GCSE နဲ့ GED ဘာကွာတာလဲ ခဏခဏ မေးတဲ့ မိဘတွေ အတွက် ရှင်းအောင် ပြောပြချင်ပါတယ်။ GCSE ဆိုတာ ယူကေ (England, Wales, Northern Ireland) Education Systemပါ။ General Certificate of Secondary Education ဆိုပြီး Secondary School ပြီးဆုံးကြောင်း အသိမှတ်ပြုတဲ့ စာမေးပွဲ။ GCSE O level ပြီးရင် တချို့ကောလိပ်ကျောင်းတွေက လက်ခံပေမယ့် တချို့က GCSE A Level ဆိုပြီးထပ်တက်ရပါသေးတယ်။ တချို့ကြတော့လည်း University Foundation ဆိုပြီးတက်ရလေ့ရှိပါတယ်။ GED က ယူအက်စ် ရဲ့ ပညာရေးစနစ်။အရှည်ကောက်က General Education Development, GED ပြီးရင် အထက်တန်းပြီးတယ်လို့ သတ်မှတ်တဲ့အတွက် ယူအက်စ် နဲ့ ကနေဒါ ကောလိပ်, တက္ကသိုလ်တွေ အများစု မှာ တက်ရောက်နိုင်ပါတယ်။ ခြုံပြောရရင် GCSE က ယူကေ အသိမှတ်ပြု ယူကေနဲ့ချိတ်ထားတဲ့ နိုင်ငံတကာကျောင်းတွေက လက်ခံပါတယ်။ နိုင်ငံတွေနဲ့ ပြောရရင် Australia, Canada, Germany, India, New Zealand, Ireland, Singapore, Netherlands, Thailand, UK, USA, Africa စတဲ့နိုင်ငံတွေပဲ ဖြစ်ပါတယ်။ GED က အမေရိကန်, ကနေဒါ မှာရှိတဲ့ ကောလိပ်, တက္ကသိုလ် အများစုက လက်ခံပါတယ်။ ခု နောက်ပိုင်းတော့ ထိုင်း, ယူအေအီး, အာဖရိက နဲ့ တချို့နိုင်ငံတွေ လက်ခံလာပါတယ်။ GED မှာ အများအားဖြင့် Subjects လေးခုပဲ ဖြေရပြီး, IGCSE မှာတော့ (၈) ခုက နေ ၁၀ ခု အထိ ဖြေနိုင်ပါတယ်။ သေချာရှင်းအောင် ပြန်ပြောရရင်, GCSE မှာ O level (Year 10-11) နဲ့ A level (Year 12) ဆိုပြီး ရှိပါတယ်။ A Level အထိ ပြီးရင်တော့ တက္ကသိုလ်ကောင်းတွေ ရွေးချယ်ရတာ ပိုလွယ်ပါတယ်။ GED (ယူအက်စ်) လည်း ဒီလိုပါပဲ။ GED တစ်ခုတည်းပြီးရင် ရလားဆိုတော့ ရပါတယ်။ ဒါပေမယ့် Ivy League လိုမျိုးကျောင်းကြီးတွေ တက်ချင်တယ်, Ranking မြင့်တဲ့ ကျောင်းတွေ လျှောက်ချင်တယ်ဆိုရင်တော့ SAT သို့မဟုတ် ACT လိုမျိုး စာမေးပွဲတွေ ထပ်ဖြေဖို့ လိုအပ်ပါမယ်။ ဆက်ပါအုံးမယ်။