အလုပ်တွေလုပ်တဲ့ အခါ နောက်တစ်ခု အရေးကြီးတာက Personal Branding တည်ဆောက်ခြင်းပါပဲ။ ကိုယ့်လုပ်ငန်းအတွက် အထောက်အကူပြုသလို၊ ကိုယ့်ဝန်းကျင်ကို လည်း ဩဇာ လွှမ်းမိုးပြီးသားဖြစ်စေတယ်။ တချို့က ကိုယ့် ဆိုရှယ်မီဒီယာကို တွေ့ကရာတွေ တင်တယ်။ ဓါတ်ပုံလေးတင်တာက အစ သတိထားရမယ်။ အလင်းအမှောင်, နဲ့ နောက်ခံ ရှင်းလင်းသပ်ရပ်ဖို့လိုသလို၊ တချို့ မလိုအပ်တဲ့ ဖေါ်ပြ မှုမျိုး နဲ့ ကိုယ့်ကို အထင်သေးစေမယ့် အတွင်းရေးမျိုး ထည့်သွင်း ရေးသားတာ, ပုံတင်တာမျိုးက ကိုယ့်ရဲ့ တကိုယ်ရည် အရည်အချင်းနဲ့ သိက္ခါကို အထင်မြင်သေးစေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာဟာ ဒီနေ့ခေတ်မှာ လူတွေရဲ့ ပြင်ပ စရိုက်တွေကို လွယ်လွယ်မြင်တွေ့စေတယ်။ လူတစ်ယောက်ရဲ့ စိတ်နေ စိတ်ထား၊ ဟန်ပန်အမူအယာ၊ အလုပ်အကိုင် နဲ့ ပညာအတွေ့အကြုံတွေ ခန့်မှန်းလို့ရနိုင်လာတယ်။ နောက်တစ်ခု အဆိုးဆုံးက စိတ်ခံစားမှုပဲ။ ဘာအကြောင်းပြောပြော၊ ဘာပဲလုပ်လုပ် စိတ်ခံစားမှုကို ရှေ့တန်းတင်ရင်လည်း မလိုလားအပ်တဲ့ အလွဲတွေနဲ့ အပျက်သဘောဘက်တိမ်းသွားစေမယ့် တန်ပြန်တုံ့ပြန်မှုမျိုးတွေ ပြန်ရတတ်တယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင် တံဆိပ်တစ်ခုပဲ ဖြစ်နေရမယ်။ ဘာပဲလုပ်လုပ် (ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်, တခြားသူများလုပ်ငန်းပဲဖြစ်ဖြစ် ) ကိုယ်ကိုယ်တိုင်က ထုတ်ကုန်လိုသဘောထားပြီး ကိုယ့်တံဆိပ်ကို ကိုယ့်ဘာသာတန်ဘိုးထား လုပ်ဆောင်ရမယ်။ ဒါမှ သာ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်တံဆိပ်က တန်ဘိုးရှိတဲ့ တံဆိပ်တစ်ခု ဖြစ်သွားမယ်။ Personal Branding တည်ဆောက်တဲ့အခါ ၁) အခက်အခဲတွေကို ခံနိုင်ရည်ရှိရမယ်။ ၂) အောင်မြင်မှုဖြစ်ဖြစ်၊ ကျဆုံးမှုဖြစ်ဖြစ် တည်ငြိမ်စွာ ဖြတ်သန်းနိုင်ရမယ်။ ၃) အပြုသဘောနဲ့ တွေးမြင် လုပ်ကိုင်တတ်ရမယ်။ ၄) ကိုယ့်ကိုဝေဖန်လာမှုတွေကိုလည်း ကြိုဆိုနိုင်ရမှာဖြစ်သလို၊ အပြုသဘောနဲ့ သာ တုန့်ပြန်နိုင်ရမယ်။ ၅) စိတ်စေတနာ ကောင်းနဲ့ ကိုယ့်အလုပ်ကို ကျွမ်းကျင်အောင်၊ အများအတွက် စံပြဖြစ်အောင် ကြိုးစားအားထုတ်ရမယ်၊ ၆) ကိုယ်ပြောချင်တဲ့ အကြောင်းရာတိုင်း အများအတွက် အကျိုးရှိစေမယ့် နည်းလမ်းကို ရွေးချယ်ရမယ်။ (တစ်ဦးတစ်ယောက်တည်းကို ဦးတည်းပြီး ထိုးနက်ရေးသားတာမျိုး၊ ရန်တွေ့တာမျိုး ရှောင်ရမယ်) ကိုယ်ကိုယ်တိုင်က တံဆိပ်ကောင်းဖြစ်နေရင် ဘာပဲလုပ်လုပ်, အောင်မြင်တဲ့ Career သို့မဟုတ် Business တစ်ခုပါပဲ။ ဆက်ပါအုံးမယ်။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024