အင်တာနေရှင်နယ်စကူးလ်တက်နေတဲ့ မိဘတစ်ယောက်က starter, mover တွေ တက်ထားဖို့လိုသလား လို့ မေးတယ်။ဘာလုပ်ဖို့လဲ လို့မေးတော့ မသိဘူး သူများတွေ တက်နေတော့ လိုအပ်မလားလို့ မေးကြည့်တာတဲ့။ 🙂International School တွေမှာ သင်တာလည်း Cambridge ပါပဲ။ Starter, Mover, Flyer(YLE) ဆိုတာ လည်း Cambridge ပဲ။ YLE (Young Learner English) က အသက် ၇ နှစ်ကနေ ၁၂ နှစ်၊ KET က အသက် (၁၂-၁၃)၊ PET က (အသက် ၁၃-၁၄) စသဖြင့် Cambridge စာမေးပွဲတွေ ရှိကြတယ်။ ကျန်သေးတယ် အသက်အလိုက်၊ CAE တို့ CPE တို့။ ဒါတွေ ဘာလို့ ဖြေဖို့လိုသလဲ၊ အကယ်၍ ကိုယ့်သားမီးက မြန်မာကျောင်းပဲ တက်တယ်ဆိုပါစို့။ အင်္ဂလိပ်စကားပြောတဲ့ ပြည်ပကို မိသားစုလိုက် အခြေချနေထိုင်တော့မယ်ဆိုရင် ကလေးရဲ့ ဘာသာစကား အရည်အချင်းအတွက် အသိမှတ်ပြုတာမျိုး လိုမယ်။ ဒါကလည်း လုံလောက်သလားဆိုတော့ မရသေးဘူး။ ကိုယ်တက်ခဲ့တဲ့ ကျောင်းက အထောက်အထားလိုတယ်။ ဘာသာစကား တစ်ခုတည်းတတ်တာနဲ့ ပြည်ပရောက်လို့ တွေ့တဲ့ကျောင်းအပ်လို့မှ မရတာ။ အဲလိုဆိုရင် အင်္ဂလိပ်လူမျိုးအကုန်လုံး ဘွဲ့မရတဲ့သူရှိပါ့မလား။ပြောချင်တာ မရောက်မှာစိုးလို့။ YLE တက်ဖို့လိုသလားမေးရင် ဘာလုပ်ဖို့လဲ အရင်မေးရလိမ့်မယ်။ ၁) အင်္ဂလိပ်စာ၊ စကား ကျွမ်းကျင်စေချင်လို့လား၂) ပြည်ပရွှေ့ပြောင်းဖို့ရှိသလား၃) ကလေးကို အောင်လက်မှတ်တွေ တသီကြီးရထားချင်လို့လားဘယ်လိုပဲဖြစ်ဖြစ် အင်တာနေရှင်နယ်စကူးလ်တက်နေတဲ့ ကလေးအတွက် မလိုဘူး။ အချိန်ကုန်တယ်။ ကလေးပင်ပန်းတယ်။ ကျောင်းမှာလည်း Cambridge, Pearson|Edexcel English သင်ကြတာပဲ။ အတူတူပဲ။ဘာသာစကား အနေနဲ့ ကလေးကို အင်္ဂလိပ်စကား၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်စေချင်လို့ ဆိုတာ ကို မငြင်းလိုပါဘူး။ ဒါပေမယ့် အောင်လက်မှတ်တွေ လိုချင်တာနဲ့ အချိန်မအားအောင် သင်ယူတာမျိုး အားမပေးဘူးပြောတာ။ အင်္ဂလိပ်စကားပြောတတ်စေချင်ရင် စကားပြောတဲ့ ဝန်းကျင်ကို ဖန်တီးပေဖို့လိုတယ်။ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာပေတွေေ များများဖတ်ခိုင်းရမယ်၊ အလေ့အကျင့်က အကောင်းဆုံးဆရာပဲ။ ကုန်ကုန်ပြောရရင် ဆယ်တန်းပြီးမှ IELTS တက်၊ ပြောတတ်ရေးတတ်အောင်ကျင့်၊ 6.5 အနည်းဆုံးရအောင် စာမေးပွဲဖြေ ဒါဆိုလည်း ပြည်ပကျောင်းတက်လို့ရတာပဲ။ ကလေးအတွက် အချိန်တွေ အားနေတာများနေရင်တော့ ဘာဖြစ်ဖြစ် သင်ထားတာ မမှားပေမယ့်၊ ကျောင်းတွေ ခွတက်၊ သင်တန်းတွေ မနားမနေ တစ်ခုပြီးတစ်ခု ပေးတက်နေမယ်ဆိုရင် ကလေးက ဖိအားတွေနဲ့ လောကကိုသူ့ဘာသာ ခြေချတဲ့ အချိန်ရောက်တဲ့ အထိ ငယ်ငယ်က ဖိအားကြီးက သူ့ကို တစ်သက်လုံးခြိမ်းခြောက်နေလိမ့်မယ်။ကိုယ်တွေတောင် အသက် ၅၀ နားနီးလာပေမယ့် ဆယ်တန်းစာမေးပွဲအိပ်မက်က မပြီးနိုင်သေးဘူး။ စိတ်ဖိစီးမှုတွေ ဘယ်လောက်များခဲ့သလဲ အဲဒါသာကြည့်။ပညာရေး တိုးတက်တဲ့နိုင်ငံတွေမှာ stress ကို လျှော့ချဖို့ကြိုးစားနေကြတယ်။ ကလေးတွေကို စာသင်ချိန်တွေလျှော့ပြီး၊ အိမ်စာမပေးရဘူးဆိုတဲ့ စည်းကမ်းတွေထုတ်လာကြတာ အလကားမဟုတ်။ ဖင်လန်နိုင်ငံ၊ ဆွစ်ဇာလန်၊ ဒိန်းမတ် နိုင်ငံတွေရဲ့ ပညာရေးစနစ်တွေဟာ ဒါကြောင့်ပဲ ထိပ်တန်းရောက်ပြီး၊ နာမည်ကြီးလာတယ်။စာသင်ချိန်တွေကို တစ်နေ့ (၄)နာရီထက် ပိုမထားသလို၊ ကလေးတွေကို လွတ်လပ်စွာ တွေးခေါ်ခိုင်းတယ်။ အိမ်ပြန်ရင် စာအုပ်တွေပါရင်တောင် အိမ်စာထည့်မပေးလိုက်တဲ့ လွတ်လပ်မှုနဲ့ စိတ်ပေါ့ပါးစေအောင် လေ့ကျင့်ကြတယ်။ ဒါကြောင့်သူတို့နိုင်ငံတွေဆီက ကလေးတွေက အမေရိကန် ၊ ဂျပန်တို့ဆီက ကလေးတွေထက် အတွေးအခေါ်ဉာဏ်ရည်နဲ့ ဖြေရှင်းနိုင်စွမ်းက ထိပ်တန်းရောက်နေကြတယ်။ ကလေးတွေကို လွတ်လပ်စွာ သင်ယူနိုင်အောင် ကျင့်ပေးကြပါ။ သူတို့ကိုယ်ပိုင်အချိန်လေးတွေ ဖြစ်အောင် ဖန်တီးပေးပါ။ တနေ့တနေ့ ဆော့ချိန်၊ နားချိန်၊မိဘ သူငယ်ချင်းနဲ့ စကားပြောချိန်၊ လည်ပတ်ချိန်လေးတွေ ဘယ်လောက်ရသလဲ စီစဉ်ပေးနိုင်ပါစေ။ဘဝမှာ တကယ့်အောင်မြင်မှုအစစ်ဆိုတာ စိတ်ဖိစီးမှု မရှိဘဲ ပေါ့ပါးလွတ်လပ်စွာ နေထိုင်ခြင်းဆိုတာကို မမေ့ဖို့ အရေးကြီးပါတယ်။ဆက်ပါအုံးမယ်