမယ့် […]
ပညာမတတ်ရင်
ခေတ်ကာလက မကောင်းတော့ ခုတလော ပညာတတ်ဖို့ပဲ အရေးမကြီးသလို စကားမျိုးတွေ နဲ့ ပညာတတ်တချို့ ကပါ လူငယ်တွေကို Brainwashed လုပ်ပြီး လမ်းမှားတွေကို တွန်းပို့နေကြတယ်။ စာမတတ်လည်း ပြည်ပထွက် အလုပ်လုပ်ရတာပဲ တဲ့။ မှန်တာပေါ့၊ အလုပ်ကစာမတတ်လည်းရတာမှန်တယ်။ အလုပ်ရတဲ့နေရာပဲကွာတာ။ သူများမလုပ်ချင်တဲ့ သန့်ရှင်းရေး၊ အမှိုက်သိမ်းလိုမျိုးပဲရတာ။ ပြည်ပမှာ အောက်ခြေသိမ်း အခြေခံလစာ ဆိုတာ သူ့နိုင်ငံသူ့စရိတ်နဲ့တော့ လှောက်ငှရုံပဲရှိကြတာ။ ပညာမတတ်ရင် ကျွမ်းကျင်မှုအားနည်းရင် ဝင်ငွေနည်းတော့ ပြည်ပမှာ အခန်းကျဥ်းကျဥ်း (ကျောတခင်းစာ သာသာ)၊ မီးဖိုချောင် မျှသုံး၊ ရေချိုးခန်းအိမ်သာမျှ သုံး ကြရသလို၊ အလုပ်ကိုသွားဖို့ ဈေးအချိုဆုံး ရထားပဲ တိုးကြိတ်စီးကြရတာ။ ပိတ်ရက်လေး ရှိုးစမိုးနဲ့ ဝတ်ပြပြီး လည်ပတ် ဆယ်လ်ဖီဆွဲပြတာ အဟုတ်မထင်နဲ့။ (ဒီလိုပြောလို့ အလုပ်သမားလူတန်းစား မစာမနာ […]
မြင့်သောမြတ်သောစိတ်
ကိုးရီးယားက Halloween Day ည မှာ လူတွေကျိတ်ကျိတ်တိုးလို့ လူပေါင်း ၁၀၀ ကျော်သေကြတယ်။ တခါ ရက်သိပ်မခြားဘဲ အိန္ဒိယမှာ ကြိုးတံတား ပြတ်ကျလို့ လူပေါင်း ၁၀၀ ကျော် သေပြန်တယ်တဲ့။ သဘာဝဘေးကြောင့် သေရသလို၊ စစ်မက်လိုမျိုး လူကြောင့်လည်း သေနေကြရတာတွေ အွန်လိုင်းမီဒီယာ ခေတ်ဆိုတော့ တစ်နေ့တစ်မျိုး ကြားနေကြရတယ် စိတ်မချမ်းသာစရာတွေ အများကြီး။ ဒါတောင် သတင်းမီဒီယာတွေ လက်လမ်းမမီတဲ့ တနေ့တနေ ပျောက်ဆုံး၊ သေဆုံးနေတဲ့သူတွေ ဘယ်လောက်များမလဲမှ မသိတာ။ အားလုံးကတော့ သေမျိုးတွေချည့်ဆိုတော့ တမျိုးမျိုးနဲ့တော့ ဒီလမ်းက ကြုံကြရမှာပါ။ ဒီသတင်းတွေ မကြားချင်ရင် Facebook ဖွင့်မကြည့်ရုံပဲ ရှိတာပေါ့။ ဒါပေမယ့် ဒီလိုကြတော့လည်း ငါ့အိမ်ရှေ့ အနိဌာရုံတွေ မဖြတ်ရဘူးလို့မှ တားမရတာ။ သ င်္ခါ […]
ထိုင်း ဘက်မှာ မြန်မာပြည်သူတွေ တိုက်ခန်း၊ အိမ်လုံးချင်းတွေ ဝယ်နေကြလို့ သွားဝယ်သင့်လား
ထိုင်း ဘက်မှာ မြန်မာပြည်သူတွေ တိုက်ခန်း၊ အိမ်လုံးချင်းတွေ ဝယ်နေကြလို့ ကျွန်မတို့ရော သွားဝယ်သင့်လားတဲ့။ 🙂 ကိုယ့်ကို အိမ်ခြံမြေ အကျိုးတော်ဆောင် အကြံပေးများ ထင်ပုံရတယ် 😀 ပိုက်ဆံရှိရင် ဥရောပ အမေရိကားထိ သွားဝယ်၊ ဘာမှ မှားစရာမရှိဘူးလို့ မြှောက်ပေးလိုက်တယ် 😀 တကယ်ပြောတာ ဒေါ်လာ ၂၅၀,၀၀၀ လောက်တတ်နိုင်ရင် ပေါ်ကျူဂယ် (ပေါ်တူဂီ) တို့၊ တာရကီ (တူရကီ) တို့ကိုသွားဝယ်။ အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံလိုက်တာနဲ့ မိသားစုလိုက် Residence ပါ ရတယ်။ သိပ်ချမ်းသာတဲ့သူတွေကို ပြောတာ။ ထိုင်းဆိုလည်း တိုက်ခန်းတွေ သိန်း ၁၅၀၀ လောက်သုံးလိုက်တာနဲ့ တိုက်ခန်းကောင်းကောင်းရပြီ။ ပွဲစားတော့ သေချာစစ်ပြီးမှ ဝယ်ပေါ့။ ကိုယ်တိုင်သွား ၁၄ ရက်နဲ့ ဗီဇာ ဖရီးသွားလည်၊ […]