ကလေးက အသက် ၁၇ ထဲမှာ၊ ဆယ်တန်းပြီးပြီ၊ iGCSE ပြီးပြီ၊ GED ပြီးပြီ ဆိုတဲ့ ကိုယ်နဲ့နိီးစပ်တဲ့ အဆင်ပြေတဲ့ မိတ်ဆွေ မိဘတွေကို ခဏခဏတိုက်တွန်းမိပေမယ့် (သူများတွေက A level ပြီးမှဆိုလို့ဆရာတဲ့) ခုတော့ ဆရာပြောကတည်းက ထွက်လိုက်ရင် ဆိုတာမျိုးတွေ ငြီးလာကြတယ်။
အခြေနေက ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရနေလို့၊ တိိတ်တိတ်လေးပြောခဲ့ပေမယ့် မမြင်ကြတဲ့သူတွေ ရှိတယ်။
IGCSE သိုမ့ဟုတ် GED သို့မဟုတ် မြန်မာဆယ်တန်းပြီးတာနဲ့ အနီးစပ်ဆုံး ထိုင်း ကျောင်းတွေ ဈေး အရမ်းသက်သာပါတယ်။ ကိုယ့်နိုင်ငံထဲက တချို့ ကောလိပ်ကျောင်းတွေနဲ့ ဈေးအတူတူလောက်ပါပဲ။ ပြီးတော့ ထိုင်းဆိုရင် စားစရိတ်နဲ့ နေစရိတ်က ကိုယ့်ရန်ကုန်လောက်ပဲ ရှိတာ။
ခုတလော ယူအက်စ်ဘက်ကလည်း ကျောင်းတွေ student visa တွေ ရနေကြတာများတယ်။ တခါနဲ့ မရရင် ၂ ခါသုံးခါ try ကြဖို့ အကြံပေးဖြစ်တယ်။ iGCSE, မြန်မာဆယ်တန်း၊ GED, undergrads အကုန်ရပါတယ်။ နည်းလမ်းမှန်မှန်၊ စာရွက်စာတမ်းပြည့်စုံရင် ရနိုင်ခြေ များပါတယ်။
အကောင်းဆုံးက အရွယ်ရောက်လာတဲ့သားတွေ သမီးတွေကို ပညာရေးနဲ့ ပတ်သက်ရင် ပြည်တွင်းထက် ပြည်ပလမ်းကျောင်းက ခုရော နောင်ရော လမ်းကြောင်းမှားစရာ အကြောင်းမရှိဘူးဆိုတာ ပြောရဲပါတယ်။
အဝေးကြီးကို စိတ်မချဘူးဆိုတဲ့မိဘတွေက ကိုယ့်အနားမရောက်လာသေးတဲ့ တောမီး မကြောက်သလို ဖြစ်နေတယ်။ နိုင်ငံကြီးတွေ မရလည်း ကျောင်းတက်လို့ရဖို့ နဲ့ အတွေ့ကြုံရဖို့ အရေးကြီးပါတယ်။ ဝေးလို့ စိတ်မချတာကလွဲရင် အနည်းဆုံးတော့ ကိုယ့်နေရာထက် ပိုလုံခြုံတယ် ဆိုတာလေး ထည့်တွက်စေချင်တယ်။
အားလုံးဘေးကင်းလို့ ဉာဏ်နဲ့ယှဉ်ပြီး နေထိုင်နိုင်ကြပါစေ။