ဒီလိုကာလမှာ US Visa ဆိုပြီး ဇွတ်အတင်း လျှောက်နေတဲ့ မိတ်ဆွေတွေ တွေ့ဖူးတယ်။ တချို့ကလည်း ကလေးကို ကျောင်း ဗီဇာ လျှောက်ပေးပြီး မိဘက လိုက်ဖို့ ကြိုးစားကြတာလည်း ရှိတယ်။ ဒီနည်းလမ်းဟာ မလိုအပ်ဘဲ ပိုက်ဆံကုန်နိုင်သလို, ကြားပွဲစားတွေရဲ့ အကြိုက်ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဘက်က မပြည့်စုံရင် ဘာမှ မရနိုင်သလို, လိုအပ်တဲ့ Requirement တွေ သိဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့, လိုပါတယ်။ ယူအက်စ်ကို တိုက်ရိုက်မသွားခင်, အကောင်းဆုံးက ပြည်ပသွားဖူးတဲ့ ဟစ်စရီ ရှိရင် ပိုကောင်းသလို, မနေ့က ပြောသလို ကိုယ့်ဘက်က ကိုယ်ပိုင်လုပ်ငန်း (ကုမ္ပဏီ)ပြနိုင်ရပါမယ်။ အနည်းဆုံး ကုမ္ပဏီဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၅၀၀၀၀ (သိန်းတစ်ထောင်ကျပ်) နဲ့ ညီတဲ့ Deposit ရှိထားဖို့လိုသလို, မြန်မာပြည်မှာ ခိုင်မာတဲ့ အိမ်ခြံမြေ(properties) တစ်ခုခု ပြနိုင်ရပါမယ်။ ဒီနေရာမှာ တစ်ခု ကြိုပြောချင်တာက ယူအက်စ်ကို ရေရှည်နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ယူအက် စ် တိုက်ရိုက် မလျှောက်ပါနဲ့။ ကြားထဲက ရနိုင်တဲ့ နိုင်ငံကြီးတွေကို အရင် သွားပါ။ ကြားထဲမှာ လိုအပ်တဲ့ Documents တွေပြင်ဆင်ထားပါ။ ဥပမာ ပြည်ပမှာ ဘဏ်အကောင့် သွားဖွင့်တာမျိုး။ ဘဏ်အကောင့်ဖွင့်ဖို့ လွယ်တဲ့နိုင်ငံတွေက ထိုင်း, င်္စကာပူ, ယူအေအီး။ ပြည်ပ ဘဏ်အကောင့်ဖွင့်တာက ဗီဇာ ရဖို့ ပိုအားသာပါတယ်။ ဘဏ်အကောင့်ဖွင့်ရင် Personal, Company နှစ်မျိုးဖွင့်ဖို့ကြိုးစားပါ။ လိုအပ်တဲ့ Document တွေပြည့်စုံပြီဆိုရင် လည်း နားလည် တတ်ကျွမ်းတဲ့ အေးဂျင့် သို့မဟုတ် ပြည်ပသွားဖူးတဲ့သူတွေကို သေချာမေးမြန်းပြီးမှ ဗီဇာ တင်သင့်ပါတယ်။ ဗီဇာလျှောက်ထားတဲ့ အခါ (သတိထားရမယ့် အဆင့်တွေ) ၁) Financial Statement ဘဏ္ဌာရေးပိုင်း တောင့်တင်းရမယ်။ ၂) Income ဝင်ငွေ ပြတဲ့ အခါ Bank Deposit (Balance) တွေနဲ့ ယုတ္တိရှိရှိ တင်ပြဖို့လိုပါတယ်။ ဥပမာ ကိုယ်က တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၀၀၀၀ လို့ ပြောပြီး ဘဏ်ထဲမှာ သိန်း ၃၀၀၀ (ဒေါ်လာ တစ်သိန်းခွဲခန့်) လောက်ရှိနေရင်လည်း အပယ်ခံရတတ်ပါတယ်။ ဝင်ငွေနဲ့ ဘဏ်ထဲက လက်ကျန် ယုတ္တိရှိဖို့ သိပ်မကွာဖို့အရေးကြီးပါတယ်။ ၃) ကျောင်းသားဗီဇာနဲ့ မိဘ ရဖို့ သိပ်ခက်ပါတယ်။ အထူးသဖြင့် Community College လိုမျိုး လျှောက်ပြီး ယူအက်စ်ကို ဝင်ဖို့ ဆို ပိုမလွယ်ပါဘူး။ ၄) တခြား အရင်ဆုံး ဥရောပလိုမျိုးနိုင်ငံတွေကို သွားလည်လို့ရအောင် စဉ်းစားပါ။ ဒီအဆင့်လေးဆင့်ကို နားလည်ရင် ယူအက်စ်လို နိုင်ငံတွေကို ဝင်ဖို့ အဆင်ချောစေနိုင်ပါတယ်။ ယူကေ ကို အလည်အပတ်ဗီဇာ ရခဲ့ရင်လည်း ယူကေမှာ Residence Visa လျှောက်ဖို့ လွယ်နိုင်သလို၊ လျှောက်မယ့် ကုန်ကျစရိတ်က ဒေါ်လာ ၂၅၀၀၀ ဝန်းကျင် နဲ့ရနိုင်ပါတယ်။ UK Residency ရခဲ့ရင် Free Education, Free Health care, လိုမျိုးတွေ ခံစားခွင့်ရှိပါတယ်။ ဒါက သိန်း ၂၀၀၀ ဝန်းကျင်နဲ့ ရှိရုံနဲ့ ပြည်ပ အခြေချနိုင်မယ့်နည်းလမ်းကို ပြောတာပါ။ ဒီထက် ပိုတတ်နိုင်ရင်တော့ Second Passport ကို အားပေးပါတယ်။ မြန်မာပြည်ရဲ့ အဓိက ပြဿနာက မြန်မာ Passport ပါ။ နိုင်ငံကြီးတွေက မြန်မာ, မြောက်ကိုးရီးယား နဲ့ အာဖဂန်လို နိုင်ငံတွေကို အဆင့်နိမ့် Passport လို ဆက်ဆံလေ့ရှိပါတယ်။ Passport ကိုကြည့်ပြီး, ဗီဇာ ကန့်သတ်ချက်တွေ များလွန်းပါတယ်။ ဒါကြောင့် ပိုက်ဆံတတ်နိုင်ရင် ပြည်ပကို အပြီးရွှေ့ပြောင်းနေထိုင်မယ်ဆိုရင် Second Passport, Second Citizenship ကို စဉ်းစားစေချင်ပါတယ်။ ပိုက်ဆံပေါရင်တော့ ဒီလိုမျိုး ကိစ္စတွေက အရမ်းလွယ်ပါတယ်။ နည်းလမ်းလေး သိဖို့ပဲ လိုတာပါ။ ဆက်ပါအုံးမယ်။