early teens အရွယ်၊ အသက် (၁၂) အထက် အတွက် ဖတ်ရမယ့်စာအုပ်တွေ ထပ်ညွှန်းပေးပါ တဲ့။
early teens အရွယ်၊ အသက် (၁၂) အထက် အတွက် ဖတ်ရမယ့်စာအုပ်တွေ ထပ်ညွှန်းပေးပါ တဲ့။
အတန်းကြီးလာလေလေ အပြင်စာအုပ်စာပေ ပိုဖတ်သင့်လေလေပါ။ နည်းပညာတွေ သိပ္ပံတွေ့ရှိချက်တွေ နေ့စဉ်၊ နာရီနဲ့ အမျှ ပြောင်းလဲ တိုးတက်နေတဲ့အချိန်မှာ၊ ဘယ်သင်ရိုးမှ နေ့စဉ် လစဉ် update မလုပ်နိုင်သလို၊ လုပ်ဖို့ လည်း မလွယ်ကူလှပါဘူး။ နောက်တစ်ခု စာရိတ္တ၊ ရသ နဲ့ ဗဟုသုတ စာပေတွေဆိုတာ မနေ့ကပြောသလို မရှိမဖြစ် multivitamin ဖြည့်စွက်စာတွေပါ။
ဒါကြောင့်လည်း သင်ရိုးတွေဟာ တကယ့် စာအုပ်ကြီးတစ်အုပ်ရဲ့ မာတိကာမျှသာ ပဲလို့ ဆိုကြတာပါ။ တကယ့် အရည်ချင်းပြည့်တဲ့ စာသင် ဆရာတွေက စာသင်ကြရတဲ့အခါ သင်ရိုးထဲက သင်ခန်းစာကို မှီငြမ်းရုံ၊ Reference ယူရုံပဲ ယူကြပြီး ကိုယ်ပိုင်ဟန်နဲ့ အပြင်က update ဖြစ်တဲ့ Reference တွေ, Resource နဲ့ သမိုင်းအထောက်အထား အချက်အလက် တွေ ယူကာ ကိုယ်ပိုင် Lesson Plan တည်ဆောက်ယူပြီး သင်ကြရတယ်။
တ ချို့မိဘတွေ က စာအုပ်ထဲက Unit (သို့) Lesson တွေ အတိုင်း ၏/သည် မလွဲ သင်မှ၊ ကုန်မှ သင်ရိုးပြီးတယ်၊ သူတို့ကလေးတွေ တတ်တယ်ထင်ကြတယ်။ ပညာရေးစနစ်ကောင်းတဲ့နိုင်ငံကြီးတွေမှာ သင်ရိုးတွေဟာ အညွှန်းသက်သက်သာ ထားကြပြီး ဆရာတွေက လိုသလို ဖြည့်စွက်ပေါင်းစပ်သင်ကြတယ်။ ဒါကြောင့် အတန်းကြီးလာလေလေ စာကြည့်တိုက်က ကိုယ့်ရဲ့ ဒုတိယ အိမ်လို ဖြစ်လာကြတယ်။
တကယ့်တကယ်လည်း စာဖတ်အားကောင်းတဲ့သူနဲ့ စာမဖတ်တဲ့သူက အပြင်မှာ (လက်တွေ့ဘဝတွေမှာ) အရမ်းကွာကြတယ်။ လူအုပ်ကြီးထဲ ရောက်လာလေလေ၊ စာပေ ကြွယ်ဝတဲ့သူက ထင်ပေါ်လေလေပါပဲ။
ခုညွှန်းတဲ့စာအုပ်တွေဟာ ကလေးတွေ အတွက် စာဖတ်ဝါသနာကို အစပြုမယ့် စာအုပ်တွေ ဖြစ်သလို၊ သူတို့ရဲ့ အရွယ်၊ အတွေးအခေါ်နဲ့ ဉာဏ်ရည်ပေါ်မူတည်ပြီး ညွှန်းထားပါတယ်။ လောလောဆယ် ညွှန်းထားတဲ့စာအုပ်တွေ က ကမ္ဘာမှာ ကလေးအများစု ဖတ်ကြတဲ့ ရောင်းအားအကောင်းဆုံး စာအုပ်ကောင်းတွေ ဖြစ်ကြသလို၊ ရသ၊ ဗဟုသုတ နဲ့ ကလေးရဲ့ အရွယ် နဲ့လိုက်ဖက်မယ့် စဉ်းစားတွေးခေါ်မှုတွေ တိုးတက်လာပါလိမ့်မယ်။ ဒီကနေ သူတို့အရွယ်ပေါ်မူတည်ပြီး အသစ်သစ်သော စာအုပ်စာပေ နဲ့ နည်းပညာ ဗဟုသုတတွေ သူတို့ဘာသာရွေးချယ်ပြီး ထပ်ဖတ်သွားကြပါလိ့မ်မယ်။
အလျဉ်းသင့်ရင် နောက်ပိုင်းထွက်တဲ့စာအုပ်တွေ ထပ်ညွှန်းပါအုံးမယ်။
မနေ့က အရွယ်လိုက် Primary အထိ ဖတ်သင့်တဲ့စာအုပ်တချို့ကို ညွှန်းခဲပါတယ်။
ဒီနေ့တော့ အသက်(၁၂ )နှစ်ကနေ (၁၄)နှစ်ကြား (Early Teens တွေ) ဖတ်သင့်တဲ့စာအုပ်တွေ နည်းနည်း ညွှန်းပါမယ်။
၁)
“The Hunger Games” series by Suzanne Collins
ဒီစာအုပ်တွေက ပါဝါအာဏာ၊ မတူညီကွဲပြားမှု နဲ့ ရှင်သန်မှုဆိုင်ရာ အကြောင်းရာတွေကို လူအသိုင်းအဝိုင်းဝန်းကျင်ကို အခြေခံပြီး တင်ပြထားတဲ့ စာအုပ်ကောင်းတွေ ဖြစ်တဲ့အတွက် သားတွေသမီးတွေကို ရသစုံပေးနိုင်ပါတယ်။
၂)
“The Diary of a Young Girl” – Anne Frank
သမိုင်းဆိုင်ရာ တွေ၊ စိတ်ခံစားမှုဆိုင်ရာ အတိမ်အနက် နဲ့ စာနာမှု၊ နားလည်မှု စတာတွေ ဖေါကြူးထားတဲ့ ဒိုယာရီ ပုံစံဖွဲ့နွဲ့ရေးထားတဲ့ စအုပ်ကောင်း တစ်အုပ်ပါ။ စာအရေးသားတွေ ထိမိလှပသလို၊ ဒုတိယကမ္ဘာစစ်ရဲ့ သားကောင်တစ်ယောက်ဖြစ်ခဲ့တဲ့ Anne Frank ဟာ သူမ စကားတွေ၊ သူမ ရှင်သန်လွတ်မြောက်ခဲ့ရတဲ့နေ့စဉ်မှတ်တမ်းမှတ်ရာတွေက သမိုင်းအထောက်အထား တစ်ခုလို ထင်ကျန်ရစ်ခဲ့တယ်။
၃)
“Holes” by Louis Sachar
ဒီဇာတ်ကြောင်းလေးက ရွေးချယ်မှုရဲ့နောက်ဆက်တွဲ ရလာဒ်နဲ့ အတူ ကံကြမ္မာ နဲ့ အလှည့်အပြောင်းတွေရဲ့ အကျိုးဆက်တွေကို သင်ပေးတယ်။ ပြီးတော့ ခင်မင်ရင်းနှီးမှု အရေးပါမှုကိုလည်း သင်ပေးတယ်။
New York Times ရဲ့ ရောင်းအား အကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့သလို၊ တခြား award များစွာ ရထားတဲ့စာအုပ်ကောင်းတစ်အုပ်လည်းဖြစ်ပါတယ်။
၄)
“To Kill a Mockingbird” by Harper Lee
လူမျိုးရေးခွဲခြားမှု၊ တရားမမျှတမှု နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်ကြံမှု တို့ကို ဖေါ်ကြူးထားပြီး၊ သူငယ်ချင်း နဲ့ မိသားစုတွေကြားက ပြဿနာတွေကို သင်ကြားပေးတယ်။ အရွယ်ရောက်ခါစ သားငယ်သမိးငယ် တွေအတွက် ဖတ်ဖို့ အသင့်တော်ဆုံးပါ။
ထပ်ဖတ်သင့်တဲ့စာအုပ်တွေ
“Divergent” trilogy by Veronica Roth (စီးရီး အတွဲလိုက်)
“The Maze Runner” series by James Dashner (စီးရီး အတွဲလိုက်)
“The Giver” quartet by Lois Lowry (စီးရီး အတွဲလိုက်)
“A Wrinkle in Time” by Madeleine L’Engle and its sequels
“The Book Thief” by Markus Zusak
အသက် ၁၅ နဲ့ အထက် ထပ်ပြီးညွှန်းပါမယ် . .
ကျေးဇူးတင်ပါတယ်။
#soenaingedusn2024