ဆု ဆိုတာ
နှစ်ကိုယ်တူ ဘဝဆက်တိုင်းပေါင်းရပါလို၏ ဆိုပြီး ဆုတွေချည့်စွတ်တောင်းမနေကြနဲ့၊ ဆု ဆိုတာ သံသရာမှာ ဆူးတစ်ချောင်းလို လိုက်စူးနေတတ်တယ်တဲ့။ တချို့က မင်းသမီးလေးလို ချောမောလှပနေပေမယ့် နှုတ်ခမ်းမွှေးကားကား၊ ဗိုက်ပူပူ၊ အသက်ကြီးကြီး ရုပ်ဆိုးဆိုးနဲ့ အိမ်ထောင်ထောင်ကျ ကြတယ်။ အရင်ဘဝက သိပ်ချစ်ကြပြီး လိုက်ဖက်တဲ့ မောင်နှံဖြစ်ချင်လည်းဖြစ်ခဲ့ကြမှာပေါ့။ ဒါပေမယ့် ကုသိုလ် စိတ်ချင်းမတူ, အကျင့်စရိုက်ချင်းမတူ တော့ အကျိုးပေးက ဒီဘဝရောက်လာတော့ တစ်ယောက်က အသက်ကြီး ရုပ်ဆိုးဆိုး၊ ကိုယ်က နုဖတ်ဖတ် ရွှေလင်ပန်းနဲ့ အချင်းဆေး တွေ့ကြရော။ ဆုတောင်းမှားခဲ့တာကိုး 😀 ဒါကြောင့် ဒီဘဝမှာ ချစ်ချင်လည်းချစ်ကြပါ။ အိမ်ထောင်ပြုချင်လည်းပြုကြပါ။ ဘဝပေါင်းများစွာ ဒီလိုပဲ ပေါင်းသင်းရပါလို၏ ဆိုရင် သူရော ကိုယ်ရောက နောက်ဘဝမှာ လူအတူတူ ဖြစ်မှာ မှ မသေချာတာ။ ပြီးတော့ […]
ဗယ်လင်တိုင်းဒေး
ဗယ်လင်တိုင်းဒေး ဆိုလို့ သတိရမိတယ်။ (၁၀)တန်းပြီးရင် Foundation program တစ်ခု တက်ပြီး၊ ပြည်ပကို ပို့ဖို့ သမီးမွေးထားတဲ့ သူငယ်ချင်းကို အကြံပေးတော့ သူငယ်ချင်းက ခေါင်းခါငြင်းတယ်။ နိုင်ငံခြားမှာ သူ့သမီးငယ်လေးကို စိတ်မချနိုင်ဘူးဆိုပြီး ပြည်တွင်းက နည်းပညာတက္ကသိုလ်တစ်ခုကိုထားလိုက်တယ်။ သမီးလေးက မင်းသမီးလေးလို နုပြီးချောတော့ ထုံစမ်းတိုင်း ပဲလေးနဲ့ဆိုတော့ မကြာဘူး ပထမနှစ်နဲ့တင် Boyfriend ရတာပေ့ါ။ ပြဿနာက သမီးရှိတဲ့ အဆောင်ကိုသွားတော့ Valentine Day နဲ့ ပါသွားရော။ အဆောင်ပိတ်ချိန်ရောက်ပေမယ့် သမီးဖြစ်သူ က ပြန်မလာနိုင်တဲ့ အဝေးကြီးမှာဆိုတော့… ဘာတွေဖြစ်ကုန်လဲ စဉ်းစားကြည့်ပေတော့။ အရွယ်ရောက်လာတဲ့ ကလေးတွေ ကို အပြစ်တင်ခြင်းမဟုတ်ပါ။ အရွယ်ရောက်ရင် ဖြစ်ရ, တွေ့ရမယ့် သဘာဝတရားတွေပါ။ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုအတိုင်းသာ သူတို့ဘဝတွေလည်း ကျင်လည်နေကြရတာပါ။ […]
လူချမ်းသာချင်ရင် စိတ်ကို အရင်ပြင်
အာရုံလေး တစ်ခုမှားတာနဲ့၊ စိတ်ကူးလေး တစ်ခု လွဲလိုက်တာနဲ့ တခါတခါ ဘဝ တစ်ခုတင် မကဘဲ သံသရာအထိ စူးနစ်သွားတတ်တယ် တဲ့။ စိတ်ကို အလိုလိုက်မိတဲ့ အခါဖြစ်ဖြစ်၊ လောဘတွေ ဒေါသတွေ နဲ့ လောင်မြိုက်ပြီး ဖြစ်ချင်ဇောတွေ နဲ့ ဇွတ် အဓမ္မ လုပ်မိကြတဲ့အခါပဲ ဖြစ်ဖြစ်၊ ကြည့်မရလို့, မုန်းလွန်းလို့ ဆိုပြီး တုံ့ပြန်မိတဲ့ အခါပဲ ဖြစ်ဖြစ် အမှတ်တမဲ့ဆိုပေမယ့် အဆိုးသံသရာမှာ ကပ်ကမ္ဘာနဲ့ချီပြီး နှုတ်မရတဲ့ဆူးလို လိုက်စူးနေတတ်တယ်။ ပုထုဇဉ်ဆိုတာ စိတ်က မျောက်လိုပဲ၊ ဂဏာမငြိမ်။ ရှုးခနဲ ဆို လွတ်ထွက်သွားပြီး၊ လုပ်မိလုပ်ရာ လုပ်တတ်ကြတယ်။ ချစ်ခြင်းမှ မဟုတ်ဘူး၊ မုန်းခြင်းဟာလည်း သံယောဇဉ်တစ်မျိုးတဲ့။ မုန်းနေ, အမြင်ကပ်နေတဲ့သူကိုလည်း ကိုယ့်စိတ်အာရုံကနေ ဖယ်ပစ်ဖို့ခက်သလို၊ မသိစိတ်မှာ အမြဲလွှမ်းမိုးထားလို့ […]
အောင်မြင်ဖို့
မိသားစုအေးချမ်းဖို့ပဲ ဖြစ်ဖြစ်, တည်ငြိမ်တဲ့ ဘဝတွေ ဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက စိတ်ခံစားမှုကို ထိန်းနိုင်တဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။ မကောင်းတာကို သိရက်နဲ့ ဇွတ်တိုးနေမိတာမျိုး၊ မလုပ်သင့်တာကို သိရက်နဲ့ လုပ်နေမိတာမျိုး၊ အကျိုးနည်းပြီး အဆိုးကိုပဲ တွန်းပို့နိုင်တယ်ဆိုတာကို သိသိနဲ့တခါတခါ စိတ်အလိုလိုက် ကာ လုပ်နေမိပြီဆိုရင် ကံကြမ္မာဆိုးတွေ ပဲ ကိုယ့်ဆီဝင်လာမှာပါ။ ကောင်းတာတွေ, ကောင်းတဲ့ကံကြမ္မာတွေ လူတိုင်းလိုချင်ကြတာပါ။ ကောင်းတာတွေဖြစ်လာဖို့ ကိုယ့်စိတ်ကို ကိုယ်နိုင်မှ, ဥပမာ ဆယ်တန်းစာမေးပွဲလိုပါပဲ၊ စာတွေကျက်ရမှာသိသိနဲ့ နေ့ရွှေ့ညရွှေ့ ရွှေ့တတ်ကြနဲ့ ကိုယ့်ကိုယ် ကို ဆင်ခြေဆင်လက်တွေနဲ့ အချိန်တွေဖြုန်းတတ်ကြတယ်။ လူဆိုတာ ပျင်းရတာကိုပိုကြိုက်တယ်လေ။ နိမ်ကျခြင်း, ဆင်းရဲခြင်းဟာ အတိတ်ကံတွေနဲ့ဆိုင်တယ်ဆိုပေမယ့်, ပစ္စုပ္ပန်ကလည်း မပံ့ပိုး, အလုပ်မကြိုးစားရင် ပိုဆိုးတဲ့ ဘဝတွေနဲ့ပဲ ရင်ဆိုင်ရမှာပါ။ ဥပမာ အတိတ်ကံအရ ကိုယ်က ဥာဏ်မကောင်းဘူးဆိုပါစို့, […]
မနာလိုစိတ်ဆိုတာ
တကယ်တော့ မနာလိုစိတ်ဆိုတာ သိပ်ကြောက်စရာကောင်းတယ်။ လောဘ နဲ့ မောဟ ပေါင်းစပ်ပြီး ဖြစ်လာတဲ့စိတ်။ လောကကြီး မှာ မငြိမ်းချမ်းတာတွေ, ဖြစ်နေရတာလည်း ဒီစိတ်ကြောင့် ပဲ အဓိက ဖြစ်ကြရတယ်။ ကိုယ့်ထက် သာရင် မနာလိုတာ, ကိုယ့်ထက် ကျောသွားမှာ သာသွားမှာ မလိုလားတာ၊ သူများထက် သာချင်တာ, ကိုယ့်ကို လူတွေ ချီးမြှောက်ဂုဏ်ယူတာကို သဘောကျတာတွေ ဟာ သတိကြီးတဲ့သူတောင် မသိစိတ်လေး မှာ သာယာတွယ်ကပ်နေတတ်တယ်။ ဒါကြောင့် ဒီလို ဉာဉ်ဆိုးလေးတွေက ငယ်ကတည်းက ကပ်ပါလာတတ်လို့သတိပြုရပါမယ်။ ကလေးတွေကို ငယ်ကတည်းက ချီးမွှမ်းသင့်တာ, မြှောက်သင့်တာလေးတွေ လုပ်ပေးသင့်တယ် ဆိုပေမယ့် လိုတာထက်ပိုပြီး ကိုယ့်သားသမီးကို ချီးမြှောက်တာ, ဂုဏ်ပြုတာတွေ များလာရင် ဒီရောဂါမျိုး ကလေးစိတ်မှာ တွယ်ညှိသွားတတ်ပါတယ်။ ငါကတော်တယ်၊ ငါ […]
ဥပုသ်သီလ
ငယ်ငယ်က ဥပုသ်သီလ စောင့်တိုင်း အဓိပ္ပါယ်ကောင်းကောင်းနားမလည်ဘဲ ရေရွတ်ခဲ့ရဖူးတယ်။ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါး တို့မှ (အခါခပ်သိမ်း) ကင်းလွတ်ငြိမ်း၍ ဆိုပြီး သီလမယူခင် အရင်ဆုံး ဆုတောင်းကြရတယ်။ – ရန်သူမျိုးငါးပါး ထဲမှာ (ရေ၊ မီး၊ မင်း၊ သူခိုး(ခိုးသူ)၊ အမွေခံဆိုး) တဲ့။ – ဝိပတ္တိတရားလေးပါး ထဲမှာ ၁) ကာလဝိပတ္တိ – မင်းဆိုးမင်းယုတ် အုပ်စိုးသောကာလတို့မှာလူဖြစ်ရခြင်း ၂) ဂတိဝိပတ္တိ – အပါယ်လေးပါး စသည့်မကောင်းသော ဂတိတို့မှာ ဖြစ်ရခြင်း ၃) ဥပဓိဝိပတ္တိ – ရုပ်ဆင်းင်္အဂါ ချို့တဲ့ခြင်း ၄) ပယောဂဝိပတ္တိ – အသိ၊ ဥာဏ်ပညာ၊ သတိဝိရိယ မရှိဘဲ ပြုမူ၊ပြောဆို၊ ကြံစည်မှုစသည့် မကောင်းသော […]
ငယ်ငယ်က အဘိုး ပြောခဲ့တဲ့ စကားတွေ
ငယ်ငယ်က အဘိုး ပြောခဲ့တဲ့ စကားတွေကို ပုံပြင်လို့ ထင်ခဲ့မိတယ်။ ဖက်ဆစ်ဂျပန်နဲ့ အ င်္ဂလိပ် နယ်ချဲ့အောက်မှာ ကျင်လည်ခဲ့ရတဲ့ အဘိုးတို့ခေတ်က ရွာတွေ မြို့တွေ စွန့်ပြေးကြ, တချို့က ဖက်ဆစ်နယ်ချဲ့တွေကို တော်လှန်ဖို့ တောခိုကြနဲ့ပေ့ါ။ အမေ့ဘက်က အဘွားဖြစ်သူဆိုရင် အိမ်ထောင်သုံးဆက်ကျခဲ့သတဲ့။ ဓါးမြက သတ်တာခံရလိုက်, ဖက်ဆစ်က သတ်လိုက်နဲ့ အိမ်ထောင်ဆက်တွေ များခဲ့ကြရတယ်။ မိုးလေးချုပ်တာနဲ့ မီးခိုးတိတ်, အိမ်ကနေ တိတ်တိတ်လေး တောလျှိုတောင်ကြားထဲ ပြေးလွှားပုန်းခဲ့ကြရတယ် တဲ့။ ဗီဒီယိုလောက တော်လှန်ရေးမင်းသားကြီး သီဟတင်စိုးဇာတ်ကားထဲက ထက် ကြမ်းတမ်းခဲ့ကြတာပေါ့။ ဒါတွေ နောက်တစ်ကြိမ်ပြန်ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိသလို, ဇာတ်လမ်းတွေဟာ တကယ်မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ အဘိုးပြောပြခဲ့ဖူးတဲ့ သမိုင်းတွေကိုလည်း ပုံပြင်လိုပဲ အိပ်ယာမဝင်ခင် နားထောင်လို့ကောင်းခဲ့တယ်။ ခုတော့ .. ကိုယ်တွေခေတ်မှာ […]
ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (1)
တိုင်းပြည်က ဆင်းရဲတွင်းနက်လာတော့ ဆင်းရဲတဲ့လူ လို ပတ်ဝန်းကျင်ကလည်း အဖက်မလုပ်ကြတော့တာ၊ ပိုက်ဆံမရှိရင် လူရာမဝင်သလို ဖြစ်လာတယ်ဘုရား။ ပြည်ပကို သွားဖူးတဲ့ ရောက်နေတဲ့သူတိုင်း ဒီလိုမျိုး ခံစားရတာချည့်ပါဘုရား။ ဘုန်းကြီးတောင် ချမ်းသာတဲ့ဘုန်းကြီးမှ အဖက်လုပ်ချင်ကြတာမိုလားဘုရား။ မြန်မာနိုင်ငံသားဆိုတဲ့ ပတ်စ်ပို့ မြင်တာနဲ့ မတူသလို မတန်သလို ကြည့်ကြတယ်ဘုရား။ ဆင်းရဲခြင်းရဲ့ နောက်ကွယ်မှာ ပြောရရင် အများကြီးပါဘုရား။ ပိုက်ဆံလေး ပြေလို့ ပြည်ပသွားလည်ချင်တာတောင် အနိမ်ခံရတယ်၊ အလုပ်လုပ်သွားတဲ့သူဆို ဆိုဖွယ်ရာမရှိပါဘူးဘုရား။ ကမ္ဘာ့ အညွှန်ကိန်းတွေကို ကြည့်ရင် ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး အကုန်လုံးနောက်ဆုံးမှာ။ မြောက်ကိုးရီးယား၊ အီသီရိုးပီးယား၊ ဇင်ဘာဗွေတို့နဲ့ နင်လားငါလားပါဘုရား။ ကုသိုလ်လုပ်တိုင်း၊ အလှူဒါန လုပ်တိုင်း ချမ်းသာကြေးဆို ရင် အမေရိကန်နိုင်ငံထက် မသာရင်တောင် အတူတူလောက်တော့ မဖြစ်သင့်ဘူးလား ဘုရား။ ခုတော့ […]
ကံမကောင်းတာတွေများနေရင် ကုသိုလ် များများလုပ်ပါ
ကံမကောင်းတာတွေများနေရင် ကုသိုလ် များများလုပ်ပါတဲ့။ ရေများရေနိုင်, မီးများမီးနိုင်ဆိုတဲ့စကားလို ကုသိုလ်က များလာရင် အကုသိုလ်အကျိုးက အားပျော့သွားပြီး ကံကောင်းတာလေးတွေ ပြန်ရလာတတ်တယ် ဆိုတဲ့သဘောပါပဲ။ ယတျာချေတာကို လက်မခံလို့မဟုတ်ပေမယ့် အကျိုးပေးမယ့်ဘုရားမှာ ပန်းလေး ကပ်ဆီမီးလေး ပူဇော်တာလောက်နဲ့ တချို့ မကောင်းကံတွေက လွယ်လွယ်ပျောက်သွားနိုင်တာမှ မဟုတ်တာ။ ဘာနဲ့တူသလဲဆိုတော့ ထင်းမီးတောက်ကြီးကို ပါးစပ်ထဲက ငုံထားတဲ့ရေလောက်နဲ့ ဖူးမှုတ်ပြီး ငြိမ်းသတ်သလို ဖြစ်နေမှာပါ။ အကုသိုလ်ကြီးလေ, မကောင်းကံအကျိုးပေးတာတွေကို ကျော်လွှားဖို့ခက်လေပါပဲ။ ကံဆိုးတာဖြစ်ဖြစ်, ကံကောင်းတာဖြစ်ဖြစ် အမြဲတမ်း ဖြစ်မနေတတ်ပါဘူး။ မပြေတာတွေ များလာလေလေ, စိတ်ကို ပိုငြိမ်အောင် ကောင်းစိတ်တွေ ကိန်းအောင်လာအောင် တရားထိုင်တာမျိုး, ကုသိုလ် စိတ်တစ်ခုခု ကို ပြုနေသင့်ပါတယ်။ လိုချင်တာ, ဖြစ်ချင်တာ များနေရင် လည်းကိုယ့်စိတ်ကို ကိုယ် ပြန်ချုပ်နိုင်ဖို့ သတိထားရပါမယ်။ လိုချင်လွန်း […]
တချို့က ကမ္ဘာကြီးမှာ ဘာဖြစ်ဖြစ်ကိုယ်နဲ့မဆိုင်ပါဘူးကွာ တဲ့
တချို့က ကမ္ဘာကြီးမှာ ဘာဖြစ်ဖြစ်ကိုယ်နဲ့မဆိုင်ပါဘူးကွာ တဲ့။ ဒီလိုနဲ့ တရုတ်က စလိုက်တဲ့ ကိုဗစ်ရောဂါက ကမ္ဘာကပ်လိုဖြစ်သွားရတယ်။ ယူကရိန်း ကစလိုက်တဲ့ စစ်မီးဟာ ပြည်တွင်းစစ်မဟုတ်သလို, နိုင်ငံကြီး တစ်နိုင်ငံက အခြားနိုင်ငံငယ် တစ်ခုကို နိုင်ငံတကာ ဥပဒေတွေ ချိုးဖေါက်ပြီး ကျူးကျော် ဝင်တိုက်တဲ့ အဖြစ်ပျက်ပါ။ ပထမ ကမ္ဘာစစ်, ဒုတိယ ကမ္ဘာစစ်တွေ မှာ နယ်မြေချဲ့ရင်း, ပါဝါ ပြရင်း စူပါဝါ ပြိုင်ခဲ့ကြတယ်။ စစ်ပွဲတွေ မပြောနဲ့ Pandemic လို့ခေါ်တဲ့ ရောဂါကပ်ကြီးဝင်သွားတာတောင် ကမ္ဘာစီးပွါးရေး ယိုင်နဲ့နေခဲ့တယ်လေ။ တတိယ ကမ္ဘာစစ်ကြီးများ ဦးတည်ခဲ့ရင် စဉ်းတောင် မစဉ်းစားရဲ စရာ။ အမှန်တော့ ယူကရိန်းလည်းမှားခဲ့တာလေးတွေ ရှိမယ်။ အိမ်နီးချင်း အင်အားကြီးနိင်ငံကို မထင်မဲ့မြင် ပြုခဲ့သလို, ခွဲထွက်ရေးအဖွဲ့တွေကိုလည်းမနိုင်မနင်းခဲ့။ ဒါ့အပြင်, […]