ထူးချွန်တဲ့သူတွေ
မိဘတိုင်းက သားသမီးတွေကို ရွှေပေါ်မြတင် ထားချင်ကြတာချည့်ပါ။ ကောင်းပေ့ညွန့်ပေ့ ဆိုတာတွေ ဘယ်သူမကြိုက်ဘဲနေမှာလဲ။ ဖြစ်နိုင်ရင် ယူကေ၊ ယူအက်စ် ကို ပို့ပြီး ကျောင်းတက်စေချင်ကြတဲ့သူချည့်ပဲ။ ပြောရရင် ကုန်းကောက်စရာမရှိတဲ့မိသားစုတွေကနေ နိုင်ငံတော် အုပ်ချုပ်နေတဲ့သူတွေအထိပေါ့။ ငါတို့မှာ ထားစရာမရှိ။ ထားနိုင်ပြန်တော့လည်း ကျောင်းကောင်းမရှိ စသဖြင့် ငြီးတွားကြတယ်။ တကယ်ထူးချွန်တဲ့သူတွေ အများစုက ရွှေပေါ်မြတင်မွေးလာကြတာ ရှားပါတယ်။ ပြည်တွင်းမှာရော၊ ကမ္ဘာမှာရော ငယ်စဉ်က ခက်ခက်ခဲခဲ ရုန်းကန်ပြီး ဘဝကို ထိပ်ဆုံးထိရောက်အောင် ဇွဲမလျှော့ဘဲ ကြိုးစားအောင်မြင်ခဲ့တဲ့သူတွေ အများကြီးပါ။ မရနိုင်တာတွေ မဖြစ်နိုင်တာတွေကို တမ်းတပြီး ဖြစ်နိုင်တာတွေ ဖြစ်သင့်တာတွေ မလုပ်မိရင် အရွယ်လွန်မှ နောင်တ ရတတ်ပါတယ်။ ရှိတာလေးနဲ့စလိုက်ပါ။ ရောက်နေတဲ့ ပတ်ဝန်းကျင်လေးမှာ ရတဲ့ ပညာတွေ ယူကြပါ။ လွယ်လွယ်နဲ့ရခဲ့ရင် တန်ဘိုးရှိတဲ့ ရတနာ […]
Ethics
ဂူဂဲလ်မှာ လုပ်တဲ့ဝန်ထမ်းက မိုက်ခရိုဆော့ဖ်ကို ပြောင်းလုပ်သွားရင် ဂူဂဲလ် က သူသိထားတဲ့ နည်းပညာ, ထုတ်ကုန်တွေရဲ့ လျှို့ဝှက်ချက်တွေကို ချိုးမဖေါက်ကြပါဘူး။ ဒါကိုပဲ Work Ethics လို့ခေါ်ကြတယ်။ မြန်မာလုပ်ငန်းရှင်တွေမှာ အဓိက ချိုးဖောက်ခံနေရတာက အဆိုးဆုံးက ကျင့်ဝတ်ပါပဲ။ Personal values နဲ့ moral quality အားနည်းချက်ကြောင့် ဖြစ်ကြရတယ်။ ဗူးတစ်ရာ ပိတ်ဖို့ထက် ပါးစပ်တစ်ပေါက်ပိတ်ဖို့က ပိုခက်ကြသတဲ့။ ပညာတတ်, ဘွဲ့ရပေမယ့် ကျင့်ဝတ်တွေ မစောင့်ထိန်းနိုင်ရင်လည်း တန်ဘိုးမဲ့တဲ့သူဖြစ်နေမှာပါ။ အလုပ်တိုင်းမှာ, ပတ်ဝန်းကျင်တိုင်းမှာ ကျင့်ဝတ်ရှိကြတယ်။ Ethics ဆိုတဲ့စကားလုံးကို သုံးရင် ကိုယ်တွေက ကြီးကျယ်လိုက်တာလို့ ထင်ကြတယ်။ ဗမာလို့ ကျင့်ဝတ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ။ နေရာတိုင်းမှာ ကျင့်ဝတ်ဆိုတာရှိတယ်။ မိဘကျင့်ဝတ်, သားသမီးကျင့်ဝတ်, လင်မယားကျင့်ဝတ်, မိတ်ဆွေကျင့်ဝတ်, အလုပ်ကျင့်ဝတ်, […]
အများကြီး မလုပ်ပေးနိုင်သေးရင်တောင် ကိုယ့်ကြောင့် သူတို့ အားနည်းမသွားစေနဲ့
သားတစ်ယောက် က သူ့ကို သူ့သူငယ်ချင်းတစ်ယောက်က ဆဲရေးတိုင်းထွာတဲ့ အကြောင်း တိုင်တယ်။ ဟိုဟာလည်း သား ဒီဟာလည်း သားဆိုတော့ ကြားထဲက ကိုယ်က ခေါ်ငေါက်မချင်။တိုင်တဲ့သားကိုပဲ ခေါ်ပြီး ဆုံးမရတယ်။“_သားက ပိုလိမ္မာတယ်။ အဲဒီတော့ သားက ပိုပြီး သည်းခံနိုင်ရမယ်။ ပိုလိမ္မာ တဲ့ သားတွေဟာ ရှေ့ဆက်လျှောက်ရမယ့် လောကမှာ ဘယ်တော့မှ ဒုက္ခမရောက်ဘူးသား။ ဆဲတတ်တဲ့သူငယ်ချင်းတွေ ကလည်း သူက တကယ် ဆဲချင်လို့ ဟုတ်ချင်မှ ဟုတ်မှာ။ အကျင့်ပါတာလည်း ဖြစ်နိုင်တယ်။ တချို့က ကြတော့ သူ့နေတဲ့ ပတ်ဝန်းကျင်ကနေ တတ်တာ။ မြင်ပါများ ကြားပါများတော့ အကျင့် ဆိုးလေးတွေ စွဲကပ်လာတာမျိုးပေါ့၊ သားက သူတို့လို လူမျိုးကို မပေါင်းချင်ဘူးမိုလား, အဲဒါမှားတယ်သား။ ပတ်ဝန်းကျင်ဆိုတာ မျိုးစုံ။ သစ်ပင်တွေကိုကြည့်လေ။တချို့က […]